Friday, 8 June 2018

Vape (e-cigarette) ဗိတ္ သို႔မဟုတ္ အီးစီးကရက္( ဗိတ် သို့မဟုတ် အီးစီးကရက် )



Vape (e-cigarette) ဗိတ္ သို႔မဟုတ္ အီးစီးကရက္ ( Zawgyi) 

ကမာၻတလႊားမွာ Vaping လို႔ေခၚတဲ့  e-cigarette အီး စီးကရက္သုံးစြဲမႈဟာ လြန္ခဲ့တဲ့ ၇ ႏွစ္အတြင္းမွာ တရွိန္ထိုးတိုးတက္လာခဲ့ပါတယ္။ အထူးသျဖင့္ အသက္ ၁၈ ကေန ၂၄ ၾကားလူငယ္ေတြၾကားမွာ စူးစမ္းလိုမႈနဲ႔ ႐ိုး႐ိုးေဆးလိပ္လို အႏၲရာယ္မရွိဘူးလို႔ ယုံၾကည္ၾကတာေတြေၾကာင့္ သုံးစြဲမႈ အလြန္ျမန္ဆန္စြာ တိုးတက္လာပါတယ္။  

၁. ကမာၻတလႊား အီးစီးကရက္  သုံးစြဲမႈမ်ားျပားလာမႈ အေျခအေန 2001-2018

အီးစီးကရက္ ဆိုတာဘာလဲ 

၂၀၀၃ ခုႏွစ္မွာ တ႐ုပ္ျပည္က ေဆးဝါးပညာရွင္ Hon Lik ကေဆးလိပ္ျဖတ္ရခက္သူေတြအတြက္ ပုလင္းငယ္ထဲက ေဆးရည္ကို ဘက္ထရီလ်ပ္စစ္သုံးၿပီး အာထရာေဆာင္း နည္းပညာနဲ႔ အေငြ႕ပ်ံေစကာ ေဆးလိပ္ေငြ႕ နဲ႔ အလားတူ အေငြ႕ကိုဖန္တီးၿပီး ေဆးလိပ္အစားရွဴရႈိက္လို႔ ရေအာင္တီထြင္ခဲ့ပါတယ္။ ၂၀၀၄ မွာေဈးကြက္မွာ စတင္ ေရာင္းခ်ရာတယ္ဆိုပါတယ္။ ထြက္လာတဲ့ vapour ကို ရႈိက္သြင္းလို႔ vaping လို႔ ေခၚၾကတာပါ။ ကမာၻ႔ေဈးကြက္မ်ာေရာင္းေနတဲ့ အီး စီဂကရက္ အမ်ားစုကို တ႐ုပ္ျပည္မ်ာ ထုတ္ပါတယ္။ 

“e-cigs,” “e-hookahs,”“mods,” “vape pens,” “vapes,” “tank systems,” and “electronic nicotine delivery systems.” စသည္ျဖင့္ အမည္မ်ိဳးစုံနဲ႔ ေခၚၾကပါတယ္။

Electronic cigarette. _photo credit= INGIMAGE

အီးစီးကရက္မွာ ေဆးရည္ျပန္ျဖည့္လို႔ရတဲ့ ပုလင္း အပြင့္ (open ) နဲ႔ ေဆးရည္တေတာင့္လုံးလဲရတဲ့ ပုလင္းအပိတ္ (close) ဆိုၿပီး ၂မ်ိဳးရွိပါတယ္၊

ပါတဲ့ ေဆးရည္မွာ (သစ္သီး) ရနံ႔အမ်ိဳးမ်ိဳး ထည့္ထားၾကၿပီး ႐ိုး႐ိုးစီးကရက္မွာပါတဲ့ နီကိုတင္းပါတဲ့ ေဆးရယ္၊ မပါတဲ့ ေဆးရယ္လို႔လဲရွိပါေသးတယ္။


၂။ အီးစီၚကရက္ အမ်ိုးမ်ိုး  (1)

၃။ အီးစီးကရက္သုံးေဆးရည္ နမူနာ  (2)


အီးစီးကရက္ အေငြ႕မွာ ဘာေတြပါလဲ

အီးစီးကရက္အေငြ႕ဟာ ရာႏႈန္းျပည့္ ေဘးကင္းတာေတာ့ မဟုတ္ပါ။ 

ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးေတြမွာပါတဲ့ နီကိုတင္းဓါတ္၊ နီကယ္၊ သံျဖဴ၊ခဲ စေသာ အႏၲရာယ္ရွိ ဟဲဗီးမယ္တယ္သတၳဳဓါတ္မ်ား၊ ကင္ဆာျဖစ္ေစႏိုင္ေသာ ဓါတ္ပစၥည္းမ်ား နဲ႔ ဒိုင္ အက္ဆီတိုင္းကဲ့သို ရနံ႔ကို ေပးေစေသာပစၥည္းမ်ား ( ရနံ႔ေပးပစၥည္းမ်ားကို ရွဴရႈိက္တာမ်ားပါက အဆုတ္ကိုဆိုး႐ြားစြာထိခိုက္ပါသည္။ ) နဲ႔ ေသးငယ္ေသာအမႈန္မ်ား စသည္ျဖင့္ အႏၲရာယ္ရွိ ဓါတ္ေပါင္းမ်ားစြာ အနည္းငယ္စီ ပါဝင္ပါတယ္။

အဲလိုအႏၲရာယ္ေပးႏိုင္ေတြ ဓါတ္ေတြပါဝင္မႈဟာ ႐ိုး႐ိုးစီးကရက္နဲ႔ စာလ်င္ေတာ့ အမ်ားႀကီး နည္းပါးပါတယ္။

အီးစီးကရက္ ေဆးရည္တခ်ိဳ႕မွာ နီကိုတင္း လုံးဝမပါဝင္ပါလို႔ေရးထားေပမဲ့ စစ္ေဆးၾကည့္တဲ့အခါနီကိုတင္းကို ေတြ႕ရပါတယ္လို႔  အေမရိကန္ CDC ဌာနကဆိုထားပါတယ္။ 

၄။ အီးစီးကရက္ ေဆးရည္တြင္ပါေသာ ဓါတ္မ်ား (1)

အပြင့္အမ်ိဳးစားေဆးရည္ေတြထဲကို ေဆးေျခာက္နဲ႔ တျခားမူးယစ္ေဆးေတြထည့္ၿပီး သုံးလို႔ရတဲ့ အတြက္ မူးယစ္ေဆးစြဲမဲ့ အႏၲရာယ္လဲရွိေနပါတယ္။

အီးစီးကရက္က ေရရွည္မွာ က်န္းမာေရးကို ဘယ္လိုထိခိုက္ႏိုင္သလဲ

ကမာၻ႔ေဈးကြက္ထဲကို ေရာက္တာ ၁၃ႏွစ္သာရွိေသးတဲ့ အီးစီးကရက္က ေရရွည္မွာ က်န္းမာေရးကို ဘယ္လိုထိခိုက္ႏိုင္သလဲ ဆိုတာကို တိတိက်က်ေျပာႏိုင္ဖို႔ကေတာ့ ေစာပါေသးတယ္။

ေလာေလာဆယ္ ေသေသခ်ာခ်ာသိထားၿပီးတဲ့ အခ်က္ေတြကေတာ့

ေဆးရည္အမ်ားစုမွာပါတဲ့ နီကိုတင္းက ပမာဏမမ်ားေသာ္လည္း

၁. ထပ္ကာထပ္ကာသုံးစြဲမိေအာင္ စြဲလန္းေစပါတယ္။

၂. ကိုယ္ဝန္ေဆာင္မိခင္မ်ားသုံးစြဲပါက သေႏၶသားကို ထိခိုက္ပါတယ္။

၃. ဦးေႏွာက္ ဖြံ႕ၿဖိဳးဆဲ လူငယ္မ်ား (အသက္ ၂၀ အထိ) သုံးစြဲပါက သူတို႔ရဲ႕ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ပါတယ္။

၄. နီကိုတင္းက ကိုယ္ဝန္ေဆာင္မိခင္ကိုေရာ ဖြံ႕ၿဖိဳးဆဲ သေႏၶသားရဲ႕ က်န္းမာေရးကိုပါ အႏၲရာယ္ေပးပါတယ္။ 

အီးစီးကရက္ ေဆးရည္မွာပါတဲ့ နီကိုတင္းအျပင္တျခား က်န္းမာေရးကိုထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြဟာ  ႐ိုး႐ိုး စီးကရက္မွာတဲ့ ၇၀၀၀ ေက်ာ္ေသာ က်န္းမာေရးကိုထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြထက္ အမ်ားႀကီး ေလ်႕ာနည္းတာေၾကာင့္ ႐ိုး႐ိုး စီးကရက္ေလာက္ေတာ့ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစတာ မဟုတ္ေပမဲ့ အႏၲရာယ္လုံးဝကင္းတာေတာ့ မဟုတ္ပါ။ 

ထို႔အျပင္ အီး စီးကရက္မွာ သုံးတဲ့ ဘက္ထရီမေကာင္းလို႔ ေပါက္ကြဲၿပီး ထိခိုက္ဒါဏ္ရာရႏိုင္သလို ရနံ႔ေမႊးတဲ့ နီကိုတင္းပါ ေဆးရည္ကို မွားယြင္းစြာေသာက္သုံးမိ၊ ရွဴရႈိက္မိပါက ကေလးေတြသာမက လူႀကီးေတြကိုပါ ဒုကၡေပးပါတယ္။

၅။ အီးစီးကရက္ ေၾကာင့္ က်န္းမာေရး ထိခိုက္ပုံ (2)


အီးစီးကရက္ကို ေဆးလိပ္ျဖတ္ရာမွာ အေထာက္အကူျဖစ္ပါသလား

ကမာၻ႔က်န္းမာေရးအဖြဲ႕  WHO ကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိခ်က္ေတြမွာ အီးစီးကရက္က ေဆးလိပ္ျဖတ္ရာမွာ အေထာက္ အကူျဖစ္တယ္ဆိုတဲ့ အေထာက္အထားမရွိေသးဘူလို႔ဆိုပါတယ္. 

