Thursday 22 August 2019

ဆီးခ်ိဳေရာဂါနဲ႔ အိုမီဂါသရီး (ဆီးချိုရောဂါနဲ့ အိုမီဂါသရီး)

ဆီးခ်ိဳေရာဂါနဲ႔ အိုမီဂါသရီး

မေန႔က ၂၀၁၉ ဩဂုတ္လ ၂၁ ရက္မွာ ၿဗိတိသွ်ေဆးဂ်ာနယ္မွာ ေဖၚျပခဲ့တဲ့ သုေတသနေတြ႕ရွိခ်က္ အရ လူအမ်ားအားကိုးစားသုံးေနတဲ့ ငါးႀကီးဆီမွာပါတဲ့ omega-3, omega-6, နဲ႔ total polyunsaturated fatty acids (PUFA) တို႔က အရင္က ယူဆထားသလို Type II Diabetes ဆိုတဲ့ လူႀကီး ဆီးခ်ိဳေရာဂါေတြကို မျဖစ္ေအာင္ ကာကြယ္မႉ မေပးႏိုင္သလို အဲဒီဆီးခ်ိဳကို ကုသရာမွာလည္း အေထာက္အကူမျပဳဘူးလို႔ ဆိုပါတယ္။
အခုေတြ႕ရွိခ်က္က စနစ္တက်လုပ္ထားတဲ့ ( randomised controlled trials ) သုေတသနေပါင္း ၈၃ ခုကို ေသေသခ်ာခ်ာစနစ္တက် ျပန္လည္ေလ့လာသုံးသပ္ထားတဲ့ Meta analysis လို႔ေခၚတဲ့ အလြန္ခိုင္မာတဲ့ ေဆးသုေတသန ေလ့လာေတြ႕ရွိခ်က္တခုျဖစ္ပါတယ္။
ေသြးထဲမွာ Triglyceride ဆိုတဲ့ အဆီတမ်ိဳးျမင့္တက္ေနျခင္းက  ဆီးခ်ိဳေရာဂါျဖစ္ေစတဲ့ အေၾကာင္းေတြထဲက တခုျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဲဒီ Triglyceride ကိုေလ်ာ့ခ်ခ်င္းျဖင့္ ဆီးခ်ိဳေရာဂါျဖစ္ေစႏိုင္တဲ့ေဘးကို အထိုက္အေလွ်ာက္ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါရွိသူေတြမွာလည္း Triglyceride ျမင့္တက္ေနလ်င္လည္းေလွ်ာ့ခ်ေပးရပါတယ္။
အဲဒီလို Triglyceride ကိုေလွ်ာ့ခ်ရာမွာ Omega 3 ကလည္းကူညီေပးပါတယ္။
အခုေတြ႕ရွိခ်က္ကေတာ့ Omega 3  ကိုစားသုံးေပး႐ုံနဲ႔ ဆီးခ်ိဳ မျဖစ္ေအာင္ ကာကြယ္ မေပးႏိုင္သလို ဆီးခ်ိဳရွိသူေတြမွာ လည္း Omega 3  က သၾကားဓါတ္ကို ေလွ်ာ့ခ်ဖို႔ ဘာမွ လုပ္မေပးႏိုင္ဘူးလို႔ဆိုလိုတာပါ၊
အဆီများသောပင်လယ်ငါးကြီးများကို စားသုံးခြင်းက မီဂါဆေးတောင့်များကို စားခြင်းထက်  ပိုကောင်းပါသည်၊ (အဆီမ်ားေသာပင္လယ္ငါးႀကီးမ်ားကို စားသုံးျခင္းက မီဂါေဆးေတာင့္မ်ားကို စားျခင္းထက္  ပိုေကာင္းပါသည္၊)

ဒီေတြ႕ရွိခ်က္ေၾကာင့္ Omega 3  ဟာလုံးဝ အသုံးမက်ဘူးလို႔ ဆိုလိုတာေတာ့မဟုတ္ပါဘူး။ သူက ခႏၶာကိုယ္ က်န္းမာေရးအတြက္  တျခားနည္းနဲ႔ အက်ိဳးျပဳတာေတြအမ်ားႀကီးရွိပါတယ္။
သူက လူကိုဒုကၡေပးတဲ့ VLDL တို႔ Triglyceride ကိုေလွ်ာ့ခ်ေပးသလို ေကာင္းက်ိဳးေပးတဲ့ HDL တက္ဖို႔ လည္းအသုံးတည့္ပါတယ္၊ တခ်ိန္တည္းမွာပဲ  Omega 3 ကေဘးဥပါဒ္ေပးတယ္ဆိုတဲ့ အေထာက္မထားလည္းမေတြ႕ပါဘူး။
Diabetes UK နဲ႔ industry-funded Health and Food Supplements Information Service (HSIS) က ပညာရွင္ေတြကေတာ့ Omega 3 ေဆးေတာင့္ေတြလို ျဖည့္စြက္စာေတြကို ေငြကုန္ေၾကးက်ခံ ဝယ္ေသာက္ေနမယ့္အစား ပုံမွန္ကိုယ္လက္ လႈပ္ရွား ( အနည္းဆုံး တေန႔နာရီဝက္နဲ တပတ္ကို ၅ ရက္) လုပ္ျခင္း၊ အဆီမ်ားတဲ့ ပင္လယ္ငါးနဲ႔  က်န္းမာေရးနဲ႔ ညီၫြတ္ေသာအစာအစာမ်ားကိုစားသုံးျခင္း က ပိုၿပီး အက်ိဳးရွိပါတယ္လို႔ဆိုထားေၾကာင္းပါ။
က်န္းမာေရးနဲ႔ ညီၫြတ္တဲ့  Healthy Plate ဆိုတာ ႏိုင္ငံတခုနဲ႔ တခု နည္းနည္းကြာေပမယ့္ အေျခခံအားျဖင့္ေတာ့တူပါတယ္။
ျမန္မာနဲ႔ နီးစပ္တဲ့ စကၤာပူ က Healthy Plate ကိုနမူနာျပထားပါတယ္။
Healthy Plate ( NUS), Singapore 

Harvard University

ဖိုးသုည
22/08/2019



ဆီးချိုရောဂါနဲ့ အိုမီဂါသရီး

မနေ့က ၂၀၁၉ ဩဂုတ်လ ၂၁ ရက်မှာ ဗြိတိသျှဆေးဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ သုတေသနတွေ့ရှိချက် အရ လူအများအားကိုးစားသုံးနေတဲ့ ငါးကြီးဆီမှာပါတဲ့ omega-3, omega-6, နဲ့ total polyunsaturated fatty acids (PUFA) တို့က အရင်က ယူဆထားသလို Type II Diabetes ဆိုတဲ့ လူကြီး ဆီးချိုရောဂါတွေကို မဖြစ်အောင် ကာကွယ်မှူ မပေးနိုင်သလို အဲဒီဆီးချိုကို ကုသရာမှာလည်း အထောက်အကူမပြုဘူးလို့ ဆိုပါတယ်။
အခုတွေ့ရှိချက်က စနစ်တကျလုပ်ထားတဲ့ ( randomised controlled trials ) သုတေသနပေါင်း ၈၃ ခုကို သေသေချာချာစနစ်တကျ ပြန်လည်လေ့လာသုံးသပ်ထားတဲ့ Meta analysis လို့ခေါ်တဲ့ အလွန်ခိုင်မာတဲ့ ဆေးသုတေသန လေ့လာတွေ့ရှိချက်တခုဖြစ်ပါတယ်။
သွေးထဲမှာ Triglyceride ဆိုတဲ့ အဆီတမျိုးမြင့်တက်နေခြင်းက  ဆီးချိုရောဂါဖြစ်စေတဲ့ အကြောင်းတွေထဲက တခုဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ Triglyceride ကိုလျော့ချချင်းဖြင့် ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ဘေးကို အထိုက်အလျှောက်လျှော့ချနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း Triglyceride မြင့်တက်နေလျင်လည်းလျှော့ချပေးရပါတယ်။ 
အဲဒီလို Triglyceride ကိုလျှော့ချရာမှာ Omega 3 ကလည်းကူညီပေးပါတယ်။
အခုတွေ့ရှိချက်ကတော့ Omega 3  ကိုစားသုံးပေးရုံနဲ့ ဆီးချို မဖြစ်အောင် ကာကွယ် မပေးနိုင်သလို ဆီးချိုရှိသူတွေမှာ လည်း Omega 3  က သကြားဓါတ်ကို လျှော့ချဖို့ ဘာမှ လုပ်မပေးနိုင်ဘူးလို့ဆိုလိုတာပါ၊
ဒီတွေ့ရှိချက်ကြောင့် Omega 3  ဟာလုံးဝ အသုံးမကျဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ သူက ခန္ဓာကိုယ် ကျန်းမာရေးအတွက်  တခြားနည်းနဲ့ အကျိုးပြုတာတွေအများကြီးရှိပါတယ်။
သူက လူကိုဒုက္ခပေးတဲ့ VLDL တို့ Triglyceride ကိုလျှော့ချပေးသလို ကောင်းကျိုးပေးတဲ့ HDL တက်ဖို့ လည်းအသုံးတည့်ပါတယ်၊ တချိန်တည်းမှာပဲ  Omega 3 ကဘေးဥပါဒ်ပေးတယ်ဆိုတဲ့ အထောက်မထားလည်းမတွေ့ပါဘူး။
Diabetes UK နဲ့ industry-funded Health and Food Supplements Information Service (HSIS) က ပညာရှင်တွေကတော့ Omega 3 ဆေးတောင့်တွေလို ဖြည့်စွက်စာတွေကို ငွေကုန်ကြေးကျခံ ဝယ်သောက်နေမယ့်အစား ပုံမှန်ကိုယ်လက် လှုပ်ရှား ( အနည်းဆုံး တနေ့နာရီဝက်နဲ တပတ်ကို ၅ ရက်) လုပ်ခြင်း၊ အဆီများတဲ့ ပင်လယ်ငါးနဲ့  ကျန်းမာရေးနဲ့ ညီညွတ်သောအစာအစာများကိုစားသုံးခြင်းက ပိုပြီး အကျိုးရှိပါတယ်လို့ဆိုထားကြောင်းပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့  Healthy Plate ဆိုတာ နိုင်ငံတခုနဲ့ တခု နည်းနည်းကွာပေမယ့် အခြေခံအားဖြင့်တော့တူပါတယ်။
မြန်မာနဲ့ နီးစပ်တဲ့ စင်္ကာပူ က Healthy Plate ကိုနမူနာပြထားပါတယ်။
ဖိုးသုည
22/08/2019
 ကိုးကား


