Saturday 1 June 2019

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕ (ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့)

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕

ႏွစ္စဥ္ လူ ၂၁၉ သန္းေလာက္ကို ေရာဂါရေစၿပီး ေလသိန္းေလာက္ေသေစတဲ့ ငွက္ဖ်ားေရာဂါဆိုတာ အေနာ့ဖီးလစ္ဆိုတဲ့ ျခင္ကသယ္ေဆာင္ေပးတဲ့ Plasmodium ဆိုတဲ့ ကပ္ပါးပိုေၾကာင့္ ျဖစ္တာပါ။
ဆင္းရဲတဲ့ အာဖရိကနဲ႔ အာရွႏိုင္ငံေတြမွာ အျဖစ္မ်ားထဲ့ ငွက္ဖ်ားပိုးဟာ ေငြေၾကးနဲ႔ အသိပညာခ်ိဳ႕တဲ့မႈၾကာင့္ ေဆးေတြကို စနစ္တက်မသုံးႏိုင္ျခင္းရဲ႕ အက်ိဳးဆက္အျဖစ္ လက္ရွိေဆးအားလုံးနီးပါးကို ယဥ္ပါးလို႔ ကုန္ပါၿပီ။
ေဆးသိပၸံပညာရွင္ေတြက အဲဒီပိုးေတြကိုသတ္ဖို႔ ေဆးသစ္ေတြကို ရွိေဖြရသလို ကာကြယ္ေဆးထုတ္လုပ္ဖို႔လည္း က်ိဳးစားေနၾကတာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီးျဖစ္ပါတယ္။
အဲဒီပိုးရဲ႕ ဘဝျဖစ္စဥ္တစိတ္တပိုင္းဟာ အဆိုပါ အေနာ့ဖီးလစ္ ျခင္ထဲမွာ မျဖစ္မေန ေျပာင္းလဲရတာျဖစ္လို႔ ျခင္ကိုက္မခံရေအာင္ကာကြယ္ျခင္းနဲ႔ ျခင္ႏွိမ္နင္းျခင္းတို႔ဟာလည္း ငွက္ဖ်ားေရာဂါ ကူးစက္ျပန္႔ပြားျခင္းမွ ကာကြယ္ေရးမွာ အသုံးဝင္တဲ့ နည္းေတြျဖစ္ပါတယ္။အဲဒီလိုေဆာင္႐ြက္ရာမွာ ျခင္ေဆးျဖန္းျခင္း၊ ေဆးရည္စိမ္ျခင္ေထာင္မ်ား သုံးစြဲေစျခင္းတို႔ျဖင့္ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီးေဆာင္႐ြက္လာရာ အခုအခါ ျခင္ေတြကလည္း အဆိုပါေဆးေတြကို ယဥ္ပါးလာျပန္ပါတယ္။
မေန႔ကေတာ့ အေမရိကန္ႏိုင္ငံ ေမရီလင္းတကၠသိုလ္နဲ႔ အေနာက္အာဖရိကက ဘာကီးနာ ဖါဆို ႏိုင္ငံရွိ IRSS သုေတသနဌာနတို႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ သုေတသနတခုက သတင္းေကာင္းတခုကို ေၾကျငာခဲ့ပါတယ္။
မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ မႈိတမ်ိဳးက ငွက္ဖ်ားျခင္  ၉၉ ရာႏႈန္းကို  ၄၅ ရက္အတြင္း ေသေစႏိုင္ခဲ့တယ္ဆိုတဲ့သူတို႔ရဲ႕ ေတြ႕ရွိခ်က္ကို   Science, ဆိုတဲ့ ဂ်ာနယ္မွာ မေန႔ကေဖၚျပခဲ့တာပါ။