အေမရိကန္အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ က်န္းမာေရး ဌာနေတြက ေဆးလိပ္ျဖတ္ေဆးခန္းေတြမွာေတာ့ အီးစီးကရက္ကို ေဆးလိပ္ျဖတ္ရာမွာ အစားထိုးကုထုံးတခုအေနနဲ႔ေတာ့ အသုံးျပဳတာ မရွိေသးပါ။ တကယ္ေတာ့ ဆးလိပ္ျဖတ္ရာမွာ အေရးအႀကီးဆုံးက ခိုင္မာတဲ့  ဆုံးျဖတ္ခ်က္နဲ႔ စိတ္ဓါတ္ပါ။ 

ေနာက္ပိုင္းေတြ႕ရွိခ်က္ေတြအရ အီးစီးကရက္က ေဆးလိပ္ျဖတ္ရာမွာ အတိုင္းအတာတခုအထိ အရံအေနနဲ႔ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္။ ယူေကမွာေတာ့ ေဆးလိပ္ျဖတ္ေဆးခန္းေတြမွာ အီးစီးကရက္ကို ပုံမွန္ ကုထုံးေတြနဲ႔ အတူတြဲၿပီး စမ္းသပ္ရာ ေဆးလိပ္ျဖတ္ရတာ ပိုမိုလြယ္ကူလာတယ္ဆိုပါတယ္။ ဒါေပမဲ့ လက္ရွိ သုံးေနတဲ့ ေဆးလိပ္ျဖတ္ကုထုံးေတြကိုမသုံးဘဲ သူ႔တမ်ိဳးတည္းထဲကိုသုံးၿပီး ျဖတ္ဖို႔ႀကိဳးစားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

အီးစီးကရက္ကိုေဆးလိပ္ျဖတ္ရာမွာ သုံးသူေတြအတြက္အေရးအႀကီးဆုံးကေတာ့ ေဆးလိပ္ကို လုံးဝျဖတ္ျပစ္ႏိုင္ဖို႔လို႔ဆိုပါတယ္။ 

ေဆးလိပ္ျဖတ္လိုသူေတြက အစပိုင္းမွာ အီးစီးကရက္ ကို အစားထိုးသုံးၾကေပမဲ့ ေဆးလိပ္မျပတ္ဘဲ ႏွစ္မ်ိဳးလုံး စြဲသြားသူေတြလည္း မနည္းလို႔ပါ။ 

ေဆးလိပ္ျဖတ္ၿပီးသူ အခ်ိဳ႕က စိတ္ကို မႏိုင္ဘဲ ျပန္ေသာက္ခ်င္ၾကေတာ့ ေဆးလိပ္ျပန္ေသာက္မဲ့ အစား အီး စီးကရက္ကို ေသာက္တာက ပိုၿပီး ေဘးနည္းတယ္လို႔ဆိုၿပီးသုံးၾကပါတယ္။ 

တခ်ိဳ႕ကေတာ့ ဆးလိပ္ကို မျဖတ္ႏိုင္ဘဲ ေလွ်ာ့ေသာက္ဖို႔ ႀကိဳးစားၾကပါတယ္၊ အဲလိုသူေတြအတြက္လည္းအီးစီးကရက္ကို အစားထိုးတာက ေဆးလိပ္စစ္စစ္ကို ေလွ်ာ့ေသာက္တာထက္ပိုၿပီး ေဘးကင္းတယ္လို႔ ယူဆၾကပါတယ္။ 


ႏိုင္ငံတကာမွာ အီးစီးကရက္ကို ဘယ္လို ထိန္းခ်ဳပ္ထားလဲ

၂၀၁၄ ခုမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕  WHO က ေဆး႐ြက္ႀကီးႏွင့္ ဆက္စပ္ပစၥည္းမ်ားထိန္းခ်ဳပ္ေရးဆိုင္ရာ အေျခခံလုပ္ထုံးမ်ားကို ထုတ္ျပန္အၿပီးမွာ ႏိုင္ငံအမ်ားအျပားမွာ အီးစီးကရက္နဲ႔ ပတ္သက္တဲ့ စည္းကမ္းဥပေဒေတြ ပိုမိုတင္းၾကပ္လာပါတယ္။ 

စကၤာပူ (၂၀၁၈) ၊ ထိုင္း၊ ဒူဘိုင္း၊ တူရကီ၊ အီဂ်စ္ စတဲ့နိင္ငံေတြ မွာေတာ့ အီးစီးကရက္ရာင္းခ်မႈသာမက သုံးစြဲမႈကိုပါ ပိတ္ပင္ထားပါတယ္။ ထိုင္းမွာဆို အီးစီးကရက္ကို မိမိနဲ႔ အတူ ႏိုင္ငံထဲကို ယူလာလ်င္ေတာင္ ဒါဏ္႐ိုက္ခံရႏိုင္တယ္လို႔ဆိုပါတယ္။ 

၆။ အီးစီးကရက္ကို ထိန္းခ်ဳပ္ တားျမစ္ထိန္းခ်ဳပ္ထားေသာႏိုင္ငံမ်ား ျပပုံ (၂၀၁၇) (4)

ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ အီးစီးကရက္ သုံးစြဲမႈနဲ႔ ေရာင္းခ်မႈကို တျခား နီကိုတင္း ပါဝင္တဲ့ ပစၥည္းမ်ားနည္းတူ ဥပေဒနဲ႔ ထိန္းခ်ဳပ္ထားပါတယ္။ အမ်ားျပည္သူ ေနရာေတြမွာ ေဆးလိပ္ေသာက္သုံးမႈကို ပိတ္ပင္ထားတဲ့ ႏိုင္ငံေတြမွာ အီးစီးကရက္ ကိုလည္း ႐ိုး႐ိုး ေဆး လိပ္ေသာက္ျခင္းနဲ႔ တန္းတူထား ပိတ္ပင္ထားပါတယ္။ ပိတ္ပင္ထားတဲ့ေနရာေတြမွာ အီးစီးကရက္ေသာက္တာေတြ႕လ်င္ ဒါဏ္တပ္ပါတယ္၊ တခ်ိဳ႕ႏိုင္ငံေတြမွာ သုံးစြဲခြင့္ကို ပိတ္ပင္မထားေပမဲ့ ႏိုင္ငံအတြင္းသို႔တင္သြင္းလာတာကို ပိတ္ပင္ထားတာ၊ အခြန္ေကာက္တာမ်ိဳးေတြရွိပါတယ္။ 

၇။ ေဆးလိပ္မေသာက္ရလို႔တားျမစ္ထားတဲ့ ေနရာေတြမွာ အီးစီးကရက္ ကိုလည္းေသာက္ခြင့္မျပဳပါ (12)

ႏိုင္ငံျခားသြားလို႔ အီးစီးကရက္ ကိုယူသြားဖို႔ စိတ္ကူးလ်င္ ဆိုင္ရာႏိုင္ငံရဲ႕ ဥပေဒကို ေလ့လာဖို႔လိုပါလိမ့္မယ္။ 

အၾကမ္းအားျဖင့္ေတာ့ အီးစီးကရက္ထိန္းခ်ဳပ္မႈ အမ်ားစုက ေဆး႐ြက္ႀကီး၊ ေဆးလိပ္ တို႔က္ု ထိန္းခ်ဳပ္မႈအတိုင္းျဖစ္ပါတယ္။ 

၇။ ႏိုင္ငံအခ်ိဳ႕၏ အီးစီးကရက္ ကိုထိန္းခ်ဳပ္မႈ ကြဲျပားပုံ (4)


အခ်ဳပ္ဆိုရေသာ္

၁. အီးစီးကရက္သည္ ႐ိုး႐ိုးေဆးလိပ္ေလာက္ အႏၲရာယ္မေပးေသာ္လည္း အတိုင္းအတာတခုအထိ အႏၲရာယ္ရွိတာကေတာ့ ေသခ်ာေနပါတယ္။

၂. ေဆးလိပ္္ျဖတ္ရာတြင္ အေထာက္အကူျဖစ္ႏိုင္ေသာာ္လည္း သူ႔ကိုခ်ည္းအားကိုး၍မရပါ။ 

၃. ကိုယ္ဝန္ေဆာင္ႏွင့္ လူငယ္မ်ားမသုံးသင့္ပါ။ 

၄. ႐ိုး႐ိုးေဆးလိပ္ေလာက္ အႏၲရာယ္မေပးသျဖင့္ ေဆးလိပ္မျဖတ္ႏိုင္ေသးသူမ်ားအတြက္ေတာ့ ေဆးလိပ္အစားသုံးလ်င္ က်န္းမာေရးထိခိုက္မႈပိုနည္းသည္။

၅. ေဆးလိပ္မေသာက္သူမ်ား၊ ကိုယ္ဝန္ေဆာင္မ်ားႏွင့္ ဦးေႏွာက္ဖြံ႕ၿဖိဴးေနဆဲ လူငယ္မ်ားကေတာ့ လုံးဝ အစမလုပ္ဘဲ ေရွာင္က်ဥ္သင့္ပါတယ္။

၆. ေနာက္ပိုင္းမွာ လူငယ္ေတြက ေဆးလိပ္ေလာက္လည္း အႏၲရာယ္မမ်ားတဲ့ အီးစီးကရက္ ကို ေဆး လိပ္ေသာက္သလို အေပ်ာ္ေသာက္ရာက စြဲသြားကာ ျဖတ္မရတာေတြမ်ားလာေနပါတယ္။ 

၇။ ေဈးကြက္ထဲေရာက္တာ မၾကာေသးလို႔ ေရရွည္မွာ ဘယ္လိုဆိုးက်ိးေတြေပးႏိုင္တယ္ဆိုတာကို  သိရွိဖို႔ ေစာလြန္းေနပါေသးတယ္။