Saturday 8 June 2019

လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ ကာလသားေရာဂါရ (လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက် ကာလသားရောဂါရ)


ကာလသားေရာဂါ ကူးစက္ခံရသူ တေန႔တသန္းေက်ာ္ရွိေန

ကမာၻ႔က်န္းမာေရးအဖြဲ႕ပႀကီးက ၂၀၁၉ ဇြန္ ၂ ရက္က ထုတ္ျပန္တဲ့ သတင္းတခုမွာ

" ယေန႔ ကမာၻတြင္ ေသခ်ာကုသလ်င္ ေပ်ာက္ကင္းႏိုင္ေသာ ကာလသားေရာဂါ sexually transmitted infections (STIs) ကူးစက္ခံရသူ  ေန႔စဥ္ တေန႔တသန္းေက်ာ္ရွိေန" တယ္လို႔ဆိုပါတယ္။

သုေတသနေတြ႕ရွိခ်က္မ်ားအရ ႏွစ္စဥ္ အသက္ ၁၅ ႏွစ္ နဲ႔ ၄၉ ႏွစ္ၾကား လူဦးေရ ၃၇၅ သန္းဟာ  chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားေရာဂါေတြကို ကူးစက္ခံေနရတယ္ဆိုပါတယ္။

တနည္းအားျဖင့္ လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ဟာ အဆိုပါကာလသားေရာဂါတခုခုသို႔မဟုတ္ထိုထက္ပိုၿပီး ကူးစက္ခံေနရတာပါ။

စာရင္းမ်ားအရ ၂၀၁၆  ႏွစ္မွာ


chlamydia ဆီးပူေညာင္းက် ေရာဂါကူးစက္ခံရသူ ၁၂၇ သန္း  (အမ်ားစုေရာဂါလကၡဏာမခံစားရ)

gonorrhoea ဂႏို ဆီးပူေညာင္းက် ၈၇ သန္း

trichomoniasis,  ၁၅၆ သန္း (70 % ေရာဂါလကၡဏာမခံစားရ)

syphilis (ဆစ္ဖလစ္) ၆.၃သန္း ရွိၿပီး  (အမ်ားစုေရာဂါလကၡဏာမခံစားရ / သတိမထားမိလိုက္မီ လကၡဏာေပ်ာက္) အခုထိ ကာလသားေရာဂါျပန္႔ပြားမႈ ရပ္တန္႔ေအာင္ေဆာင္႐ြက္ခ်က္ေတြဟာ တိုးတက္မႈမရွိေသးတာကို ေတြ႕ရတယ္ဆိုပါတယ္။


ျပသနာတခုကေတာ့ ေရာဂါရွိသူအေတာ္မ်ားမ်ား ဟာ ဘာေရာဂါလကၡဏာကိုမွမခံစားရတဲ့အတြက္ စစ္ေဆးၿပီး ေဆးကုသမႉခံယူဖို႔ လိုမွန္း မသိၾကပါဘူး။

ေနာက္ျပသနာတခုကေတာ့ တခ်ိဳ႕ေဒသေတြမွာ ေရာဂါကိုစစ္ေဆးဖို႔ နဲ႔ စနစ္တက်ကုသေပးဖို႔ ေဆး႐ုံေဆးခန္းေတြနဲ႔ အလွမ္းကြာေဝးေနတာလည္းျဖစ္ပါတယ္။

အဆိုးဆုံးကေတာ့ စနစ္တက် ကုမ်ဳမခံျခင္းရဲ႕ ေနာက္ဆက္တြဲ ေဆးယဥ္ပါးေသာပိုးမ်ား  ( စူပါဂႏို)  ျပန္႔ပြားေနလို႔ သုံးေနက်ေဆးေတြနဲ႔ ကုလို႔မရေတာ့တဲ့ျပသနာပါ။


ေရာဂါ လကၡဏာတခ်ိဳ႕


ဆစ္ဖလစ္ရာဂါသည္တခ်ိဳ႕မွာ ပါးစပ္နဲ႔ လိင္အဂၤါေတြမွာ နာက်င္မႈမရွိတဲ့ ခပ္မာမာ ရွန္ကာအနာတာေတြျဖစ္တတ္ သလို တခ်ိဳ႕မွာေတာ့

လက္ဖဝါးေျခဖဝါးအေရျပားကြာတာ 

အေရျပားမွာ အဖုပိတ့္ထြက္တာ၊ 

ေပါင္ၿခံအက်ိတ္ေတြႀကီးတတ္ၿပီး ေရာဂါရင့္သြားလ်င္ လကၡဏာေတြ သူ႔ဟာသူျပန္ေပ်ာက္သြားတတ္ပါတယ္။

က်န္ေရာဂါသုံးမ်ိဳးကေတာ့

ဆီးပူျခင္း ဆီးက်င္ျခင္း

ဆီးလမ္းမွ ျပည္က်ျခင္း,

တန္ဆာမွာယားယံျခင္း ၊

ေဝွးေစ့ေယာင္ျခင္း၊

အမ်ိဳးသမီးမ်ား အျဖဴဆင္းျခင္း၊

ရာသီလာစဥ္နာက်င္ျခင္း စသည္ လကၡဏာမ်ားျပတတ္ပါတယ္။


 https://www.cdc.gov/std/syphilis/images/chancre-penile.htm

https://www.cdc.gov/std/syphilis/images/rash-gbr.htm

https://www.cdc.gov/std/syphilis/images/rash-palmar.htm


ေနာက္ဆက္တြဲျပသနာမ်ား


အဆိုပါေရာဂါေတြကို ႏုစဥ္မွာ ေသခ်ာမကုပါက အာ႐ုံေၾကာနဲ႔ ႏွလုံး( ဆစ္ဖလစ္)၊ ေတြကို ထိခိုက္သလို ကေလးမရႏိုင္ဘဲ ၿမဳံသြားျခင္း၊ သားအိမ္ျပင္ပတြင္သေႏၶတည္ျခင္း၊ ကေလးအေသေမြးျခင္း၊ တို႔ျဖစ္ႏိုင္ပါတယ္။

ကာလသားေရာဂါကုးစက္ခံရသူတိုင္းမွာ အိတ္ခ်္အိုင္ဗြီပိုးနဲ႔ အသားဝါဘီပိုးကူစက္ခံရႏိုင္ေျခလည္းပိုမ်ားပါတယ္။

ဆစ္ဖလစ္ တမ်ိဳးတည္းေၾကာင့္ ကေလးအေသေမြးတာနဲ႔ ေမြးကင္းစကေလးေသဆုံးတဲ့ အေရအတြက္ဟာေတာင္ ၂၀၁၆ ႏွစ္မွာ ႏွစ္သန္းအထိရွိတယ္လို႔ ဆိုပါတယ္။


ကူးစက္ျခင္းနဲ႔ ကာကြယ္ျခင္း


ဒီေရာဂါေတြကူးစက္တာ အမ်ားစုက အကာကြယ္မယူတဲ့ လိင္ဆက္ဆံမႈပါ။

ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းကလည္း ကာလသားေရာဂါကူးပါတယ္။

ေရာဂါရွိသူမိခင္ကေန ကေလးကိုကူးတာလည္းရွိပါတယ္။

ေနာက္တခုကေတာ့ ေရာဂါရွိသူရဲ႕ ေသြး/ ေသြးရည္ၾကည္ကို မသိလို႔သြင္းမိလ်င္လည္းကူးပါတယ္။

တကယ္ေတာ့  ေဘးအႏၲရာယ္ကင္းေသာ လိင္ဆက္ဆံေရး နဲ႔ ကြန္ဒုံးကို စနစ္တက် သုံးစြဲျခင္း စတဲ့ လိင္ပညာေပးျခင္းျဖင့္ အဲဒီကာလသားေရးဂါေတြမကူးစက္ေအာင္တားဆီးကာကြယ္ႏိုင္ပါတယ္။

ဘယ္သူေတြက ေရာဂါျဖန္႔ျဖဴးေနတာလဲ

 ဒီေန႔ေခတ္မွာ ကာလသားေရာဂါကိုေပးတာ  ျပည့္တန္ဆာတြခ်ည္းပဲ မဟုတ္ပါ။ အငွားမယား၊ အေပ်ာ္တြဲသူေတြကေန သမီးရည္းစား၊ အိမ္ေတာင္ဖက္အထိက ေရာဂါေပးႏိုင္ပါတယ္။

 တဦးကို တဦး ရာႏႈန္းျပည့္ယုံၾကည္ဖို႔ကခက္လာပါတယ္။

ေရာဂါရွိသူတခ်ိဳ႕မွာ ဘာေရာဂါလကၡဏာမွမျပလို႔ သူတို႔ကိုယ္သူတို႔ ေရာဂါမရွိဘူးထင္ၿပီး သူတို႔ရဲ႕အိမ္ေထာင္ဖက္နဲ႔ ဆက္ဆံရာကေနလည္း အိမ္ေထာင္ဖက္ကို ကူးစက္ႏိုင္ပါတယ္။