ပညာရွင္ေတြက အေနာဖီလစ္ျခင္ေတြမွာ သဘာဝအေလွ်ာက္ကူးစက္တတ္တဲ့ Metarhizium pingshaense ဆိုတဲ့ မႈိတမ်ိဳးကို ေ႐ြးခ်ယ္ၿပီး မ်ိဳး႐ိုးဗီဇျပဳျပင္နည္းနဲ႔ေျပာင္းလဲေပးလိုက္ပါတယ္။ အဲလိုေျပာင္းလဲအၿပီးမွာေတာ့ အဲဒီမႈိေတြဟာဩစေတးသွ်ႏိုင္ငံမွာေတြ႕ရတဲ့ funnel-web spider ဆိုတဲ့ပင့္ကူရဲ႕ အဆိပ္အျဖစ္ေျပာင္းသြားပါတယ္။
သဘာဝအားျဖင့္ အဆိုပါပင့္ကူမ်ိဳးက အေနာဖိလစ္ျခင္ကို အစြယ္နဲ႔ထိုးၿပီး အဆိပ္ကိုသြင္းသတ္တာပါ။ အဲဒီပင့္ကူကိုက္လို႔ ျခင္ေသရသလိုျဖစ္ေအာင္ သုေတသီေတြက ပင့္ကူအစြယ္အစား Metarhizium မႈိကို သုံးလိုက္တာပါ။
၆၅၀၀ စတုရန္းေပရွိတဲ့ေနရာမွာ ျခင္လုံဇကာ ၂ထပ္ကာၿပီး လူေန႐ြာအတုတခုကို ဖန္တီးထားကာ ျခင္အေကာင္ ၁၅၀၀ ကို စမ္းတယ္ဆိုပါတယ္။ ျပဳျပင္ထားတဲ့ မႈိမ်ိဳးေစ့ေတြကို ႏွမ္းဆီနဲ႔ေရာနယ္ၿပီး ဝါဂြမ္းအခ်ပ္ေတြမွာသုတ္ထားပါတယ္။ ျခင္ေတြက အဲဒီအေပၚကို လာနားလ်င္ မႈိကူးစက္တာခံရၿပီးေသၾကတာပါ။ ၄၅ ရက္အၾကာမွာ အဲဒီ ျခင္ ၁၅၀၀ က ေန ၁၃ ေကာင္ပဲက်န္ေတာ့တာကို ဝမ္းသာစြာေတြ႕ခဲ့ရတာပါ။ ဒီသုေတသနက အဲဒီျခင္ေတြကို မ်ိဳးတုန္းေအာင္လုပ္ဖို႔မဟုတ္ဘဲ ငွက္ဖ်ားတိုက္ဖ်က္ေရးကိုသာဦးတည္တာဆိုပါတယ္။
အခုထိေတြ႕ရွိခ်က္ေတြအရကေတာ့ အဲဒီ မႈိမ်ိဳးက အေနာဖိလစ္ျခင္အမ်ိဳးအစားကိုပဲကူးစက္တာျဖစ္ၿပီး  တျခားအင္းဆက္ပိုးေတြကို ( အထူးသျဖင့္ပ်ားေကာင္မ်ား)လုံးဝဒုကၡမေပးဘူးဆိုပါတယ္။ ဒီနည္းကို  လက္ေတြအသုံးမျပဳခင္ သဘာဝသက္ရွိ အေကာင္နဲ႔ အပင္ေတြကို ေဘးမျဖစ္ေၾကာင္းေသခ်ာေအာင္ ေလ့လာစိပ္သပ္တင္ျပရဦးမွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာငွက္ဖ်ားေပါတဲ့ ျမန္မာႏိုင္ငံေတာင္ေပၚေဒသမွာ ေနထိုင္သူေတြအတြက္ ေတာ့သတင္းေကာင္းတခုပါ။
မႏွစ္ကလည္းဩစေတးသွ်ႏိုင္ငံမွာ လုပ္ေနတဲ့ သူေတသနက ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ကို ျပန္႔ပြားေစတဲ့ ေအးဒီးစ္ (Aedes) ျခင္ေတြကို ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးဘားပိုးတမ်ိဳး ထည့္သြင္းေပးျခင္းျဖင့္ အဲဒီျခင္ေတြရဲ႕ ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေအာင္ တားဆီးႏိုင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။
ဖိုးသုည
02-06-19


ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့ (ယူနီကုဒ်)

နှစ်စဉ် လူ ၂၁၉ သန်းလောက်ကို ရောဂါရစေပြီး လေသိန်းလောက်သေစေတဲ့ ငှက်ဖျားရောဂါဆိုတာ အနော့ဖီးလစ်ဆိုတဲ့ ခြင်ကသယ်ဆောင်ပေးတဲ့ Plasmodium ဆိုတဲ့ ကပ်ပါးပိုကြောင့် ဖြစ်တာပါ။
ဆင်းရဲတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ အဖြစ်များထဲ့ ငှက်ဖျားပိုးဟာ ငွေကြေးနဲ့ အသိပညာချို့တဲ့မှုကြာင့် ဆေးတွေကို စနစ်တကျမသုံးနိုင်ခြင်းရဲ့ အကျိုးဆက်အဖြစ် လက်ရှိဆေးအားလုံးနီးပါးကို ယဉ်ပါးလို့ ကုန်ပါပြီ။
ဆေးသိပ္ပံပညာရှင်တွေက အဲဒီပိုးတွေကိုသတ်ဖို့ ဆေးသစ်တွေကို ရှိဖွေရသလို ကာကွယ်ဆေးထုတ်လုပ်ဖို့လည်း ကျိုးစားနေကြတာ ဆယ်စုနှစ်များစွာကြာပြီးဖြစ်ပါတယ်။
အဲဒီပိုးရဲ့ ဘဝဖြစ်စဉ်တစိတ်တပိုင်းဟာ အဆိုပါ အနော့ဖီးလစ် ခြင်ထဲမှာ မဖြစ်မနေ ပြောင်းလဲရတာဖြစ်လို့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်နှိမ်နင်းခြင်းတို့ဟာလည်း ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရေးမှာ အသုံးဝင်တဲ့ နည်းတွေဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ခြင်ဆေးဖြန်းခြင်း၊ ဆေးရည်စိမ်ခြင်ထောင်များ သုံးစွဲစေခြင်းတို့ဖြင့် ဆယ်စုနှစ်နဲ့ ချီပြီးဆောင်ရွက်လာရာ အခုအခါ ခြင်တွေကလည်း အဆိုပါဆေးတွေကို ယဉ်ပါးလာပြန်ပါတယ်။
မနေ့ကတော့ အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ်နဲ့ အနောက်အာဖရိကက ဘာကီးနာ ဖါဆို နိုင်ငံရှိ IRSS သုတေသနဌာနတို့ပူးပေါင်းဆောင်ရွက်နေတဲ့ သုတေသနတခုက သတင်းကောင်းတခုကို ကြေငြာခဲ့ပါတယ်။
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မှိုတမျိုးက ငှက်ဖျားခြင်  ၉၉ ရာနှုန်းကို  ၄၅ ရက်အတွင်း သေစေနိုင်ခဲ့တယ်ဆိုတဲ့သူတို့ရဲ့ တွေ့ရှိချက်ကို   Science, ဆိုတဲ့ ဂျာနယ်မှာ မနေ့ကဖေါ်ပြခဲ့တာပါ။
ပညာရှင်တွေက အနောဖီလစ်ခြင်တွေမှာ သဘာဝအလျှောက်ကူးစက်တတ်တဲ့ Metarhizium pingshaense ဆိုတဲ့ မှိုတမျိုးကို ရွေးချယ်ပြီး မျိုးရိုးဗီဇပြုပြင်နည်းနဲ့ပြောင်းလဲပေးလိုက်ပါတယ်။ အဲလိုပြောင်းလဲအပြီးမှာတော့ အဲဒီမှိုတွေဟာဩစတေးသျှနိုင်ငံမှာတွေ့ရတဲ့ funnel-web spider ဆိုတဲ့ပင့်ကူရဲ့ အဆိပ်အဖြစ်ပြောင်းသွားပါတယ်။
သဘာဝအားဖြင့် အဆိုပါပင့်ကူမျိုးက အနောဖိလစ်ခြင်ကို အစွယ်နဲ့ထိုးပြီး အဆိပ်ကိုသွင်းသတ်တာပါ။ အဲဒီပင့်ကူကိုက်လို့ ခြင်သေရသလိုဖြစ်အောင် သုတေသီတွေက ပင့်ကူအစွယ်အစား Metarhizium မှိုကို သုံးလိုက်တာပါ။
၆၅၀၀ စတုရန်းပေရှိတဲ့နေရာမှာ ခြင်လုံဇကာ ၂ထပ်ကာပြီး လူနေရွာအတုတခုကို ဖန်တီးထားကာ ခြင်အကောင် ၁၅၀၀ ကို စမ်းတယ်ဆိုပါတယ်။ ပြုပြင်ထားတဲ့ မှိုမျိုးစေ့တွေကို နှမ်းဆီနဲ့ရောနယ်ပြီး ဝါဂွမ်းအချပ်တွေမှာသုတ်ထားပါတယ်။ ခြင်တွေက အဲဒီအပေါ်ကို လာနားလျင် မှိုကူးစက်တာခံရပြီးသေကြတာပါ။ ၄၅ ရက်အကြာမှာ အဲဒီ ခြင် ၁၅၀၀ က နေ ၁၃ ကောင်ပဲကျန်တော့တာကို ဝမ်းသာစွာတွေ့ခဲ့ရတာပါ။ ဒီသုတေသနက အဲဒီခြင်တွေကို မျိုးတုန်းအောင်လုပ်ဖို့မဟုတ်ဘဲ ငှက်ဖျားတိုက်ဖျက်ရေးကိုသာဦးတည်တာဆိုပါတယ်။
အခုထိတွေ့ရှိချက်တွေအရကတော့ အဲဒီ မှိုမျိုးက အနောဖိလစ်ခြင်အမျိုးအစားကိုပဲကူးစက်တာဖြစ်ပြီး  တခြားအင်းဆက်ပိုးတွေကို ( အထူးသဖြင့်ပျားကောင်များ)လုံးဝဒုက္ခမပေးဘူးဆိုပါတယ်။ ဒီနည်းကို  လက်တွေအသုံးမပြုခင် သဘာဝသက်ရှိ အကောင်နဲ့ အပင်တွေကို ဘေးမဖြစ်ကြောင်းသေချာအောင် လေ့လာစိပ်သပ်တင်ပြရဦးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာငှက်ဖျားပေါတဲ့ မြန်မာနိုင်ငံတောင်ပေါ်ဒေသမှာ နေထိုင်သူတွေအတွက် တော့သတင်းကောင်းတခုပါ။
မနှစ်ကလည်းဩစတေးသျှနိုင်ငံမှာ လုပ်နေတဲ့ သူတေသနက သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ကို ပြန့်ပွားစေတဲ့ အေးဒီးစ် (Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ဖိုးသုည
02-06-19

No comments:

Post a Comment