၈။ အပြင့္အမ်ိဳးစားေဆးရည္ေတြထဲကို ေဆးေျခာက္နဲ႔ တျခားမူးယစ္ေဆးေတြထည့္ၿပီး သုံးလို႔ရတဲ့ အတြက္ မူးယစ္ေဆးစြဲမဲ့ အႏၲရာယ္လဲရွိေနပါတယ္။

အဲဒါေတြေၾကာင့္ ေဆးလိပ္ကို ေရွာင္သလိုပဲ အီးစီးကရက္ကို ေရွာင္က်ဥ္ၾကဖို႔ က်န္းမာေရး ပညာရွင္ေတြက တိုက္တြန္းထားပါတယ္။ 

ေဆးလိပ္ပဲျဖစ္ျဖစ္ အီးစီးကရက္ပဲ ျဖစ္ျဖစ္  အစကတည္းက လုံးဝ ေရွာင္က်ဥ္တာ အေကာင္းဆုံးပါ၊ 

Dr အောင်

၄၊၆၊၂၀၁၈

https://b-wise-2b-healthy.blogspot.com/2018/06/vape-e-cigarette.html

Vape (e-cigarette) ဗိတ် သို့မဟုတ် အီးစီးကရက် (Unicode) 

ကမ္ဘာတလွှားမှာ Vaping လို့ခေါ်တဲ့  e-cigarette အီး စီးကရက်သုံးစွဲမှုဟာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ တရှိန်ထိုးတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အသက် ၁၈ ကနေ ၂၄ ကြားလူငယ်တွေကြားမှာ စူးစမ်းလိုမှုနဲ့ ရိုးရိုးဆေးလိပ်လို အန္တရာယ်မရှိဘူးလို့ ယုံကြည်ကြတာတွေကြောင့် သုံးစွဲမှု အလွန်မြန်ဆန်စွာ တိုးတက်လာပါတယ်။ 

အီးစီးကရက် ဆိုတာဘာလဲ

၂၀၀၃ ခုနှစ်မှာ တရုပ်ပြည်က ဆေးဝါးပညာရှင် Hon Lik ကဆေးလိပ်ဖြတ်ရခက်သူတွေအတွက် ပုလင်းငယ်ထဲက ဆေးရည်ကို ဘက်ထရီလျပ်စစ်သုံးပြီး အာထရာဆောင်း နည်းပညာနဲ့ အငွေ့ပျံစေကာ ဆေးလိပ်ငွေ့ နဲ့ အလားတူ အငွေ့ကိုဖန်တီးပြီး ဆေးလိပ်အစားရှူရှိုက်လို့ ရအောင်တီထွင်ခဲ့ပါတယ်။ ၂၀၀၄ မှာဈေးကွက်မှာ စတင် ရောင်းချရာတယ်ဆိုပါတယ်။ ထွက်လာတဲ့ vapour ကို ရှိုက်သွင်းလို့ vaping လို့ ခေါ်ကြတာပါ။ ကမ္ဘာ့ဈေးကွက်မျာရောင်းနေတဲ့ အီး စီဂကရက် အများစုကို တရုပ်ပြည်မျာ ထုတ်ပါတယ်။
“e-cigs,” “e-hookahs,”“mods,” “vape pens,” “vapes,” “tank systems,” and “electronic nicotine delivery systems.” စသည်ဖြင့် အမည်မျိုးစုံနဲ့ ခေါ်ကြပါတယ်။
အီးစီးကရက်မှာ ဆေးရည်ပြန်ဖြည့်လို့ရတဲ့ ပုလင်း အပွင့် (open ) နဲ့ ဆေးရည်တတောင့်လုံးလဲရတဲ့ ပုလင်းအပိတ် (close) ဆိုပြီး ၂မျိုးရှိပါတယ်၊
ပါတဲ့ ဆေးရည်မှာ (သစ်သီး) ရနံ့အမျိုးမျိုး ထည့်ထားကြပြီး ရိုးရိုးစီးကရက်မှာပါတဲ့ နီကိုတင်းပါတဲ့ ဆေးရယ်၊ မပါတဲ့ ဆေးရယ်လို့လဲရှိပါသေးတယ်။


အီးစီးကရက် အငွေ့မှာ ဘာတွေပါလဲ

အီးစီးကရက်အငွေ့ဟာ ရာနှုန်းပြည့် ဘေးကင်းတာတော့ မဟုတ်ပါ။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာပါတဲ့ နီကိုတင်းဓါတ်၊ နီကယ်၊ သံဖြူ၊ခဲ စသော အန္တရာယ်ရှိ ဟဲဗီးမယ်တယ်သတ္ထုဓါတ်များ၊ ကင်ဆာဖြစ်စေနိုင်သော ဓါတ်ပစ္စည်းများ နဲ့ ဒိုင် အက်ဆီတိုင်းကဲ့သို ရနံ့ကို ပေးစေသောပစ္စည်းများ ( ရနံ့ပေးပစ္စည်းများကို ရှူရှိုက်တာများပါက အဆုတ်ကိုဆိုးရွားစွာထိခိုက်ပါသည်။ ) နဲ့ သေးငယ်သောအမှုန်များ စသည်ဖြင့် အန္တရာယ်ရှိ ဓါတ်ပေါင်းများစွာ အနည်းငယ်စီ ပါဝင်ပါတယ်။
အဲလိုအန္တရာယ်ပေးနိုင်တွေ ဓါတ်တွေပါဝင်မှုဟာ ရိုးရိုးစီးကရက်နဲ့ စာလျင်တော့ အများကြီး နည်းပါးပါတယ်။
အီးစီးကရက် ဆေးရည်တချို့မှာ နီကိုတင်း လုံးဝမပါဝင်ပါလို့ရေးထားပေမဲ့ စစ်ဆေးကြည့်တဲ့အခါနီကိုတင်းကို တွေ့ရပါတယ်လို့  အမေရိကန် CDC ဌာနကဆိုထားပါတယ်။
အပွင့်အမျိုးစားဆေးရည်တွေထဲကို ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေထည့်ပြီး သုံးလို့ရတဲ့ အတွက် မူးယစ်ဆေးစွဲမဲ့ အန္တရာယ်လဲရှိနေပါတယ်။ 

အီးစီးကရက်က ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ

ကမ္ဘာ့ဈေးကွက်ထဲကို ရောက်တာ ၁၃နှစ်သာရှိသေးတဲ့ အီးစီးကရက်က ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ ဆိုတာကို တိတိကျကျပြောနိုင်ဖို့ကတော့ စောပါသေးတယ်။
လောလောဆယ် သေသေချာချာသိထားပြီးတဲ့ အချက်တွေကတော့
ဆေးရည်အများစုမှာပါတဲ့ နီကိုတင်းက ပမာဏမများသော်လည်း
၁. ထပ်ကာထပ်ကာသုံးစွဲမိအောင် စွဲလန်းစေပါတယ်။
၂. ကိုယ်ဝန်ဆောင်မိခင်များသုံးစွဲပါက သန္ဓေသားကို ထိခိုက်ပါတယ်။
၃. ဦးနှောက် ဖွံ့ဖြိုးဆဲ လူငယ်များ (အသက် ၂၀ အထိ) သုံးစွဲပါက သူတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်။
၄. နီကိုတင်းက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ ကျန်းမာရေးကိုပါ အန္တရာယ်ပေးပါတယ်။
အီးစီးကရက် ဆေးရည်မှာပါတဲ့ နီကိုတင်းအပြင်တခြား ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေဟာ  ရိုးရိုး စီးကရက်မှာတဲ့ ၇၀၀၀ ကျော်သော ကျန်းမာရေးကိုထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေထက် အများကြီး လျေ့ာနည်းတာကြောင့် ရိုးရိုး စီးကရက်လောက်တော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာ မဟုတ်ပေမဲ့ အန္တရာယ်လုံးဝကင်းတာတော့ မဟုတ်ပါ။
ထို့အပြင် အီး စီးကရက်မှာ သုံးတဲ့ ဘက်ထရီမကောင်းလို့ ပေါက်ကွဲပြီး ထိခိုက်ဒါဏ်ရာရနိုင်သလို ရနံ့မွှေးတဲ့ နီကိုတင်းပါ ဆေးရည်ကို မှားယွင်းစွာသောက်သုံးမိ၊ ရှူရှိုက်မိပါက ကလေးတွေသာမက လူကြီးတွေကိုပါ ဒုက္ခပေးပါတယ်။


အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်ပါသလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO ကတော့ သူတို့ရဲ့ တွေ့ရှိချက်တွေမှာ အီးစီးကရက်က ဆေးလိပ်ဖြတ်ရာမှာ အထောက် အကူဖြစ်တယ်ဆိုတဲ့ အထောက်အထားမရှိသေးဘူလို့ဆိုပါတယ်.
အမေရိကန်အပါအဝင် နိုင်ငံအတော်များများမှာ ကျန်းမာရေး ဌာနတွေက ဆေးလိပ်ဖြတ်ဆေးခန်းတွေမှာတော့ အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရာမှာ အစားထိုးကုထုံးတခုအနေနဲ့တော့ အသုံးပြုတာ မရှိသေးပါ။ တကယ်တော့ ဆးလိပ်ဖြတ်ရာမှာ အရေးအကြီးဆုံးက ခိုင်မာတဲ့  ဆုံးဖြတ်ချက်နဲ့ စိတ်ဓါတ်ပါ။
နောက်ပိုင်းတွေ့ရှိချက်တွေအရ အီးစီးကရက်က ဆေးလိပ်ဖြတ်ရာမှာ အတိုင်းအတာတခုအထိ အရံအနေနဲ့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ယူကေမှာတော့ ဆေးလိပ်ဖြတ်ဆေးခန်းတွေမှာ အီးစီးကရက်ကို ပုံမှန် ကုထုံးတွေနဲ့ အတူတွဲပြီး စမ်းသပ်ရာ ဆေးလိပ်ဖြတ်ရတာ ပိုမိုလွယ်ကူလာတယ်ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ သုံးနေတဲ့ ဆေးလိပ်ဖြတ်ကုထုံးတွေကိုမသုံးဘဲ သူ့တမျိုးတည်းထဲကိုသုံးပြီး ဖြတ်ဖို့ကြိုးစားတာမျိုးတော့ မဟုတ်ပါဘူး။
အီးစီးကရက်ကိုဆေးလိပ်ဖြတ်ရာမှာ သုံးသူတွေအတွက်အရေးအကြီးဆုံးကတော့ ဆေးလိပ်ကို လုံးဝဖြတ်ပြစ်နိုင်ဖို့လို့ဆိုပါတယ်။
ဆေးလိပ်ဖြတ်လိုသူတွေက အစပိုင်းမှာ အီးစီးကရက် ကို အစားထိုးသုံးကြပေမဲ့ ဆေးလိပ်မပြတ်ဘဲ နှစ်မျိုးလုံး စွဲသွားသူတွေလည်း မနည်းလို့ပါ။
ဆေးလိပ်ဖြတ်ပြီးသူ အချို့က စိတ်ကို မနိုင်ဘဲ ပြန်သောက်ချင်ကြတော့ ဆေးလိပ်ပြန်သောက်မဲ့ အစား အီး စီးကရက်ကို သောက်တာက ပိုပြီး ဘေးနည်းတယ်လို့ဆိုပြီးသုံးကြပါတယ်။
တချို့ကတော့ ဆးလိပ်ကို မဖြတ်နိုင်ဘဲ လျှော့သောက်ဖို့ ကြိုးစားကြပါတယ်၊ အဲလိုသူတွေအတွက်လည်းအီးစီးကရက်ကို အစားထိုးတာက ဆေးလိပ်စစ်စစ်ကို လျှော့သောက်တာထက်ပိုပြီး ဘေးကင်းတယ်လို့ ယူဆကြပါတယ်။