သူတို႔က ေသြးတို႔ ေသြးရည္ၾကည္တို႔ကိုလႉရာမွာ ပိုးစစ္လို႔ မရေသးတဲ့ကာလ (Window period) ျဖစ္ေနပါက မသိႏိုင္လို႔ ေနမေကာင္းသူေတြကိုသြင္းမိၿပီးလည္းကူးပါတယ္။



တခ်ိဳ႕ေတြက ျပည့္တန္ဆာတို႔ လို လူတကာနဲ႔ လိင္ဆက္ဆံသူေတြနဲ႔ မွသာ အကာကြယ္ ( ကြန္ဒုံး) သုံးၾကၿပီး အငွားမယား၊ အေပ်ာ္တြဲသူေတြ၊ သမီးရည္းစား ေတြမွာေတာ့ ေရာဂါမရွိႏိုင္ဘူးလို႔ယူဆၿပီး အကာအကြယ္မယူတတ္ၾကပါဘူး။ 

တကယ္ေတာ့ တလင္တမယားအျပင္က ဘယ္သူနဲ႔မဆို လိင္ဆက္ဆံလ်င္ အကာကြယ္ယူရမွာျဖစ္ပါတယ္။

အိမ္ေထာင္ရွင္မ်ား မိမိတို႔ အိမ္ေထာင္ဖက္အေပၚသစၥာရွိရမွာျဖစ္သလို အကယ္၍ အိမ္ေထာင္ျပင္ပမွာ  ကိစၥေတြျဖစ္ခဲ့လ်င္လည္း အကာကြယ္ေသခ်ာယူသင့္ပါတယ္။

တခါက အမ်ိဳးသမီးမ်ားက်န္းမာေရးပညာေပး ေဟာေျပာပြဲတခုမွ ဆရာဝန္မႀကီးတေယာက္က ေျပာဖူးပါတယ္။ "မၾကာခဏခရီးသြားရတဲ့ ေယာက်ၤားတို႔ရဲ႕ အမ်ိဳးသမီးမ်ား  မိမိတို႔ လင္ေယာက်ၤားအိတ္ထဲမွာ ကြန္ဒုံးေတြ႕လ်င္ စိတ္မဆိုးပါနဲ႔ ၊ သူက ကိုယ္နဲ႔ေဝးေနလို႔ အျပင္မွာ အေပ်ာ္ရွာေပမယ့္ ကိုယ့္ကို ေရာဂါမရေအာင္ကာကြယ္ေပးတယ္လို႔ ေက်းဇူးတင္ပါ။ ကြန္ဒုံးေတြ နည္းလာရင္ ဝယ္ျဖည့္ေပးလိုက္ပါ" တဲ့။

ကြန္ဒုံးသုံးျခင္းျဖင့္ မလိုလားအပ္ေသာ မေတာ္တဆ ကိုယ္ဝန္ရျခင္းမွ ကာကြယ္႐ုံသာမက အိတ္ခ်္အိုင္ဗြီအပါအဝင္ ကာလသားေရာဂါမ်ားကူးစက္ျခင္းကလည္းကာကြယ္ေပးပါတယ္။ 

 ကုသျခင္း


ေရာဂါရွိသူမ်ားသာမက အိမ္ေထာင္ဖက္အပါအဝင္ သူတို႔နဲ႔ လိင္ဆက္ဖူးသူမ်ားကိုပါ ကုသဖို႔လိုပါတယ္။

စနစ္တက် ေဆးပတ္လည္ေအာင္ ကုရသလို ျပန္လည္စစ္ေဆးဖို႔လို ေကာင္းလိုႏိုင္ပါတယ္။

ေရာဂါ လုံးဝ ေပ်ာက္ကင္းခ်ိန္အထိ လိင္ဆက္ဆံျခင္းကို ေရွာင္ သင့္သလို မရွာင္ႏိုင္ပါက ကြန္ုဒုံးသုံးရပါမယ္။

ေဆးပတ္လည္ေအာင္ မေသာက္သူေတြေၾကာင့္ ေဆးယဥ္ပါးေသာပိုးမ်ား  (ဥပမာ စူပါဂႏို)  ျပန္႔ပြားေနၿပီျဖစ္တာေၾကာင့္ စနစ္တက်စစ္ေဆးကုသဖို႔ အေရးႀကီးေၾကာင္း သတင္းလက္ဆင့္

ကမ္းရပါတယ္.

အခုေခတ္စားလာေနတဲ့ LGBTေတြမွာလည္း ကာလသားေရာဂါေတြ ကူစက္ျပန္႔ပြားပါတယ္။ ပိုေတာင္ဆိုးတတ္ပါတယ္။


ဖိုးသုည

8/6/19



https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day

https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm

https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm

https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm

https://www.cdc.gov/std/syphilis/stdfact-syphilis.htm

ကာလသားရောဂါ ကူးစက်ခံရသူ တနေ့တသန်းကျော်ရှိနေ(ယူနီကုဒ်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပကြီးက ၂၀၁၉ ဇွန် ၂ ရက်က ထုတ်ပြန်တဲ့ သတင်းတခုမှာ
" ယနေ့ ကမ္ဘာတွင် သေချာကုသလျင် ပျောက်ကင်းနိုင်သော ကာလသားရောဂါ sexually transmitted infections (STIs) ကူးစက်ခံရသူ  နေ့စဉ် တနေ့တသန်းကျော်ရှိနေ" တယ်လို့ဆိုပါတယ်။

သုတေသနတွေ့ရှိချက်များအရ နှစ်စဉ် အသက် ၁၅ နှစ် နဲ့ ၄၉ နှစ်ကြား လူဦးရေ ၃၇၅ သန်းဟာ  chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားရောဂါတွေကို ကူးစက်ခံနေရတယ်ဆိုပါတယ်။ 
တနည်းအားဖြင့် လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက်ဟာ အဆိုပါကာလသားရောဂါတခုခုသို့မဟုတ်ထိုထက်ပိုပြီး ကူးစက်ခံနေရတာပါ။
စာရင်းများအရ ၂၀၁၆  နှစ်မှာ
chlamydia ဆီးပူညောင်းကျ ရောဂါကူးစက်ခံရသူ ၁၂၇ သန်း (အများစုရောဂါလက္ခဏာမခံစားရ)
gonorrhoea ဂနို ဆီးပူညောင်းကျ ၈၇ သန်း 
trichomoniasis,  ၁၅၆ သန်း (70 % ရောဂါလက္ခဏာကိုမခံစားရ)
syphilis (ဆစ်ဖလစ်) ၆.၃သန်း ရှိပြီး  (အများစုရောဂါလက္ခဏာမခံစားရ / သတိမထားမိလိုက်မီ လက္ခဏာပျောက်) အခုထိ ကာလသားရောဂါပြန့်ပွားမှု ရပ်တန့်အောင်ဆောင်ရွက်ချက်တွေဟာ တိုးတက်မှုမရှိသေးတာကို တွေ့ရတယ်ဆိုပါတယ်။

ပြသနာတခုကတော့ ရောဂါရှိသူအတော်များများ ဟာ ဘာရောဂါလက္ခဏာကိုမှမခံစားရတဲ့အတွက် စစ်ဆေးပြီး ဆေးကုသမှူခံယူဖို့ လိုမှန်း မသိကြပါဘူး။
နောက်ပြသနာတခုကတော့ တချို့ဒေသတွေမှာ ရောဂါကိုစစ်ဆေးဖို့ နဲ့ စနစ်တကျကုသပေးဖို့ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းကွာဝေးနေတာလည်းဖြစ်ပါတယ်။ 
အဆိုးဆုံးကတော့ စနစ်တကျ ကုမျုမခံခြင်းရဲ့ နောက်ဆက်တွဲ ဆေးယဉ်ပါးသောပိုးများ  ( စူပါဂနို)  ပြန့်ပွားနေလို့ သုံးနေကျဆေးတွေနဲ့ ကုလို့မရတော့တဲ့ပြသနာပါ။ 


ရောဂါ လက္ခဏာတချို့

ဆစ်ဖလစ်ရာဂါသည်တချို့မှာ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ နာကျင်မှုမရှိတဲ့ ခပ်မာမာ ရှန်ကာအနာတာတွေဖြစ်တတ် သလို တချို့မှာတော့ 
လက်ဖဝါးခြေဖဝါးအရေပြားကွာတာ 
အရေပြားမှာ အဖုပိတ့်ထွက်တာ 
ပေါင်ခြံအကျိတ်တွေကြီးတတ်ပြီး ရောဂါရင့်သွားလျင် လက္ခဏာတွေ သူ့ဟာသူပြန်ပျောက်သွားတတ်ပါတယ်။
ကျန်ရောဂါသုံးမျိုးကတော့ 
ဆီးပူခြင်း ဆီးကျင်ခြင်း 
ဆီးလမ်းမှ ပြည်ကျခြင်း, 
တန်ဆာမှာယားယံခြင်း ၊
ဝှေးစေ့ယောင်ခြင်း၊ 
အမျိုးသမီးများ အဖြူဆင်းခြင်း၊ 
ရာသီလာစဉ်နာကျင်ခြင်း စသည် လက္ခဏာများပြတတ်ပါတယ်။ 

 https://www.cdc.gov/std/syphilis/images/chancre-penile.htm
https://www.cdc.gov/std/syphilis/images/rash-gbr.htm
https://www.cdc.gov/std/syphilis/images/rash-palmar.htm