နိုင်ငံတကာမှာ အီးစီးကရက်ကို ဘယ်လို ထိန်းချုပ်ထားလဲ

၂၀၁၄ ခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ အခြေခံလုပ်ထုံးများကို ထုတ်ပြန်အပြီးမှာ နိုင်ငံအများအပြားမှာ အီးစီးကရက်နဲ့ ပတ်သက်တဲ့ စည်းကမ်းဥပဒေတွေ ပိုမိုတင်းကြပ်လာပါတယ်။
စင်္ကာပူ (၂၀၁၈) ၊ ထိုင်း၊ ဒူဘိုင်း၊ တူရကီ၊ အီဂျစ် စတဲ့နိင်ငံတွေ မှာတော့ အီးစီးကရက်ရာင်းချမှုသာမက သုံးစွဲမှုကိုပါ ပိတ်ပင်ထားပါတယ်။ ထိုင်းမှာဆို အီးစီးကရက်ကို မိမိနဲ့ အတူ နိုင်ငံထဲကို ယူလာလျင်တောင် ဒါဏ်ရိုက်ခံရနိုင်တယ်လို့ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံအတော်များများမှာ အီးစီးကရက် သုံးစွဲမှုနဲ့ ရောင်းချမှုကို တခြား နီကိုတင်း ပါဝင်တဲ့ ပစ္စည်းများနည်းတူ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ အများပြည်သူ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ အီးစီးကရက် ကိုလည်း ရိုးရိုး ဆေး လိပ်သောက်ခြင်းနဲ့ တန်းတူထား ပိတ်ပင်ထားပါတယ်။ ပိတ်ပင်ထားတဲ့နေရာတွေမှာ အီးစီးကရက်သောက်တာတွေ့လျင် ဒါဏ်တပ်ပါတယ်၊ တချို့နိုင်ငံတွေမှာ သုံးစွဲခွင့်ကို ပိတ်ပင်မထားပေမဲ့ နိုင်ငံအတွင်းသို့တင်သွင်းလာတာကို ပိတ်ပင်ထားတာ၊ အခွန်ကောက်တာမျိုးတွေရှိပါတယ်။
နိုင်ငံခြားသွားလို့ အီးစီးကရက် ကိုယူသွားဖို့ စိတ်ကူးလျင် ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လေ့လာဖို့လိုပါလိမ့်မယ်။
အကြမ်းအားဖြင့်တော့ အီးစီးကရက်ထိန်းချုပ်မှု အများစုက ဆေးရွက်ကြီး၊ ဆေးလိပ် တို့က်ု ထိန်းချုပ်မှုအတိုင်းဖြစ်ပါတယ်။

အချုပ်ဆိုရသော်
၁. အီးစီးကရက်သည် ရိုးရိုးဆေးလိပ်လောက် အန္တရာယ်မပေးသော်လည်း အတိုင်းအတာတခုအထိ အန္တရာယ်ရှိတာကတော့ သေချာနေပါတယ်။
၂. ဆေးလိပ််ဖြတ်ရာတွင် အထောက်အကူဖြစ်နိုင်သောာ်လည်း သူ့ကိုချည်းအားကိုး၍မရပါ။
၃. ကိုယ်ဝန်ဆောင်နှင့် လူငယ်များမသုံးသင့်ပါ။
၄. ရိုးရိုးဆေးလိပ်လောက် အန္တရာယ်မပေးသဖြင့် ဆေးလိပ်မဖြတ်နိုင်သေးသူများအတွက်တော့ ဆေးလိပ်အစားသုံးလျင် ကျန်းမာရေးထိခိုက်မှုပိုနည်းသည်။
၅. ဆေးလိပ်မသောက်သူများ၊ ကိုယ်ဝန်ဆောင်များနှင့် ဦးနှောက်ဖွံ့ဖြိူးနေဆဲ လူငယ်များကတော့ လုံးဝ အစမလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။
၆. နောက်ပိုင်းမှာ လူငယ်တွေက ဆေးလိပ်လောက်လည်း အန္တရာယ်မများတဲ့ အီးစီးကရက် ကို ဆေး လိပ်သောက်သလို အပျော်သောက်ရာက စွဲသွားကာ ဖြတ်မရတာတွေများလာနေပါတယ်။
၇။ ဈေးကွက်ထဲရောက်တာ မကြာသေးလို့ ရေရှည်မှာ ဘယ်လိုဆိုးကျိးတွေပေးနိုင်တယ်ဆိုတာကို  သိရှိဖို့ စောလွန်းနေပါသေးတယ်။
၈။ အပွင့်အမျိုးစားဆေးရည်တွေထဲကို ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေထည့်ပြီး သုံးလို့ရတဲ့ အတွက် မူးယစ်ဆေးစွဲမဲ့ အန္တရာယ်လဲရှိနေပါတယ်။ 
အဲဒါတွေကြောင့် ဆေးလိပ်ကို ရှောင်သလိုပဲ အီးစီးကရက်ကို ရှောင်ကျဉ်ကြဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ဆေးလိပ်ပဲဖြစ်ြဖစ် အီးစီးကရက်ပဲ ဖြစ်ဖြစ်  အစကတည်းက လုံးဝ ရှောင်ကျဉ်တာ အကောင်းဆုံးပါ၊

၄၊၆၊၂၀၁၈
ကိုးကား


အီးစီးကရက္ကို ထိန္းခ်ဳပ္ ကန္႔သတ္ထားေသာႏိုင္ငံမ်ား ေနာက္ဆက္တြဲ (အီးစီးကရက်ကို ထိန်းချုပ် ကန့်သတ်ထားသောနိုင်ငံများ နောက်ဆက်တွဲ)




Tuesday, 22 May 2018

Noise Induced Hearing Loss (NIHL) ဆူညံသံေၾကာင့္ ျဖစ္ေသာ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈ (ဆူညံသံကြောင့် ဖြစ်သော အကြားအာရုံ ပျက်စီး ချို့ယွင်းမှု) (Zawgyi & Unicode)


Noise Induced Hearing Loss (NIHL) ဆူညံသံေၾကာင့္ ျဖစ္ေသာ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈ (Zawgyi)

လူအမ်ားစု ၊ အထူးသျဖင့္ ျမန္မာျပည္သူအမ်ားစု သတိမမူမိေသာ က်န္းမာေရးျပသနာတခုပါ။

ဆူညံသံကို အခ်ိန္ၾကာျမင့္စြာ ထိေတြသူတို႔မွာ ျဖစ္ေပၚတဲ့၊ ျပန္လည္ေကာင္းမြန္မလာႏိုင္ေတာ့တဲ့ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈ  (နားေလးျခင္း နားထိုင္းျခင္း) ကို ဆိုလိုတာပါ။


ဘယ္ေလာက္ အျဖစ္မ်ားသလဲ
အေမရိကန္ CDC ဌာနရဲ႕ ထုတ္ျပန္ခ်က္အရ

အေမရိကန္ ဆယ္ေယာက္မွာ တေယာက္က သာမန္စကားသံကို နားလည္ႏိုင္စြမ္း မရွိေတာ့တဲ့ နားေလး ျခင္းကို ခံစားေနရတယ္ဆိုပါတယ္။

မိမိကိုယ္ မိမိ အၾကားအာ႐ုံ အလြန္ေကာင္းပါတယ္လို႔ဆိုသူ အသက္ ၂၀ နဲ႔ ၆၅ ႏွစ္ၾကား ရွိသူေတြရဲ႕ ၂၄ ရာႏႈန္းဟာ (တိုင္းတာလို႔ ရေသာ) အၾကားအာ႐ုံ ခ်ိဳနဲ႔ မႈ ရွိေနပါတယ္။

အသက္ ၂၀ နဲ႔ ၆၅ ႏွစ္ၾကား အေမရိကန္ ေတြရဲ႕ ၁၅ ရာခိုင္ႏႈန္းဟာ လုပ္ငန္းခြင္ ဆူညံမႈ (သို႔) အေပ်ာ္အပါးကေနရတဲ့ ဆူညံမႈေတြေၾကာင့္ ႀကိမ္းႏႈန္းျမင့္ အသံေတြကို မၾကားႏိုင္တဲ့ နားေလးျခင္းမ်ိဳးကို ခံစားေနၾကရပါတယ္။

ဒါေတာင္ အေမရိကဆိုတာ ဆူညံသံကာကြယ္ဖို႔ ဥပေဒေတြ၊ လုပ္ငန္းခြင္ ကာက်န္းမာေရးဆိုင္ရာ အကာအကြယ္ ပစၥည္းေတြကို မသုံးမေနရလို႔ ဥပေဒေတြျပဌာန္းထားတဲ့ ႏိုင္ငံပါ။



ဆူညံသံကို ဘယ္လို သတ္မွတ္မလဲ
အသံဆူညံမႈကို ဒက္ဆီဘယ္ (dB) နဲ႔တိုင္းပါတယ္။

အသံ ျဖစ္ေပၚပုံအလိုက္ဆူညံမႈ အတိုင္းအတာကို ဒီဇယားမွာ ျပထားပါတယ္။


Approximate Decibel Level
Examples
0 dB
ၾကားႏိုင္ေသာ အတိုးဆုံးအသံ
30 dB
တိတ္ဆိတ္ေသာအခန္းမွာ ၾကားႏိုင္ေသာတီးတိုးသံ
60 dB
သာမန္ စကားသံ၊ အပ္ခ်ဳပ္စက္သံ၊ လက္ႏွိပ္စက္႐ိုက္သံ
85 dB
ယာဥ္အသြားလာထူထပ္ေသာၿမိဳ႕ႀကီးမ်ား။ လူစည္ကားေသာစားေသာက္ဆိုင္

85 dB ႏွင့္ အထက္လူညံသံကို ၾကာရွည္စြာထိေတြ႕ပါက အျဖည္းျဖည္းအၾကားအာ႐ုံခ်ိဳ႕တဲ့မႈျဖစ္ႏိုင္သည္။
90 dB
ျမက္ရိတ္စက္သံ၊ ကရီယာတန္ဆာပလာသံ၊ ထရပ္ကားသံ၊

** အကာအကြယ္မပါဘဲ ဤ အသံအဆင့္ကို တေန႔လ်င္ ၈ နာရီထက္ပို၍ မထိေတြ႕သင့္ (protects 90% of people).

100 dB
လႊစက္၊ ကြန္ကရိေဖါက္စက္၊ ႏွင္းရွင္းစက္၊

**အကာအကြယ္မပါဘဲ  ဤအသံအဆင့္ကို တေန႔လ်င္ ၁၅ မိနစ္ ထက္ပို၍ မထိေတြ႕သင့္
105 dB
MP3 player at maximum volume  အမ္ပီသရီးကိုအသံအက်ယ္ဆုံးဖြင့္သံ
115 dB
သံေခ်းခြာရန္ သဲမႈန္မႈတ္ျခင္း၊ ဆူညံေသာ ေရာ့ခ္ ဂီတပြဲ၊ ကားဟြန္းသံ၊

** ရပ္ကြက္ထဲက ေလာ္စပီကာေတြအဆက္မျပတ္ဖြင့္ၿပီး အလႉခံတာေတြဟာ ဒီထဲမွာပါပါတယ္။

** အသံေတြဆူညံေအာင္ဖြင့္ထားတဲ့ ဂိမ္းစင္တာေတြ

**အကာအကြယ္မပါဘဲ  ဤအသံအဆင့္ကို တေန႔လ်င္ ၁ မိနစ္ ထက္ပို၍ မထိေတြ႕သင့္
140 dB
ေသနတ္ေျပာင္းဝမွ အသံ၊ ဂ်က္ အင္ဂ်င္သံ။ ေျဗာက္အိုးေဖါက္သံ

**အကာအကြယ္မပါဘဲ  ဤအသံအဆင့္ကို ေခတၱထိေတြ႕လ်င္ပင္ နားတြင္းနာက်င္မႈကို ခံစားရႏိုင္သည္။






ဆူညံသံေတြကို ဘယ္လို ထိေတြ႕ၾကသလဲ
ပတ္ဝန္းက်င္
ၿမိဳ႕ႀကီးျပႀကီးေတြမွာကားေတြ ရထားေတြ အျပင္ လူသံတါေနဲ႔ ဆူညံမႈပိုမ်ားပါတယ္။ ေက်းလက္ေဒသေတြမွာေတာ့ လုပ္ငန္းခြင္ေတြမွာသာ ဆူညံတာမ်ားပါတယ္။ ယာဥ္အသြားအလာမ်ားတဲ့ အေဝးျပးလမ္းမေတြနားမွာရွိတဲ့ ႐ြာေတြမွာလည္းဆူညံသံဒါဏ္ကိုခံရပါတယ္။ ျမန္မာျပည္ေက်းလက္ေတြမွာေတာ့ ေမာ္ေတာ္ဆိုင္ကယ္သံနဲ႔ ေလာ္စပီကာသံေတြကအဆိုးဆုံးျဖစ္ပါလိမ့္မယ္။

လုပ္ငန္းခြင္
ျမန္မာျပည္မွာကေတာ့ လုပ္ငန္းခြင္ က်န္းမာေရးအတြက္ ကာကြယ္ဖို႔ ဥပေဒေတြကလည္း မဖြံ႕ၿဖိဳး၊ ထိေရာက္ေအာင္ စစ္ေဆးတာဝန္ယူမဲ့ အဖြဲ႕ေတြကလည္းမရွိေတာ့ အလြန္ ဆူညံတဲ့ လုပ္ငန္းခြင္မွာ အကာအကြယ္မရွိ အလုပ္လုပ္ၾကရပါတယ္။ စက္႐ုံ၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္၊ သေဘၤာက်င္း၊ တြင္ခုံ၊ ဝပ္ေရွာ့ စတာေတြကေန အထည္ခ်ဳပ္စက္၊ ယကၠန္း႐ုံ၊ ဂိမ္းစင္တာ စတာေတြအထိ လုပ္ငန္း အေတာ္မ်ားမ်ားမွာ အလုပ္လုပ္သူေတြဟာ ဆူညံသံေတြနဲ႔ အလုပ္လုပ္ၾကရပါတယ္

သူတို႔တေတြ နားေလးလ်င္လည္း ဘယ္သူမွ အေရးတယူမရွိၾကပါဘူး။ တကယ္ေတာ့ လုပ္ငန္းသဘာဝအလိုက္ အကာအကြယ္ေတြကို အလုပ္ရွင္က ေပးရမွာပါ။

ေရွ႕တန္းက တပ္မေတာ္သားေတြ အတြက္ကေတာ့ ဆူညံသံေတြကို ကာကြယ္ဖို႔ နားၾကပ္တပ္ထားလ်င္လည္း ေအာ္ဟစ္အမိန္႔ေပးသံေတြၾကားရမွာ မဟုတ္ေတာ့ အၾကားအ႐ုံထိခိုက္မႈဒါဏ္ကို မလြဲမေသြခံရမွာပါ။


မိမိရဲ႕ မဆင္ျခင္မႈေၾကာင့္
စားဝတ္ေနေရးေၾကာင့္ အလုပ္ခြင္ရဲ႕ ဆူညံမႈေၾကာင့္မဟုတ္ဘဲ မိမိရဲ႕ မဆင္ျခင္မႈေၾကာင့္ ဆူညံသံေတြနဲ႔ ေပ်ာ္ေမြ႕ေနသူေတြကေတာ့ ကားေတြမွာ စပီကာႀကီးေတြ subwoofer ေတြတပ္ၿပီးကားႀကီးပါ တုန္ဟီးေနေအာင္ သီခ်င္းဖြင့္သူေတြ၊ အသံေတြဆူညံေအာင္ဖြင့္ထားတဲ့ ဂိမ္းစင္တာေတြမွာ အခ်ိန္ၾကာျမင့္စြာကစားသူေတြနဲ႔  နားၾကပ္သုံးၿပီး ေတးဂီတကို အသံအက်ယ္ဆုံးဖြင့္နားေထာင္သူေတြပါ။


NIHL ကဘာေၾကာင့္ အေရးႀကီးတာလဲ
၁. ဆူညံသံေၾကာင့္ အၾကားအာ႐ုံကို ထိခိုက္သြားၿပီးလ်င္ ကုသလဲ ျပန္မေကာင္းႏိုင္ေတာ့ပါ။ ထိေတြမႈ အခ်ိန္ ၾကာျမင့္သည္ႏွင့္ အမွ် ပ်က္စီးမႈ ပိုမိုဆိုး႐ြားေစပါတယ္။

၂.  NIHL ကအျဖစ္မ်ားၿပီး မိမိကိုယ္မိမိ ျဖစ္မွန္းမသိၾကတာမ်ားပါတယ္၊

၃. NIHL မျဖစ္ေအာင္ ရာႏႈန္းျပည့္ကာကြယ္လို႔ရပါတယ္



အၾကားအာ႐ုံခ်ိဳ႕ယြင္းျခင္းရဲ႕ လကၡဏာမ်ား
-      ၂ ေပအကြာမွ ေျပာေသာ စကားကို ေသခ်ာနားမလည္ျခင္း
-      လူ၂ေယာက္ထက္ပိုၿပီး အခ်ိန္တည္းမွာ စကားေျပာေနလ်င္ စကားကို သဲကြဲစြာမၾကားျခင္း
-      သူတပါးေျပာေသာစကားကို အာ႐ုံအလြန္စိုက္၍နားေထာင္ရျခင္း
-      မိမိဖြင့္ေသာ တီဗြီ အသံ က်ယ္လြန္းသည္ဟု အျခားသူမ်ားက ဆိုလာျခင္း
-      အသံလာရာဖက္ကို မွန္းဆရခက္လာျခင္း၊ နားတဘက္ကို အသံလာရာဖက္လွည့္၍နားေထာင္ရျခင္း
-      ဆူညံမႈမရွိေသာေနရာတြင္ ရွိေနစဥ္ နားထဲမွာ ေလတိုးသံ၊ ေလခြၽန္သံလိုၾကားျခင္း ၊ နားအူျခင္း
-      အခ်ိဳ႕ေသာ အသံ ( စူးရွသံ၊ ႏူးညံ့ေသာအသံ) မ်ားကို ၾကားရန္ ခက္ခဲလာျခင္း၊ လက္ ပတ္နာရီ တစ္ေတာက္ သံ၊ တီးတိုးစကားသံ)