နောက်ဆက်တွဲပြသနာများ

အဆိုပါရောဂါတွေကို နုစဉ်မှာ သေချာမကုပါက အာရုံကြောနဲ့ နှလုံး( ဆစ်ဖလစ်)၊ တွေကို ထိခိုက်သလို ကလေးမရနိုင်ဘဲ မြုံသွားခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း၊ ကလေးအသေမွေးခြင်း၊ တို့ဖြစ်နိုင်ပါတယ်။ 
ကာလသားရောဂါကုးစက်ခံရသူတိုင်းမှာ အိတ်ချ်အိုင်ဗွီပိုးနဲ့ အသားဝါဘီပိုးကူစက်ခံရနိုင်ခြေလည်းပိုများပါတယ်။ 
ဆစ်ဖလစ် တမျိုးတည်းကြောင့် ကလေးအသေမွေးတာနဲ့ မွေးကင်းစကလေးသေဆုံးတဲ့ အရေအတွက်ဟာတောင် ၂၀၁၆ နှစ်မှာ နှစ်သန်းအထိရှိတယ်လို့ ဆိုပါတယ်။ 


ကူးစက်ခြင်းနဲ့ ကာကွယ်ခြင်း


ဒီရောဂါတွေကူးစက်တာ အများစုက အကာကွယ်မယူတဲ့ လိင်ဆက်ဆံမှုပါ။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကလည်း ကာလသားရောဂါကူးပါတယ်။ 
ရောဂါရှိသူမိခင်ကနေ ကလေးကိုကူးတာလည်းရှိပါတယ်။ 
နောက်တခုကတော့ ရောဂါရှိသူရဲ့ သွေး/ သွေးရည်ကြည်ကို မသိလို့သွင်းမိလျင်လည်းကူးပါတယ်။ 
တကယ်တော့  ဘေးအန္တရာယ်ကင်းသော လိင်ဆက်ဆံရေး နဲ့ ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်း စတဲ့ လိင်ပညာပေးခြင်းဖြင့် အဲဒီကာလသားရေးဂါတွေမကူးစက်အောင်တားဆီးကာကွယ်နိုင်ပါတယ်။ 


ဘယ်သူတွေက ရောဂါဖြန့်ဖြူးနေတာလဲ

 ဒီနေ့ခေတ်မှာ ကာလသားရောဂါကိုပေးတာ ပြည့်တန်ဆာတွချည်းပဲ မဟုတ်ပါ။ အငှားမယား၊ အပျော်တွဲသူတွေကနေ သမီးရည်းစား၊ အိမ်တောင်ဖက်အထိက ရောဂါပေးနိုင်ပါတယ်။ 
 တဦးကို တဦး ရာနှုန်းပြည့်ယုံကြည်ဖို့ကခက်လာပါတယ်။ 
ရောဂါရှိသူတချို့မှာ ဘာရောဂါလက္ခဏာမှမပြလို့ သူတို့ကိုယ်သူတို့ ရောဂါမရှိဘူးထင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်နဲ့ ဆက်ဆံရာကနေလည်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်ပါတယ်။
သူတို့က သွေးတို့ သွေးရည်ကြည်တို့ကိုလှူရာမှာ ပိုးစစ်လို့ မရသေးတဲ့ကာလ (Window period) ဖြစ်နေပါက မသိနိုင်လို့ နေမကောင်းသူတွေကိုသွင်းမိပြီးလည်းကူးပါတယ်။ 

တချို့တွေက ပြည့်တန်ဆာတို့ လို လူတကာနဲ့ လိင်ဆက်ဆံသူတွေနဲ့ မှသာ အကာကွယ် ( ကွန်ဒုံး) သုံးကြပြီး အငှားမယား၊ အပျော်တွဲသူတွေ၊ သမီးရည်းစား တွေမှာတော့ ရောဂါမရှိနိုင်ဘူးလို့ယူဆပြီး အကာအကွယ်မယူတတ်ကြပါဘူး။ 
တကယ်တော့ တလင်တမယားအပြင်က ဘယ်သူနဲ့မဆို လိင်ဆက်ဆံလျင် အကာကွယ်ယူရမှာဖြစ်ပါတယ်။
အိမ်ထောင်ရှင်များ မိမိတို့ အိမ်ထောင်ဖက်အပေါ်သစ္စာရှိရမှာဖြစ်သလို အကယ်၍ အိမ်ထောင်ပြင်ပမှာ  ကိစ္စတွေဖြစ်ခဲ့လျင်လည်း အကာကွယ်သေချာယူသင့်ပါတယ်။
တခါက အမျိုးသမီးများကျန်းမာရေးပညာပေး ဟောပြောပွဲတခုမှ ဆရာဝန်မကြီးတယောက်က ပြောဖူးပါတယ်။ "မကြာခဏခရီးသွားရတဲ့ ယောင်္ကျားတို့ရဲ့ အမျိုးသမီးများ  မိမိတို့ လင်ယောင်္ကျားအိတ်ထဲမှာ ကွန်ဒုံးတွေ့လျင် စိတ်မဆိုးပါနဲ့ ၊ သူက ကိုယ်နဲ့ဝေးနေလို့ အပြင်မှာ အပျော်ရှာပေမယ့် ကိုယ့်ကို ရောဂါမရအောင်ကာကွယ်ပေးတယ်လို့ ကျေးဇူးတင်ပါ။ ကွန်ဒုံးတွေ နည်းလာရင် ဝယ်ဖြည့်ပေးလိုက်ပါ" တဲ့။ 
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်သော မတော်တဆ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရုံသာမက အိတ်ချ်အိုင်ဗွီအပါအဝင် ကာလသားရောဂါများကူးစက်ခြင်းကလည်းကာကွယ်ပေးပါတယ်။ 


 ကုသခြင်း

ရောဂါရှိသူများသာမက အိမ်ထောင်ဖက်အပါအဝင် သူတို့နဲ့ လိင်ဆက်ဖူးသူများကိုပါ ကုသဖို့လိုပါတယ်။
စနစ်တကျ ဆေးပတ်လည်အောင် ကုရသလို ပြန်လည်စစ်ဆေးဖို့လို ကောင်းလိုနိုင်ပါတယ်။
ရောဂါ လုံးဝ ပျောက်ကင်းချိန်အထိ လိင်ဆက်ဆံခြင်းကို ရှောင် သင့်သလို မရှာင်နိုင်ပါက ကွန်ုဒုံးသုံးရပါမယ်။ 
ဆေးပတ်လည်အောင် မသောက်သူတွေကြောင့် ဆေးယဉ်ပါးသောပိုးများ  (ဥပမာ စူပါဂနို)  ပြန့်ပွားနေပြီဖြစ်တာကြောင့် စနစ်တကျစစ်ဆေးကုသဖို့ အရေးကြီးကြောင်း သတင်းလက်ဆင့်
ကမ်းရပါတယ်.
အခုခေတ်စားလာနေတဲ့ LGBTတွေမှာလည်း ကာလသားရောဂါတွေ ကူစက်ပြန့်ပွားပါတယ်။ ပိုတောင်ဆိုးတတ်ပါတယ်။ 

ဖိုးသုည
8/6/19 


https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day
https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm
https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm
https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm
https://www.cdc.gov/std/syphilis/stdfact-syphilis.htm

Saturday 1 June 2019

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕ (ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့)