ဘယ္လိုကာကြယ္ၾကမလဲ
ပတ္ဝန္းက်င္ဆူညံသံေတြကို ေလွ်ာ့ခ်ရပါမယ္။ 

လိုအပ္လ်င္ ဥပေဒေတြျပဌာန္းရပါတယ္၊

ဥပမာ အသံခ်ဲ႕ စက္ ဥပေဒ။ အေဝးေျပးလမ္းမႀကီးမ်ားဆိုင္ရာဥေပဒ။  ႏိုင္ငံအေတာ္မ်ားမ်ားမွာ လမ္းမႀကီးေတြရဲ႕ ဆူညံသံကေနကာကြယ္ဖို႔ လူေနအိမ္ေတြနဲ႔ နီးတဲ့ လမ္းမႀကီးေတြ၊ ရထားလမ္းေတြမွာ အသံထိန္းနံရံေတြေဆာက္ထားရပါတယ္။

ဆူညံတဲ့ ေနရာေတြကိုတတ္ႏိုင္သေလာက္ေရွာင္ပါ။ 

မိမိရွိတဲ့ ေနရာမွာ ဆူညံလာလ်င္ အသံေတြနဲ႔ ေဝးရာကို ထြက္သြားပါ။

အထူးသျဖင့္ကေလးငယ္ေတြရဲ႕ အၾကားအာ႐ုံအစိပ္ပိုင္းေတြက ႏုနယ္လို႔ ပိုၿပီး ထိခိုက္လြယ္ပါတယ္။ မိမိဝါသနာပါလို႔ ဆူညံတဲ့ စတိတ္ရႈိးသြားၾကည့္တာ၊ ဂိမ္းဆိုင္မွာ သြားကစားတာကို မိမိကေလးကိုေခၚသြားလ်င္ေတာ့ မိမိရဲ႕ ကေလး အၾကားအာ႐ုံတခ်ိဳ႕ကို လုံးဝပ်က္စီးေစမွာျဖစ္ပါတယ္။ ကေလးေတြကို ဆူညံတဲ့ ေနရာေတြကို ေခၚမသြားသင့္ပါ။

ကေလးငယ္ေတြရွိတဲ့ေနရာ၊ မူႀကိဳေက်ာင္း စသည္တို႔ အနီးမွာ ေလာ္စပီကာႀကီးေတြ အက်ယ္ႀကီးဖြင့္တာဟာလည္း ကေလးေတြရဲ႕ အၾကားအာ႐ုံတခ်ိဳ႕ကို လုံးဝပ်က္စီးေစမွာျဖစ္ပါတယ္။

ကေလးငယ္ေတြရွိတဲ့ေနရာ၊ မူႀကိဳေက်ာင္း စသည္တို႔ကို ေလယာဥ္ကြင္းအနီး ေလယာဥ္တက္ဆင္းလမ္းေၾကာင္းအနားမွာလည္းမထားသင့္ပါ။

ပတ္ဝန္းက်င္ဆူညံသံျဖစ္ေစတဲ့ လုပ္ငန္းေတြကိုလည္း လူေနရပ္ကြက္နဲ႔ ေဝးရာမွာသာ ခြင့္ျပဳရပါမယ္။

စံခ်ိန္မွီတဲ့ နားအကာအကြယ္ေတြသုံးပါ။

မလႊဲသာလို႔ ဆူညံသံေတြနဲ႔ အတူေနရမယ္၊ အလုပ္လုပ္ရမယ္ဆိုလ်င္ စံခ်ိန္မွီတဲ့ နားအကာအကြယ္ေတြသုံးပါ။

ဆူညံတဲ့ လုပ္ငန္းခြင္မွာ အလုပ္လုပ္သူေတြကို ဆူညံသံကာကြယ္တဲ့ ပစၥည္းေတြကို အလုပ္ရွင္မွ ထုတ္ေပးရန္နဲ႔ မျဖစ္မေနသုံးၾကရန္ ဥပေဒထုတ္ျပန္ၿပီး သုံးမသုံး စိစစ္အေရးယူရပါမယ္၊

နားအကာအကြယ္ေတြမွာ နားကိုအုပ္ထားတဲ့နားၾကပ္ Earmuff နဲ႔  နားထဲထည့္ပိတ္ထားတဲ့ ear plug ဆိုၿပီး ၂မ်ိဳးရွိပါတယ္။ ear plug မွာလည္း ေဖါ့ဆို႔ ear plug နဲ႔ နားအေခါင္းပုံနဲ႔ အံဝင္ေအာင္လုပ္ထားတဲ့ ear plug, နားထဲ အျပည့္မဝင္တဲ့ ear plugဆိုၿပီး အမ်ိဳးမ်ိဳးရွိပါတယ္။ ဘာကိုပဲသုံးသုံး အသံေသခ်ာလုံဖို႔လိုသလို အဲ ဒီပစၥည္းေတြကို ေသခ်ာ သန္႔ရွင္းေရးလုပ္ေပးဖို႔လည္းအေရးႀကီးပါတယ္။

သီးခ်င္းနားေထာင္တဲ့ နားၾကပ္ေတြကို ဆူညံသံကာကြယ္တဲ့ နားၾကပ္အေနနဲ႔ အစားထို႔းသုံးလို႔ မရပါဘူးလို႔ဆိုပါတယ္။



တကိုယ္ရည္ကာကြယ္မႈ

လူငယ္ေတြၾကားမွာေတာ့ အဓိက NIHL ျဖစ္ေစတာက PMP Portable Media Player  ဥပမာ အမ္ပီသရီး လိုမ်ိဳး ၊ အခုေခတ္မွာေတာ့ မိုဘိုင္းဖုန္းေတြက ေန ေတးဂီေတြကို နားၾကပ္နဲ႔ နားေထာင္းတာ၊ ဂိမ္းကစားလ်င္ နားၾကပ္နဲ႔တပ္ကစားတာတါေတြေၾကာင့္ျဖစ္တာမ်ားလာပါတယ္။

အေမရိကန္ American Academy of Audiology  က အဲဒီလို Portable Media Player  ေၾကာင့္ အၾကားအာ႐ုံထိခိုက္မႈကို ကာကြယ္ဖို႔ အသံခလုပ္ကိုတိုးတဲ့ ဘက္(ဝဲဘက္) ကိုလွည့္ပါဆိုၿပီး  Turn it to the left ဆိုတဲ့ ကမ္ပိန္းလုပ္ၿပီး ပညာေပးပါတယ္ သူ႔ရဲ႕ ဝဘ္ဆိုက္က ဒီမွာပါ။ http://www.turnittotheleft.org/

စကၤာပူ အမ်ိဳးသားတကၠသိုလ္ကလည္း ေအာက္ပါအတိုင္း အႀကံျပဳထားပါတယ္။

၁။ နားၾကပ္သုံးၿပီး ေန႔စဥ္ ေတးဂီတနားေထာင္တဲ့ ခ်ိန္ကို ေလွ်ာ့ခ်ရန္။

၂။  နားၾကပ္သုံးၿပီး ေတးဂီတနားေထာင္လ်င္ ဆက္တိုက္ ၆ နာရီထက္ မပိုေစရန္။

၃။ ျဖစ္ႏိုင္လ်င္ နားၾကပ္အစား စပီကာဖြင့္ၿပီးနားေထာင္ရန္။

၄။ နားေထာင္လ်င္ အသံက်ယ္စြမ္း၏ ၇၀ ရာခိုင္ႏႈန္းထက္ပိုၿပီး မက်ယ္ေစရန္

၅။ မၾကာခဏ (သို႔) အၿမဲတေစ နားအူလ်င္ ဆရာဝန္ႏွင့္ျပပါ။

အခုေခတ္ကေလးငယ္ေတြမွာလည္း ေတးဂီတသံထြက္တဲ့ ကစားစရာေတြ၊ မိုဘိုင္းဖုန္း ဂိမ္းေတြက က်ယ္လြန္း တဲ့အသံေတြဟာ သူတို႔ရဲ႕ ႏုနယ္တဲ့ နားေတြရဲ႕ ႀကီးမားတဲ့ အႏၲရာယ္ပါ။ လူႀကီးေတြကလည္း အဲဒီဆူညံသံေတြကို သတိမူမိၾကတာမ်ားပါတယ္။



လူတိုင္းဟာ အသက္ႀကီးလာတာနဲ႔ အမွ် အၾကားအား႐ုံေလ်ာ့က်လာပါတယ္။ အဲဒီအေပၚမွာ ကာကြယ္လို႔ရလ်က္ ဆူညံသံကိုမကာကြယ္မိလို႔ အၾကားအား႐ုံပ်က္စီးမႈက ထပ္ဆင့္လာလ်င္ေတာ့ အ႐ြယ္မတိုင္မီႀကီးမားတဲ့ ဆုံးရႈံးမႈပဲျဖစ္ပါတယ္။

အဲလို႔မျဖစ္ေအာင္ ဆူညံသံေတြကို အားလုံးက ညီညီၫြတ္ၫြတ္ဝိုင္းဝန္း ကာကြယ္တားဆီးၾကဖို႔လိုအပ္ပါတယ္။

အထူးသျဖင့္ မသိနားမလည္တဲ့ ကေလးေတြမွာ ဆူညံသံေၾကာင့္ ျဖစ္ေသာ အၾကားအာ႐ုံ ပ်က္စီး ခ်ိဳ႕ယြင္းမႈမျဖစ္ၾကေစဖို႔ ဝိုင္း မိဘေတြ၊ ဆရာေတြနဲ႔ လူ႔အသိုင္းအဝိုင္းတခုလုံးက ဝိုင္းဝန္းကာကြယ္ၾကရမွာျဖစ္ပါတယ္။