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕

ႏွစ္စဥ္ လူ ၂၁၉ သန္းေလာက္ကို ေရာဂါရေစၿပီး ေလသိန္းေလာက္ေသေစတဲ့ ငွက္ဖ်ားေရာဂါဆိုတာ အေနာ့ဖီးလစ္ဆိုတဲ့ ျခင္ကသယ္ေဆာင္ေပးတဲ့ Plasmodium ဆိုတဲ့ ကပ္ပါးပိုေၾကာင့္ ျဖစ္တာပါ။
ဆင္းရဲတဲ့ အာဖရိကနဲ႔ အာရွႏိုင္ငံေတြမွာ အျဖစ္မ်ားထဲ့ ငွက္ဖ်ားပိုးဟာ ေငြေၾကးနဲ႔ အသိပညာခ်ိဳ႕တဲ့မႈၾကာင့္ ေဆးေတြကို စနစ္တက်မသုံးႏိုင္ျခင္းရဲ႕ အက်ိဳးဆက္အျဖစ္ လက္ရွိေဆးအားလုံးနီးပါးကို ယဥ္ပါးလို႔ ကုန္ပါၿပီ။
ေဆးသိပၸံပညာရွင္ေတြက အဲဒီပိုးေတြကိုသတ္ဖို႔ ေဆးသစ္ေတြကို ရွိေဖြရသလို ကာကြယ္ေဆးထုတ္လုပ္ဖို႔လည္း က်ိဳးစားေနၾကတာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီးျဖစ္ပါတယ္။
အဲဒီပိုးရဲ႕ ဘဝျဖစ္စဥ္တစိတ္တပိုင္းဟာ အဆိုပါ အေနာ့ဖီးလစ္ ျခင္ထဲမွာ မျဖစ္မေန ေျပာင္းလဲရတာျဖစ္လို႔ ျခင္ကိုက္မခံရေအာင္ကာကြယ္ျခင္းနဲ႔ ျခင္ႏွိမ္နင္းျခင္းတို႔ဟာလည္း ငွက္ဖ်ားေရာဂါ ကူးစက္ျပန္႔ပြားျခင္းမွ ကာကြယ္ေရးမွာ အသုံးဝင္တဲ့ နည္းေတြျဖစ္ပါတယ္။အဲဒီလိုေဆာင္႐ြက္ရာမွာ ျခင္ေဆးျဖန္းျခင္း၊ ေဆးရည္စိမ္ျခင္ေထာင္မ်ား သုံးစြဲေစျခင္းတို႔ျဖင့္ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီးေဆာင္႐ြက္လာရာ အခုအခါ ျခင္ေတြကလည္း အဆိုပါေဆးေတြကို ယဥ္ပါးလာျပန္ပါတယ္။
မေန႔ကေတာ့ အေမရိကန္ႏိုင္ငံ ေမရီလင္းတကၠသိုလ္နဲ႔ အေနာက္အာဖရိကက ဘာကီးနာ ဖါဆို ႏိုင္ငံရွိ IRSS သုေတသနဌာနတို႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ သုေတသနတခုက သတင္းေကာင္းတခုကို ေၾကျငာခဲ့ပါတယ္။
မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ မႈိတမ်ိဳးက ငွက္ဖ်ားျခင္  ၉၉ ရာႏႈန္းကို  ၄၅ ရက္အတြင္း ေသေစႏိုင္ခဲ့တယ္ဆိုတဲ့သူတို႔ရဲ႕ ေတြ႕ရွိခ်က္ကို   Science, ဆိုတဲ့ ဂ်ာနယ္မွာ မေန႔ကေဖၚျပခဲ့တာပါ။
ပညာရွင္ေတြက အေနာဖီလစ္ျခင္ေတြမွာ သဘာဝအေလွ်ာက္ကူးစက္တတ္တဲ့ Metarhizium pingshaense ဆိုတဲ့ မႈိတမ်ိဳးကို ေ႐ြးခ်ယ္ၿပီး မ်ိဳး႐ိုးဗီဇျပဳျပင္နည္းနဲ႔ေျပာင္းလဲေပးလိုက္ပါတယ္။ အဲလိုေျပာင္းလဲအၿပီးမွာေတာ့ အဲဒီမႈိေတြဟာဩစေတးသွ်ႏိုင္ငံမွာေတြ႕ရတဲ့ funnel-web spider ဆိုတဲ့ပင့္ကူရဲ႕ အဆိပ္အျဖစ္ေျပာင္းသြားပါတယ္။
သဘာဝအားျဖင့္ အဆိုပါပင့္ကူမ်ိဳးက အေနာဖိလစ္ျခင္ကို အစြယ္နဲ႔ထိုးၿပီး အဆိပ္ကိုသြင္းသတ္တာပါ။ အဲဒီပင့္ကူကိုက္လို႔ ျခင္ေသရသလိုျဖစ္ေအာင္ သုေတသီေတြက ပင့္ကူအစြယ္အစား Metarhizium မႈိကို သုံးလိုက္တာပါ။
၆၅၀၀ စတုရန္းေပရွိတဲ့ေနရာမွာ ျခင္လုံဇကာ ၂ထပ္ကာၿပီး လူေန႐ြာအတုတခုကို ဖန္တီးထားကာ ျခင္အေကာင္ ၁၅၀၀ ကို စမ္းတယ္ဆိုပါတယ္။ ျပဳျပင္ထားတဲ့ မႈိမ်ိဳးေစ့ေတြကို ႏွမ္းဆီနဲ႔ေရာနယ္ၿပီး ဝါဂြမ္းအခ်ပ္ေတြမွာသုတ္ထားပါတယ္။ ျခင္ေတြက အဲဒီအေပၚကို လာနားလ်င္ မႈိကူးစက္တာခံရၿပီးေသၾကတာပါ။ ၄၅ ရက္အၾကာမွာ အဲဒီ ျခင္ ၁၅၀၀ က ေန ၁၃ ေကာင္ပဲက်န္ေတာ့တာကို ဝမ္းသာစြာေတြ႕ခဲ့ရတာပါ။ ဒီသုေတသနက အဲဒီျခင္ေတြကို မ်ိဳးတုန္းေအာင္လုပ္ဖို႔မဟုတ္ဘဲ ငွက္ဖ်ားတိုက္ဖ်က္ေရးကိုသာဦးတည္တာဆိုပါတယ္။
အခုထိေတြ႕ရွိခ်က္ေတြအရကေတာ့ အဲဒီ မႈိမ်ိဳးက အေနာဖိလစ္ျခင္အမ်ိဳးအစားကိုပဲကူးစက္တာျဖစ္ၿပီး  တျခားအင္းဆက္ပိုးေတြကို ( အထူးသျဖင့္ပ်ားေကာင္မ်ား)လုံးဝဒုကၡမေပးဘူးဆိုပါတယ္။ ဒီနည္းကို  လက္ေတြအသုံးမျပဳခင္ သဘာဝသက္ရွိ အေကာင္နဲ႔ အပင္ေတြကို ေဘးမျဖစ္ေၾကာင္းေသခ်ာေအာင္ ေလ့လာစိပ္သပ္တင္ျပရဦးမွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာငွက္ဖ်ားေပါတဲ့ ျမန္မာႏိုင္ငံေတာင္ေပၚေဒသမွာ ေနထိုင္သူေတြအတြက္ ေတာ့သတင္းေကာင္းတခုပါ။
မႏွစ္ကလည္းဩစေတးသွ်ႏိုင္ငံမွာ လုပ္ေနတဲ့ သူေတသနက ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ကို ျပန္႔ပြားေစတဲ့ ေအးဒီးစ္ (Aedes) ျခင္ေတြကို ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးဘားပိုးတမ်ိဳး ထည့္သြင္းေပးျခင္းျဖင့္ အဲဒီျခင္ေတြရဲ႕ ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေအာင္ တားဆီးႏိုင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။
ဖိုးသုည
02-06-19


ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့ (ယူနီကုဒ်)

နှစ်စဉ် လူ ၂၁၉ သန်းလောက်ကို ရောဂါရစေပြီး လေသိန်းလောက်သေစေတဲ့ ငှက်ဖျားရောဂါဆိုတာ အနော့ဖီးလစ်ဆိုတဲ့ ခြင်ကသယ်ဆောင်ပေးတဲ့ Plasmodium ဆိုတဲ့ ကပ်ပါးပိုကြောင့် ဖြစ်တာပါ။
ဆင်းရဲတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ အဖြစ်များထဲ့ ငှက်ဖျားပိုးဟာ ငွေကြေးနဲ့ အသိပညာချို့တဲ့မှုကြာင့် ဆေးတွေကို စနစ်တကျမသုံးနိုင်ခြင်းရဲ့ အကျိုးဆက်အဖြစ် လက်ရှိဆေးအားလုံးနီးပါးကို ယဉ်ပါးလို့ ကုန်ပါပြီ။
ဆေးသိပ္ပံပညာရှင်တွေက အဲဒီပိုးတွေကိုသတ်ဖို့ ဆေးသစ်တွေကို ရှိဖွေရသလို ကာကွယ်ဆေးထုတ်လုပ်ဖို့လည်း ကျိုးစားနေကြတာ ဆယ်စုနှစ်များစွာကြာပြီးဖြစ်ပါတယ်။
အဲဒီပိုးရဲ့ ဘဝဖြစ်စဉ်တစိတ်တပိုင်းဟာ အဆိုပါ အနော့ဖီးလစ် ခြင်ထဲမှာ မဖြစ်မနေ ပြောင်းလဲရတာဖြစ်လို့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်နှိမ်နင်းခြင်းတို့ဟာလည်း ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရေးမှာ အသုံးဝင်တဲ့ နည်းတွေဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ခြင်ဆေးဖြန်းခြင်း၊ ဆေးရည်စိမ်ခြင်ထောင်များ သုံးစွဲစေခြင်းတို့ဖြင့် ဆယ်စုနှစ်နဲ့ ချီပြီးဆောင်ရွက်လာရာ အခုအခါ ခြင်တွေကလည်း အဆိုပါဆေးတွေကို ယဉ်ပါးလာပြန်ပါတယ်။
မနေ့ကတော့ အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ်နဲ့ အနောက်အာဖရိကက ဘာကီးနာ ဖါဆို နိုင်ငံရှိ IRSS သုတေသနဌာနတို့ပူးပေါင်းဆောင်ရွက်နေတဲ့ သုတေသနတခုက သတင်းကောင်းတခုကို ကြေငြာခဲ့ပါတယ်။
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မှိုတမျိုးက ငှက်ဖျားခြင်  ၉၉ ရာနှုန်းကို  ၄၅ ရက်အတွင်း သေစေနိုင်ခဲ့တယ်ဆိုတဲ့သူတို့ရဲ့ တွေ့ရှိချက်ကို   Science, ဆိုတဲ့ ဂျာနယ်မှာ မနေ့ကဖေါ်ပြခဲ့တာပါ။
ပညာရှင်တွေက အနောဖီလစ်ခြင်တွေမှာ သဘာဝအလျှောက်ကူးစက်တတ်တဲ့ Metarhizium pingshaense ဆိုတဲ့ မှိုတမျိုးကို ရွေးချယ်ပြီး မျိုးရိုးဗီဇပြုပြင်နည်းနဲ့ပြောင်းလဲပေးလိုက်ပါတယ်။ အဲလိုပြောင်းလဲအပြီးမှာတော့ အဲဒီမှိုတွေဟာဩစတေးသျှနိုင်ငံမှာတွေ့ရတဲ့ funnel-web spider ဆိုတဲ့ပင့်ကူရဲ့ အဆိပ်အဖြစ်ပြောင်းသွားပါတယ်။
သဘာဝအားဖြင့် အဆိုပါပင့်ကူမျိုးက အနောဖိလစ်ခြင်ကို အစွယ်နဲ့ထိုးပြီး အဆိပ်ကိုသွင်းသတ်တာပါ။ အဲဒီပင့်ကူကိုက်လို့ ခြင်သေရသလိုဖြစ်အောင် သုတေသီတွေက ပင့်ကူအစွယ်အစား Metarhizium မှိုကို သုံးလိုက်တာပါ။
၆၅၀၀ စတုရန်းပေရှိတဲ့နေရာမှာ ခြင်လုံဇကာ ၂ထပ်ကာပြီး လူနေရွာအတုတခုကို ဖန်တီးထားကာ ခြင်အကောင် ၁၅၀၀ ကို စမ်းတယ်ဆိုပါတယ်။ ပြုပြင်ထားတဲ့ မှိုမျိုးစေ့တွေကို နှမ်းဆီနဲ့ရောနယ်ပြီး ဝါဂွမ်းအချပ်တွေမှာသုတ်ထားပါတယ်။ ခြင်တွေက အဲဒီအပေါ်ကို လာနားလျင် မှိုကူးစက်တာခံရပြီးသေကြတာပါ။ ၄၅ ရက်အကြာမှာ အဲဒီ ခြင် ၁၅၀၀ က နေ ၁၃ ကောင်ပဲကျန်တော့တာကို ဝမ်းသာစွာတွေ့ခဲ့ရတာပါ။ ဒီသုတေသနက အဲဒီခြင်တွေကို မျိုးတုန်းအောင်လုပ်ဖို့မဟုတ်ဘဲ ငှက်ဖျားတိုက်ဖျက်ရေးကိုသာဦးတည်တာဆိုပါတယ်။
အခုထိတွေ့ရှိချက်တွေအရကတော့ အဲဒီ မှိုမျိုးက အနောဖိလစ်ခြင်အမျိုးအစားကိုပဲကူးစက်တာဖြစ်ပြီး  တခြားအင်းဆက်ပိုးတွေကို ( အထူးသဖြင့်ပျားကောင်များ)လုံးဝဒုက္ခမပေးဘူးဆိုပါတယ်။ ဒီနည်းကို  လက်တွေအသုံးမပြုခင် သဘာဝသက်ရှိ အကောင်နဲ့ အပင်တွေကို ဘေးမဖြစ်ကြောင်းသေချာအောင် လေ့လာစိပ်သပ်တင်ပြရဦးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာငှက်ဖျားပေါတဲ့ မြန်မာနိုင်ငံတောင်ပေါ်ဒေသမှာ နေထိုင်သူတွေအတွက် တော့သတင်းကောင်းတခုပါ။
မနှစ်ကလည်းဩစတေးသျှနိုင်ငံမှာ လုပ်နေတဲ့ သူတေသနက သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ကို ပြန့်ပွားစေတဲ့ အေးဒီးစ် (Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ဖိုးသုည
02-06-19

ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ျပန္ပြားမႈကို တားဆီးျဖတ္ေတာက္ေပးမဲ့ ဝိုလ္ဘားခ်ီးယား (Wolbachia) စစ္သည္ေတာ္မ်ား (သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia) စစ်သည်တော်များ )

ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ျပန္ပြားမႈကို တားဆီးျဖတ္ေတာက္ေပးမဲ့ ဝိုလ္ဘားခ်ီးယား (Wolbachia) စစ္သည္ေတာ္မ်ား (သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia) စစ်သည်တော်များ )

ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ျပန္ပြားမႈကို တားဆီးျဖတ္ေတာက္ေပးမဲ့ ဝိုလ္ဘားခ်ီးယား (Wolbachia)  စစ္သည္ေတာ္မ်ား (ေဇာ္ဂ်ီ)

ေသြးလြန္တုပ္ေကြးဆိုတာ 
ေသြးလြန္တုပ္ေကြးဆိုတာ ျမန္မာျပည္မွာ ႏွစ္စဥ္ မိုးဦး၊ မိုးေႏွာင္းမွာ ကေလးေပါင္းမ်ားစြာသာမက လူႀကီးေတြ၊ အထူးသျဖင့္ သက္ႀကီး ႐ြယ္အိုေတြကိုပါ ဒုကၡေပးၿပီ အသက္ဇီဝိန္တခ်ိဳ႕ကိုပါ ေႁခြေလ့ရွိတဲ့ ကေလးမိဘမ်ား လုံးဝမၾကားခ်င္တဲ့ Dengue ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ေရာဂါတမ်ိဳးပါ။
WHO မွတ္တမ္းမ်ားအရ ႏွစ္စဥ္ လူဦးေရ သန္း ၅၀ ကေန ၁၀၀ ေလာက္ကို ေသြးလြန္တုပ္ေကြးဗိုင္းရပ္စ္  ကူးစက္ၿပီး၊ အဲဒီအထဲက ၅ သိန္းေလာက္က ေဆး႐ုံတင္ ကုရေအာင္ဆိုး႐ြားပါတယ္။  အေသအေပ်ာက္က ၂.၅ ရာႏႈန္းေလာက္ထိရွိတယ္ဆိုပါတယ္။ 
ေအးဒီးစ္ (Aedes) ျခင္က ေရာဂါရွိသူကိုကိုက္ၿပီး ေသြးစုပ္ရာက အဲဒီဗိုင္းရပ္စ္ အမ်ားအျပားကို ရရွိၿပီး ပိုးက ျခင္ရဲ႕ကိုယ္ထဲမွာ ၈ -၁၂ ရက္ေလာက္ေနၿပီး ထပ္ပြားရပါတယ္။ အဲလိုပြားၿပီး ခ်ိန္မွာ ေနာက္လူတေယာက္ကို ကိုက္ရင္ေတာ့ အဲဒီဗိုင္းရပ္ေတြက ေနာက္အကိုက္ခံရတဲ့ လူထဲကို ဝင္သြားၿပီး ၄-၇ ရက္ အၾကာမွာ ေရာဂါ လကၡဏာျပပါတယ္။ လူကေနေနာက္လူတေယာက္ကိုေတာ့ တိုက္႐ိုက္မကူးႏိုင္ပါဘူး။ 
ကမာၻ႔ ေဆးသိပၸံပညာရွင္ေတြဟာ အမ်ိဳးကြဲ ေလးမ်ိဳးရွိတဲ့ အဲဒီ အေျပာင္းအလဲျမန္ၿပီး လူ႔ခႏၶာရဲ႕ ကိုယ္ခံအားစနစ္ကို နည္းမ်ိဳးစုံနဲ႔ လွည့္ျဖားတတ္တဲ့ Dengue virus ဗိုင္းရပ္စ္ပိုးကိုသတ္ဖို႔ေဆးနဲ႔ ကာကြယ္ဖို႔ကာကြယ္ေဆး ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနၾကတာ ဆယ္စုႏွစ္နဲ႔ ခ်ီေနေပမဲ့ မေအာင္ျမင္ႏိုင္ေသးပါဘူး။ 
အဲဒါေၾကာင့္ ေလာေလာဆယ္မွာ ေရာဂါျပန္ပြားကူးစက္ဖို႔ မရွိမျဖစ္လိုအပ္တဲ့၊ လူတဦးကေနေနာက္တဦးဆီ  ေရာဂါပိုးကို သယ္ေဆာင္ျဖန္႔ျဖဴးကူးစက္ေစတဲ့ ေအးဒီးစ္ (Aedes) ျခင္ အကိုက္မခံရေအာင္ကာကြယ္ေရးနဲ႔ ျခင္ႏွိမ္နင္ေရးကိုသာ အေလးေပးလုပ္ေဆာင္ေနရပါတယ္။
ေသြးလြန္တုပ္ေကြး အျဖစ္မ်ားသောနိုင္ငံမ်ား


ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္
မၾကာေသးခင္ကာတခုမွာေတာ့ ဩစေတးသွ်ႏိုင္ငံ Monash တကၠသိုလ္က သုေတသီပညာရွင္ေတြက ေအးဒီးစ္ (Aedes) ျခင္ေတြကို ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးဘားပိုးတမ်ိဳး ထည့္သြင္းေပးျခင္းျဖင့္ အဲဒီျခင္ေတြရဲ႕ ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေအာင္ တားဆီးႏိုင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။ အဲဒီလိုျခင္ေတြရဲ႕ ကိုယ္တြင္းမွာ လူေတြကို ဒုကၡေပးမဲ့ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေတာ့တဲ့ အတြက္ ျခင္ကေန လူကိုဆက္လက္ကူးစက္ျပန္႔ပြားဖို႔လဲ မျဖစ္ႏိုင္ေတာ့ဘဲ ေရာဂါျပန္႔ပြားမႈကြင္းဆက္ကို ျဖတ္ေတာက္ႏိုင္ၿပီး ေရာဂါျပန္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္သြားပါတယ္။ 


အလားအလာေကာင္းတဲ့ ေနာက္ဆုံး စမ္းသပ္ေတြ႕ရွိခ်က္
ဩစေတးသွ်ႏိုင္ငံမွာ ၂၀၁၁ မွာစတင္ခဲ့တဲ့ The World Mosquito Program (WMP) ရဲ႕  ေအာင္ျမင္တဲ့ ေရွးေျပးစမ္းသပ္ပေရာဂ်က္ တခုကေတာ့ ေသြးလြန္တုပ္ေကြးေရာဂါ ပုံမွန္လိုလိုျပန္႔ပြားေနတဲ့ လူဦးေရ ၁၈၇၀၀ ရွိတဲ့ Townsville ၿမိ့မွာ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြ သယ္ေဆာင္ထားတဲ့ ျခင္ေတြကို ၂၀၁၄ ခုႏွစ္က စလို႔  ၂၈ လအတြင္း အဆင့္ေလးဆင့္နဲ႔ ျပန္႔ပြားေစခဲ့ပါတယ္။ အဲဒီ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြ သယ္ေဆာင္ထားတဲ့ ျခင္အေကာင္ေရက ေဒသရဲ႕ ျခင္ေတြထဲမွာ လႊမ္းမိုးမႈရလာၿပီး ေနာက္မွာေတာ့ ေဒသအတြင္းကူးစက္ျပန႔္ပြားတဲ့ ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ လုံးဝမရွိေတာ့တာကိုေတြ႕ရပါတယ္။


ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတာဘာလဲ?
ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတာ ဖလံ၊ အသီးစားယင္၊ ပုဇင္း၊ လိပ္ျပာ စတဲ့ အင္းဆက္ေတြရဲ႕ ၆၀ ရာႏႈန္းေလာက္မွာ သဘာဝအတိုင္းရွိတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးယားအမ်ိဳးပါ။
တခ်ိန္မွာ ဗီဇေဖါက္ျပန္ၿပီး ဒုကၡေပးမွာကို စိုးရိမ္ရတဲ့၊ မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားးတဲ့ပိုးမ်ိဳး လုံးဝမဟုတ္ပါ။ 
ဒါေပမဲ့ေအးဒီးစ္ျခင္ေတြထဲမွာေတာ့ ဝိုလ္ဘားခ်ီးယားက သဘာဝအတိုင္းဆိုမရွိပါ။ အဲဒီဘက္တီးရီးယားကို သုေတသီေတြက ေအးဒီးစ္ျခင္ဥကေလးေတြထဲကို အလြန္ေသးငယ္တဲ့ အပ္သုံးၿပီးထိုးထဲ့ေပးတဲ့ အခါ ဥကေပါက္လာတဲ့ ျခင္ေတြမွာ အဲဒီ ဘက္တီးရီးယားေတြပါလာပါတယ္။ အဲလို ဘက္တီးရီးယားပါလာတဲ့ ျခင္မေတြက ဆက္ပြားလာတဲ့ မ်ိဳးဆက္သစ္ေတြမွာ အဲဒီဘက္တီးရီးယား ေတြဆက္ၿပီးလက္ဆင့္ကမ္း ပါလာပါတယ္။ 
ေအးဒီးစ္ျခင္ေတြထဲမွာ အဲဒီ ဘက္တီးရီးယားရွိေနတဲ့ အခါ သူ႔ခႏၶာထဲဝင္လာတဲ့ ေသြးလြန္တုပ္ေကြး၊ ဇီကာ။ Yellow fever နဲ႔ chikungunya ဗိုင္းရပ္ပိုးေတြကို ဆက္လက္ျပန္႔ပြားျခင္းမရွိေအာင္ တားျမစ္ထားလိုက္ပါတယ္။ အဲဒီဗိုင္းရပ္စ္ေတြဟာ ျခင္ရဲ႕ ခႏၶာထဲမွာ ဆက္မပြားႏိုင္ေတာ့တဲ့ အတြက္ အဲဒီျခင္ေတြက ေနာက္ထပ္လူေတြကို ကိုက္ရင္လဲ အကိုက္ခံရသူကို ေရာဂါမေပးႏိုင္ေတာ့ပါဘူး။ 
အဲဒါေၾကာင့္ လူေတြရဲ႕ပတ္ဝန္းက်င္မွာရွိတဲ့ ေအးဒီးစ္ျခင္အားလုံးနီးပါးထဲမွာ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယား ရွိေနေအာင္လုပ္ပးႏိုင္ရင္ အထက္ေဖၚျပပါဗိုင္းရပ္ေလးမ်ိဳးေၾကာင့္ျဖစ္တဲ့ ေရာဂါေတြ ျပန္႔ပြားမႈ လုံးဝ ရပ္တန္႔သြားၿပီး တခ်ိန္မွာ လုံးဝ ကြယ္ေပ်ာက္သြားေအာင္ လုပ္ေဆာင္ႏိုင္မလားဆိုၿပီး ေမွ်ာ္လင့္ မွန္းဆေနၾကပါတယ္။
ဝိုလ္ဘားခ်ီးယား (Wolbachia)

Townsville ၿမိဳ႕ကပေရာဂ်က္ 
၂၀၁၄ ခုမွာ စတင္ခဲ့ တဲ့အဲဒီစမ္းသပ္မႈကို ေဘးအႏၲရာယ္ ကင္းရွင္းေၾကာင္း စစ္ေဆးအတည္ျပဳၿပီးမွ ေဒသခံအာဏာပိုင္ေတြ ပညာရွင္ေတြနဲ႔ လူထုရဲ႕ ခြင့္ျပဳခ်က္အျပင္ အတူ ပူးေပါင္းေဆာင္႐ြက္မႉပါ ရယူၿပီး ေဆာင္႐ြက္ခဲ့ၾကပါတယ္။ ပထမဆုံး အဲဒီၿမိဳ႕က ေဒသခံေအးဒီးစ္ ျခင္ဥေတြကို စုၿပီး ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပိုးေတြကို ထိုးထဲ့ေပးပါတယ္။ ၿပီးေတာ့ သုေတသနျခင္ေမြး႐ုံေတြမွာ  အေကာင္ေဖါက္၊ တခါ သားျပန္ေဖါက္ၿပီး လိုအပ္တဲ့ အရအတြက္ရွိတဲ့ ဝိုလ္ဘားခ်ီးယား ပါတဲ့ ေဒသခံ ေအးဒီးစ္ျခင္ဥေတြရေအာင္ စုေဆာင္းပါတယ္။ ရလာေတာ့ မွ လူထုပါဝင္မႈနဲ႔ အဲဒီျခင္ဥပါတဲ့ mosquito release containers (MRCs) လို႔ေခၚတဲ့ ပုံးေတြကို ၿမိဳ႕ထဲက ျခင္ေပါက္ဖို႔သင့္ေတာ္တဲ့ ေနရာေတြမွာ မွ်တတဲ့ ျပန္႔ႏွံ႔မႈရေအာင္ စနစ္တက် ေ႐ြးခ်ယ္ ခ်ထားေပးပါတယ္။ ၿမိဳ႕ရဲ႕ ေသြးလြန္တုပ္ေကြးအျဖစ္မ်ားတဲ့ ေနရာ၊ ေအးဒီးျခင္ေပါက္ဖြားႏိုင္တဲ့ ေနရာေတြကိုစနစ္တက် ခြဲျခားၿပီး အဆင့္ေလးဆင့္နဲ႔ ေနရာခြဲေဆာင္႐ြက္ပါတယ္။ (MRCs) ပုံးေတြကို ပထမအဆင့္မွာ စီမံခ်က္ ဝန္ထမ္းေတြက ေနရာခ်ထားၿပီး ပုံမွန္ ေစာင့္ေရွာက္ေပးခဲ့ရာ တပုံးလ်င္ ပ်မ္းမွ် ျခင္ ၈၈ ေကာင္ စီ လႊတ္ေပးႏိုင္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းအဆင့္ေတြမွာေတာ့ လူထုနဲ႔ စာသင္ေက်ာင္းက ကေလးေတြကိုပါ ပညာေပးရင္း ပူးေပါင္း ပါဝင္ေစပါတယ္။ အဆင့္ေလးဆင့္အၿပီးမွာ Townsville ၿမိဳ႕ ေပၚနဲ႔ ဆင္ျခဖုန္းမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္စုစုေပါင္း ၄သန္းကိုလႊတ္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီ ျခင္ေတြက နယ္ခံ တျခားျခင္ေတြနဲ႔ အဝါဟဝိဝါဟ ျပဳၾကၿပီး ဝိုလ္ဘားခ်ီးယား ပါတဲ့ ျခင္ေတြ ပိုပိုၿပီး မ်ားလာပါတယ္။ အဲဒီကာလအတြင္း သတ္မွတ္ေနရာေတြမွာ သတ္မွတ္ထားတဲ့ အခ်ိန္ အတိုင္း အတာအလိုက္ Biogents Sentinal (BGS) traps ျခင္ဖမ္းေထာင္ေျခာက္ ၁၇၂ ခုကို သုံးၿပီး ျခင္ေတြကိုဖမ္းကာ သူတို႔ရဲ႕ ကိုယ္ထဲမွာ ဝိုလ္ဘားခ်ီးယား ပါဝင္လာမႈကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ေလ့လာၾကပါတယ္။ အဲဒီလို ေဆာင္႐ြက္ၾကရာမွာ ရက္သတၱ ၂ ပတ္ဆက္တိုက္ ဖမ္းမိတဲ့ ျခင္ေတြထဲမွာ ဝိုလ္ဘားခ်ီးယားပိုးပါတဲ့ျခင္ အေရအတြက္ ထက္ဝက္ေက်ာ္ ရမွ အဆင့္တခုခ်င္းရဲ႕ ရည္မွန္းခ်က္ျပည့္တာ ျဖစ္ပါတယ္။
အဲဒီကာလအတြင္းမွာ ေဒသအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ မွတ္တမ္းကိုလည္း ျပည္လည္စစ္ထုတ္ ဆန္းစစ္ပါတယ္။ ၂၀၁၄ ႏိုဝင္ဘာကေန ၂၀၁၈ ဂြၽန္လအထိ ၄၄လ ကာအအတြင္း စမ္းသပ္ေဒအတြင္းကူးစက္တဲ့ ေသြးလြန္တုပ္ေကြးလူနာ ၄ေယာက္သာရွိခဲ့ပါတယ္။ အဲဒီစမ္းသပ္မႈမတိုင္မီ ၄ႏွစ္ရဲ႕ အလားတူကာလမွာတုန္းက စမ္းသပ္ေဒအတြင္းကူးစက္တဲ့ လူနာ ၅၄ေယာက္ ရွိခဲ့တာပါ။ အဲဒီကာလအတြင္း ကူးစက္ခံရတဲ့ လူနာ ၄ေယာက္ကို ထပ္မံစိစစ္ရာမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းၿခဳံမႈရထားၿပီးတဲ့ ေနရာေတြမွာ ကူးစက္ခံရတာ မဟုတ္တာကိုေတြ႕ရပါတယ္။  
အဲဒါေၾကာင့္ ေနာက္ဆုံးမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းၿခဳံမႈ ရထားၿပီးတဲ့ ေနရာေတြမွာ ေဒအတြင္းကူးစက္တဲ့ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ လုံးဝမရွိေတာ့ ဘူးလို႔ အေျဖထြက္လာတာပါ။ 
Townsville ၿမိဳ႕ကစမ္းသက္မႈအတြက္ ကုန္က်စားရိတ္ကို လူဦးေရးအခ်ိဳးအစားနဲ႔ တြက္ရာမွာေတာ့ စမ္းသပ္ကာလျဖစ္လို႔ ႀကီးၾကပ္ေစာင့္ၾကည့္ရတာေတြမ်ားတဲ့ အတြက္ လူတဦးလ်င္ အေမရိကန္ေဒၚလာ ၁၁ ေဒၚလာခန္႔ ကုန္က်ခဲ့ပါတယ္။ 
အဲဒီကုန္က်စားရိတ္ကို အဲဒီၿမိဳ႕မွာရွိတဲ့ လူတဦးခ်င္းစီကို ေသြးလြန္တုပ္ေကြး မျဖစ္ေအာင္ကာကြယ္ဖို႔ လိုအပ္တဲ့ ကုန္ က်စားရိတ္လို႔ အဓိပၸါယ္ျပန္ဆိုႏိုင္ပါတယ္။ တခုထူးျခားတာက အခုလုပ္ေဆာင္ခ်က္ရဲ႕ အက်ိဳးက အခ်ိန္ကာလ အကန္႔အသတ္ မရွိပါဘူး။ 
ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္ေတြ စဥ္ဆက္မျပတ္ပြားေနလ်င္ ကာကြယ္မႈဆက္လက္ရရွိေနမွာပါ၊ ‘အဲဒီလိုကာကြယ္ေပးႏိုင္မႈက ႏွစ္၂၀ အထိတည္ရွိေနလ်င္ လူတဦးခ်င္းစီကို ေသြးလြန္တုပ္ေကြး မျဖစ္ေအာင္ကာကြယ္ဖို႔ လိုအပ္တဲ့ ကုန္ က်စားရိတ္ဟာ တေဒၚလာရဲ႕ တဝက္ေတာင္မရွိေတာ့ ပါဘူး။ ကာကြယ္ေပးႏိုင္မႈ အခ်ိန္ၾကာျမင့္ေလ တြက္ေျခကိုက္ေလပါပဲ။ 