ဆူညံမႈေဘးမွ ေရွာင္ရွားႏိုင္ၾကပါေစ

ဖိုးသုည

21/05/2018





NIHL Noise Induced Hearing Loss (ဆူညံသံကြောင့် ဖြစ်သော အကြားအာရုံ ပျက်စီး ချို့ယွင်းမှု) (Unicode)
လူအများစု ၊ အထူးသဖြင့် မြန်မာပြည်သူအများစု သတိမမူမိသော ကျန်းမာရေးပြသနာတခုပါ။
ဆူညံသံကို အချိန်ကြာမြင့်စွာ ထိတွေသူတို့မှာ ဖြစ်ပေါ်တဲ့၊ ပြန်လည်ကောင်းမွန်မလာနိုင်တော့တဲ့ အကြားအာရုံ ပျက်စီး ချို့ယွင်းမှု  (နားလေးခြင်း နားထိုင်းခြင်း) ကို ဆိုလိုတာပါ။

ဘယ်လောက် အဖြစ်များသလဲ

အမေရိကန် CDC ဌာနရဲ့ ထုတ်ပြန်ချက်အရ
အမေရိကန် ဆယ်ယောက်မှာ တယောက်က သာမန်စကားသံကို နားလည်နိုင်စွမ်း မရှိတော့တဲ့ နားလေး ခြင်းကို ခံစားနေရတယ်ဆိုပါတယ်။
မိမိကိုယ် မိမိ အကြားအာရုံ အလွန်ကောင်းပါတယ်လို့ဆိုသူ အသက် ၂၀ နဲ့ ၆၅ နှစ်ကြား ရှိသူတွေရဲ့ ၂၄ ရာနှုန်းဟာ (တိုင်းတာလို့ ရသော) အကြားအာရုံ ချိုနဲ့ မှု ရှိနေပါတယ်။
အသက် ၂၀ နဲ့ ၆၅ နှစ်ကြား အမေရိကန် တွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင် ဆူညံမှု (သို့) အပျော်အပါးကနေရတဲ့ ဆူညံမှုတွေကြောင့် ကြိမ်းနှုန်းမြင့် အသံတွေကို မကြားနိုင်တဲ့ နားလေးခြင်းမျိုးကို ခံစားနေကြရပါတယ်။
ဒါတောင် အမေရိကဆိုတာ ဆူညံသံကာကွယ်ဖို့ ဥပဒေတွေ၊ လုပ်ငန်းခွင် ကာကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းတွေကို မသုံးမနေရလို့ ဥပဒေတွေပြဌာန်းထားတဲ့ နိုင်ငံပါ။

ဆူညံသံကို ဘယ်လို သတ်မှတ်မလဲ

အသံဆူညံမှုကို ဒက်ဆီဘယ် (dB) နဲ့တိုင်းပါတယ်။
အသံ ဖြစ်ပေါ်ပုံအလိုက်ဆူညံမှု အတိုင်းအတာကို ဒီဇယားမှာ ပြထားပါတယ်။

Approximate Decibel Level
Examples
0 dB
ကြားနိုင်သော အတိုးဆုံးအသံ
30 dB
တိတ်ဆိတ်သောအခန်းမှာ ကြားနိုင်သောတီးတိုးသံ
60 dB
သာမန် စကားသံ၊ အပ်ချုပ်စက်သံ၊ လက်နှိပ်စက်ရိုက်သံ
85 dB
ယာဉ်အသွားလာထူထပ်သောမြို့ကြီးများ။ လူစည်ကားသောစားသောက်ဆိုင်
85 dB နှင့် အထက်လူညံသံကို ကြာရှည်စွာထိတွေ့ပါက အဖြည်းဖြည်းအကြားအာရုံချို့တဲ့မှုဖြစ်နိုင်သည်။
90 dB
မြက်ရိတ်စက်သံ၊ ကရီယာတန်ဆာပလာသံ၊ ထရပ်ကားသံ၊
** အကာအကွယ်မပါဘဲ ဤ အသံအဆင့်ကို တနေ့လျင် ၈ နာရီထက်ပို၍ မထိတွေ့သင့် (protects 90% of people).
95 dB
** အကာအကွယ်မပါဘဲ ဤ အသံအဆင့်ကို တနေ့လျင် 4 နာရီထက်ပို၍ မထိတွေ့သင့်
100 dB
လွှစက်၊ ကွန်ကရိဖေါက်စက်၊ နှင်းရှင်းစက်၊
**အကာအကွယ်မပါဘဲ  ဤအသံအဆင့်ကို တနေ့လျင် ၁၅ မိနစ် ထက်ပို၍ မထိတွေ့သင့်
105 dB
MP3 player at maximum volume အမ်ပီသရီးကိုအသံအကျယ်ဆုံးဖွင့်သံ
115 dB
သံချေးခွာရန် သဲမှုန်မှုတ်ခြင်း၊ ဆူညံသော ရော့ခ် ဂီတပွဲ၊ ကားဟွန်းသံ၊
** ရပ်ကွက်ထဲက လော်စပီကာတွေအဆက်မပြတ်ဖွင့်ပြီး အလှူခံတာတွေဟာ ဒီထဲမှာပါပါတယ်။
** အသံတွေဆူညံအောင်ဖွင့်ထားတဲ့ ဂိမ်းစင်တာတွေ
**အကာအကွယ်မပါဘဲ  ဤအသံအဆင့်ကို တနေ့လျင် ၁ မိနစ် ထက်ပို၍ မထိတွေ့သင့်
140 dB
သေနတ်ပြောင်းဝမှ အသံ၊ ဂျက် အင်ဂျင်သံ။ ဗြောက်အိုးဖေါက်သံ
**အကာအကွယ်မပါဘဲ  ဤအသံအဆင့်ကို ခေတ္တထိတွေ့လျင်ပင် နားတွင်းနာကျင်မှုကို ခံစားရနိုင်သည်။



ဆူညံသံတွေကို ဘယ်လို ထိတွေ့ကြသလဲ

ပတ်ဝန်းကျင်

မြို့ကြီးပြကြီးတွေမှာကားတွေ ရထားတွေ အပြင် လူသံတါေနဲ့ ဆူညံမှုပိုများပါတယ်။ ကျေးလက်ဒေသတွေမှာတော့ လုပ်ငန်းခွင်တွေမှာသာ ဆူညံတာများပါတယ်။ ယာဉ်အသွားအလာများတဲ့ အဝေးပြးလမ်းမတွေနားမှာရှိတဲ့ ရွာတွေမှာလည်းဆူညံသံဒါဏ်ကိုခံရပါတယ်။ မြန်မာပြည်ကျေးလက်တွေမှာတော့ မော်တော်ဆိုင်ကယ်သံနဲ့ လော်စပီကာသံတွေကအဆိုးဆုံးဖြစ်ပါလိမ့်မယ်။

လုပ်ငန်းခွင်

မြန်မာပြည်မှာကတော့ လုပ်ငန်းခွင် ကျန်းမာရေးအတွက် ကာကွယ်ဖို့ ဥပဒေတွေကလည်း မဖွံ့ဖြိုး၊ ထိရောက်အောင် စစ်ဆေးတာဝန်ယူမဲ့ အဖွဲ့တွေကလည်းမရှိတော့ အလွန် ဆူညံတဲ့ လုပ်ငန်းခွင်မှာ အကာအကွယ်မရှိ အလုပ်လုပ်ကြရပါတယ်။ စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ သင်္ဘောကျင်း၊ တွင်ခုံ၊ ဝပ်ရှော့ စတာတွေကနေ အထည်ချုပ်စက်၊ ယက္ကန်းရုံ၊ ဂိမ်းစင်တာ စတာတွေအထိ လုပ်ငန်း အတော်များများမှာ အလုပ်လုပ်သူတွေဟာ ဆူညံသံတွေနဲ့ အလုပ်လုပ်ကြရပါတယ်
သူတို့တတွေ နားလေးလျင်လည်း ဘယ်သူမှ အရေးတယူမရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းသဘာဝအလိုက် အကာအကွယ်တွေကို အလုပ်ရှင်က ပေးရမှာပါ။
ရှေ့တန်းက တပ်မတော်သားတွေ အတွက်ကတော့ ဆူညံသံတွေကို ကာကွယ်ဖို့ နားကြပ်တပ်ထားလျင်လည်း အော်ဟစ်အမိန့်ပေးသံတွေကြားရမှာ မဟုတ်တော့ အကြားအရုံထိခိုက်မှုဒါဏ်ကို မလွဲမသွေခံရမှာပါ။

 

မိမိရဲ့ မဆင်ခြင်မှုကြောင့်

စားဝတ်နေရေးကြောင့် အလုပ်ခွင်ရဲ့ ဆူညံမှုကြောင့်မဟုတ်ဘဲ မိမိရဲ့ မဆင်ခြင်မှုကြောင့် ဆူညံသံတွေနဲ့ ပျော်မွေ့နေသူတွေကတော့ ကားတွေမှာ စပီကာကြီးတွေ subwoofer တွေတပ်ပြီးကားကြီးပါ တုန်ဟီးနေအောင် သီချင်းဖွင့်သူတွေ၊ အသံတွေဆူညံအောင်ဖွင့်ထားတဲ့ ဂိမ်းစင်တာတွေမှာ အချိန်ကြာမြင့်စွာကစားသူတွေနဲ့  နားကြပ်သုံးပြီး တေးဂီတကို အသံအကျယ်ဆုံးဖွင့်နားထောင်သူတွေပါ။

 

NIHL ကဘာကြောင့် အရေးကြီးတာလဲ

၁. ဆူညံသံကြောင့် အကြားအာရုံကို ထိခိုက်သွားပြီးလျင် ကုသလဲ ပြန်မကောင်းနိုင်တော့ပါ။ ထိတွေမှု အချိန် ကြာမြင့်သည်နှင့် အမျှ ပျက်စီးမှု ပိုမိုဆိုးရွားစေပါတယ်။
၂.  NIHL ကအဖြစ်များပြီး မိမိကိုယ်မိမိ ဖြစ်မှန်းမသိကြတာများပါတယ်၊
၃. NIHL မဖြစ်အောင် ရာနှုန်းပြည့်ကာကွယ်လို့ရပါတယ်

အကြားအာရုံချို့ယွင်းခြင်းရဲ့ လက္ခဏာများ

  • -      ၂ ပေအကွာမှ ပြောသော စကားကို သေချာနားမလည်ခြင်း
  • -      လူ၂ယောက်ထက်ပိုပြီး အချိန်တည်းမှာ စကားပြောနေလျင် စကားကို သဲကွဲစွာမကြားခြင်း
  • -      သူတပါးပြောသောစကားကို အာရုံအလွန်စိုက်၍နားထောင်ရခြင်း
  • -      မိမိဖွင့်သော တီဗွီ အသံ ကျယ်လွန်းသည်ဟု အခြားသူများက ဆိုလာခြင်း
  • -      အသံလာရာဖက်ကို မှန်းဆရခက်လာခြင်း၊ နားတဘက်ကို အသံလာရာဖက်လှည့်၍နားထောင်ရခြင်း
  • -      ဆူညံမှုမရှိသောနေရာတွင် ရှိနေစဉ် နားထဲမှာ လေတိုးသံ၊ လေချွန်သံလိုကြားခြင်း ၊ နားအူခြင်း
  • -      အချို့သော အသံ ( စူးရှသံ၊ နူးညံ့သောအသံ) များကို ကြားရန် ခက်ခဲလာခြင်း၊ လက် ပတ်နာရီ တစ်တောက် သံ၊ တီးတိုးစကားသံ)


ဘယ်လိုကာကွယ်ကြမလဲ

ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချရပါမယ်။ 
လိုအပ်လျင် ဥပဒေတွေပြဌာန်းရပါတယ်၊
ဥပမာ အသံချဲ့ စက် ဥပဒေ။ အဝေးပြေးလမ်းမကြီးများဆိုင်ရာဥပေဒ။  နိုင်ငံအတော်များများမှာ လမ်းမကြီးတွေရဲ့ ဆူညံသံကနေကာကွယ်ဖို့ လူနေအိမ်တွေနဲ့ နီးတဲ့ လမ်းမကြီးတွေ၊ ရထားလမ်းတွေမှာ အသံထိန်းနံရံတွေဆောက်ထားရပါတယ်။
ဆူညံတဲ့ နေရာတွေကိုတတ်နိုင်သလောက်ရှောင်ပါ။ 
မိမိရှိတဲ့ နေရာမှာ ဆူညံလာလျင် အသံတွေနဲ့ ဝေးရာကို ထွက်သွားပါ။
အထူးသဖြင့်ကလေးငယ်တွေရဲ့ အကြားအာရုံအစိပ်ပိုင်းတွေက နုနယ်လို့ ပိုပြီး ထိခိုက်လွယ်ပါတယ်။ မိမိဝါသနာပါလို့ ဆူညံတဲ့ စတိတ်ရှိုးသွားကြည့်တာ၊ ဂိမ်းဆိုင်မှာ သွားကစားတာကို မိမိကလေးကိုခေါ်သွားလျင်တော့ မိမိရဲ့ ကလေး အကြားအာရုံတချို့ကို လုံးဝပျက်စီးစေမှာဖြစ်ပါတယ်။ ကလေးတွေကို ဆူညံတဲ့ နေရာတွေကို ခေါ်မသွားသင့်ပါ။
ကလေးငယ်တွေရှိတဲ့နေရာ၊ မူကြိုကျောင်း စသည်တို့ အနီးမှာ လော်စပီကာကြီးတွေ အကျယ်ကြီးဖွင့်တာဟာလည်း ကလေးတွေရဲ့ အကြားအာရုံတချို့ကို လုံးဝပျက်စီးစေမှာဖြစ်ပါတယ်။
ကလေးငယ်တွေရှိတဲ့နေရာ၊ မူကြိုကျောင်း စသည်တို့ကို လေယာဉ်ကွင်းအနီး လေယာဉ်တက်ဆင်းလမ်းကြောင်းအနားမှာလည်းမထားသင့်ပါ။
ပတ်ဝန်းကျင်ဆူညံသံဖြစ်စေတဲ့ လုပ်ငန်းတွေကိုလည်း လူနေရပ်ကွက်နဲ့ ဝေးရာမှာသာ ခွင့်ပြုရပါမယ်။
စံချိန်မှီတဲ့ နားအကာအကွယ်တွေသုံးပါ။
မလွှဲသာလို့ ဆူညံသံတွေနဲ့ အတူနေရမယ်၊ အလုပ်လုပ်ရမယ်ဆိုလျင် စံချိန်မှီတဲ့ နားအကာအကွယ်တွေသုံးပါ။
ဆူညံတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်သူတွေကို ဆူညံသံကာကွယ်တဲ့ ပစ္စည်းတွေကို အလုပ်ရှင်မှ ထုတ်ပေးရန်နဲ့ မဖြစ်မနေသုံးကြရန် ဥပဒေထုတ်ပြန်ပြီး သုံးမသုံး စိစစ်အရေးယူရပါမယ်၊
နားအကာအကွယ်တွေမှာ နားကိုအုပ်ထားတဲ့နားကြပ် Earmuff နဲ့  နားထဲထည့်ပိတ်ထားတဲ့ ear plug ဆိုပြီး ၂မျိုးရှိပါတယ်။ ear plug မှာလည်း ဖေါ့ဆို့ ear plug နဲ့ နားအခေါင်းပုံနဲ့ အံဝင်အောင်လုပ်ထားတဲ့ ear plug, နားထဲ အပြည့်မဝင်တဲ့ ear plugဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဘာကိုပဲသုံးသုံး အသံသေချာလုံဖို့လိုသလို အဲ ဒီပစ္စည်းတွေကို သေချာ သန့်ရှင်းရေးလုပ်ပေးဖို့လည်းအရေးကြီးပါတယ်။
သီးချင်းနားထောင်တဲ့ နားကြပ်တွေကို ဆူညံသံကာကွယ်တဲ့ နားကြပ်အနေနဲ့ အစားထို့းသုံးလို့ မရပါဘူးလို့ဆိုပါတယ်။

တကိုယ်ရည်ကာကွယ်မှု
လူငယ်တွေကြားမှာတော့ အဓိက NIHL ဖြစ်စေတာက PMP Portable Media Player  ဥပမာ အမ်ပီသရီး လိုမျိုး ၊ အခုခေတ်မှာတော့ မိုဘိုင်းဖုန်းတွေက နေ တေးဂီတွေကို နားကြပ်နဲ့ နားထောင်းတာ၊ ဂိမ်းကစားလျင် နားကြပ်နဲ့တပ်ကစားတာတါတွေကြောင့်ဖြစ်တာများလာပါတယ်။
အမေရိကန် American Academy of Audiology  က အဲဒီလို Portable Media Player  ကြောင့် အကြားအာရုံထိခိုက်မှုကို ကာကွယ်ဖို့ အသံခလုပ်ကိုတိုးတဲ့ ဘက်(ဝဲဘက်) ကိုလှည့်ပါဆိုပြီး  Turn it to the left ဆိုတဲ့ ကမ်ပိန်းလုပ်ပြီး ပညာပေးပါတယ် သူ့ရဲ့ ဝဘ်ဆိုက်က ဒီမှာပါ။ http://www.turnittotheleft.org/
စင်္ကာပူ အမျိုးသားတက္ကသိုလ်ကလည်း အောက်ပါအတိုင်း အကြံပြုထားပါတယ်။
၁။ နားကြပ်သုံးပြီး နေ့စဉ် တေးဂီတနားထောင်တဲ့ ချိန်ကို လျှော့ချရန်။
၂။  နားကြပ်သုံးပြီး တေးဂီတနားထောင်လျင် ဆက်တိုက် ၆ နာရီထက် မပိုစေရန်။
၃။ ဖြစ်နိုင်လျင် နားကြပ်အစား စပီကာဖွင့်ပြီးနားထောင်ရန်။
၄။ နားထောင်လျင် အသံကျယ်စွမ်း၏ ၇၀ ရာခိုင်နှုန်းထက်ပိုပြီး မကျယ်စေရန်
၅။ မကြာခဏ (သို့) အမြဲတစေ နားအူလျင် ဆရာဝန်နှင့်ပြပါ။
အခုခေတ်ကလေးငယ်တွေမှာလည်း တေးဂီတသံထွက်တဲ့ ကစားစရာတွေ၊ မိုဘိုင်းဖုန်း ဂိမ်းတွေက ကျယ်လွန်း တဲ့အသံတွေဟာ သူတို့ရဲ့ နုနယ်တဲ့ နားတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ပါ။ လူကြီးတွေကလည်း အဲဒီဆူညံသံတွေကို သတိမူမိကြတာများပါတယ်။

လူတိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ အကြားအားရုံလျော့ကျလာပါတယ်။ အဲဒီအပေါ်မှာ ကာကွယ်လို့ရလျက် ဆူညံသံကိုမကာကွယ်မိလို့ အကြားအားရုံပျက်စီးမှုက ထပ်ဆင့်လာလျင်တော့ အရွယ်မတိုင်မီကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။
အဲလို့မဖြစ်အောင် ဆူညံသံတွေကို အားလုံးက ညီညီညွတ်ညွတ်ဝိုင်းဝန်း ကာကွယ်တားဆီးကြဖို့လိုအပ်ပါတယ်။
အထူးသဖြင့် မသိနားမလည်တဲ့ ကလေးတွေမှာ ဆူညံသံကြောင့် ဖြစ်သော အကြားအာရုံ ပျက်စီး ချို့ယွင်းမှုမဖြစ်ကြစေဖို့ ဝိုင်း မိဘတွေ၊ ဆရာတွေနဲ့ လူ့အသိုင်းအဝိုင်းတခုလုံးက ဝိုင်းဝန်းကာကွယ်ကြရမှာဖြစ်ပါတယ်။
ဆူညံမှုဘေးမှ ရှောင်ရှားနိုင်ကြပါစေ
ဖိုးသုည
21/05/2018

References