လက္ရွိ တိုးခ်ဲ႕ လုပ္ေဆာင္ေနမႈ
အလားတူ ပေရာဂ်က္မ်ိဳးကို ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕နဲ႔ ဩစေတးသွ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕က မိုနာ့ရွ္ တကၠသိုလ္ေတြမွာ အေျချပဳၿပီး ဩစေတးသွ်၊ ဘရာဇီး၊  ကိုလမ္ဘီယာ၊ သီရိလကၤာ၊ အိႏၵိယ၊ ဗီယက္နမ္၊ ကီရီဘာတီ၊ ဖီဂ်ီ၊ ဗာႏုဝါတု၊ န႐ူးကယ္လီဒိုးနီယား နဲ႔ မကၠဆီကို စတဲ့ ႏိုင္ငံ ၁၂ ႏိုင္ငံမွာ က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္႐ြက္ေနၿပီး Randomised controlled trial ဆိုတဲ့ အလြန္ စနစ္က်တဲ့ ေဆးသိပၸံသုေတသနေတြကိုပါ ထည့္သြင္းေဆာင္႐ြက္ေနပါၿပီ။ 

အနာဂတ္အတြက္ အလားအလာ
ၿပီးခဲ့တဲ့ စမ္းသပ္ပေရာဂ်က္ရဲ႕ အေတြ႕အႀကဳံမ်ားအရ အနာဂတ္ပေရာဂ်က္ေတြမွာ ေစာင့္ၾကည့္ ႀကီးၾကပ္မႈ ေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္လို႔ ကုန္က်စားရိတ္က် ေခြၽတာႏိုင္ လာသလို လူဦးေရထူထပ္တဲ့ ၿမိဳ႕ႀကီးေတြမွာ လုပ္တဲ့ အလားတူပေရာဂ်က္ေတြကို လုပ္တဲ့အခါ လူတဦးခ်င္းစီအတြက္ ကုန္က်စားရိတ္ကို  အေမရိကန္ တေဒၚလာေအာက္အထိေလွ်ာ့ခ်ႏိုင္မယ္လို႔ ခန္႔မွန္းထားတဲ့ အတြက္ ကုန္က်စားရိတ္နဲ႔  ရမဲ့ ရလာဒ္ကို ႏႈိင္းယွဥ္ၾကည့္လ်င္ အလြန္အက်ိဳးရွိတဲ့ နည္းလမ္းျဖစ္ပါတယ္။ 
ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ လႊမ္းမိုး လႊမ္းၿခဳံ မႈရထားၿပီးတဲ့ေနရာေတြမွာ ျခင္ေတြထဲ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားပါဝင္မႈကို သဘာဝအလွ်ာက္မ်ိဳးပြားရာက ဆက္လက္ လက္ဆင့္ကမ္းသြားမွာျဖစ္လို႔  ေသြးလြန္တုပ္ေကြးဗိုင္းရပ္သာမက သူနဲ႔ အလားတူ ပိုးေတြျဖစ္တဲ့ ဇီကာ၊ Yellow fever၊   Chikungunya ဗိုင္ရပ္ေတြက ေပးတဲ့ ေရာဂါေတြပါ အတူတကြ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ တခ်ိန္မွာ ေအးဒီးစ္ျခင္ကသယ္ေဆာင္တဲ့ ဗိုင္းရပ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြျပန္႔ပြားရာ အပူပိုင္းနဲ႔ သမပိုင္းေဒသႏိုင္ငံေတြမွာ ဝိုလ္ဘားခ်ီးယားပါတဲ့ ျခင္အေကာင္ေရ ရာႏႈန္းျပည့္ လႊမ္းၿခဳံမႉတည္ၿမဲၿပီး အထက္ပါေရာဂါေတြ ျပန္႔ပြားမႈလုံးဝ ရပ္တန္႔သြားႏိုင္မလားလို႔ ပါေမွ်ာ္လင့္ေနၾကပါၿပီ။ 
ေနာက္တဆင့္အေနနဲ႔ ျခင္ကေန ေရာဂါကူးစက္ေစၿပီး ႏွစ္စဥ္ အသက္မ်ားစြားႏႈတ္ယူေနတဲ့ င်က္ဖ်ားေရာဂါကိုေရာ ဒီ ဝိုလ္ဘားခ်ီးယား ဘက္တီးရီးယားက ကူညီႏိုင္မလားဆိုတဲ့ ေမးခြန္းေတြကို ေမးလာၾကပါၿပီ။ တခုရွိတာက ငွက္ဖ်ားျဖစ္ေစတာ ဗိုင္းရပ္မဟုတ္ဘဲ ပ႐ိုတိုဇိုးဝါး ျဖစ္လို႔ ဗိုင္းရပ္စ္နဲ႔ သဘာဝမတူပါ။ သယ္ေဆာင္တဲ့ ျခင္ကလဲ အေနဖီးလစ္ျခင္ျဖစ္ပါတယ္ ၊ ေအးဒီးစ္မဟုတ္ပါ။ သို႔ေသာ္လည္း လက္ရွိေအာင္ျမ္ငထားတဲ့ နည္းပညာက ငွက္ဖ်ားေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ပေျပာက္ေရးအတြက္ တနည္းတဖုံ အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔ သူေတသီေတြက ဆိုၾကပါတယ္။ 

ဖိုးသုည
၀၂၊၀၈၊၂၀၁၈

က်မ္းကိုး



သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ပြန်ပွားမှုကို တားဆီးဖြတ်တောက်ပေးမဲ့ ဝိုလ်ဘားချီးယား (Wolbachia)  စစ်သည်တော်များ (ယူနီကုဒ်) 

သွေးလွန်တုပ်ကွေးဆိုတာ
သွေးလွန်တုပ်ကွေးဆိုတာ မြန်မာပြည်မှာ နှစ်စဉ် မိုးဦး၊ မိုးနှောင်းမှာ ကလေးပေါင်းများစွာသာမက လူကြီးတွေ၊ အထူးသဖြင့် သက်ကြီး ရွယ်အိုတွေကိုပါ ဒုက္ခပေးပြီ အသက်ဇီဝိန်တချို့ကိုပါ ခြွေလေ့ရှိတဲ့ ကလေးမိဘများ လုံးဝမကြားချင်တဲ့ Dengue ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတမျိုးပါ။
WHO မှတ်တမ်းများအရ နှစ်စဉ် လူဦးရေ သန်း ၅၀ ကနေ ၁၀၀ လောက်ကို သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်  ကူးစက်ပြီး၊ အဲဒီအထဲက ၅ သိန်းလောက်က ဆေးရုံတင် ကုရအောင်ဆိုးရွားပါတယ်။  အသေအပျောက်က ၂.၅ ရာနှုန်းလောက်ထိရှိတယ်ဆိုပါတယ်။
အေးဒီးစ် (Aedes) ခြင်က ရောဂါရှိသူကိုကိုက်ပြီး သွေးစုပ်ရာက အဲဒီဗိုင်းရပ်စ် အများအပြားကို ရရှိပြီး ပိုးက ခြင်ရဲ့ကိုယ်ထဲမှာ ၈ -၁၂ ရက်လောက်နေပြီး ထပ်ပွားရပါတယ်။ အဲလိုပွားပြီး ချိန်မှာ နောက်လူတယောက်ကို ကိုက်ရင်တော့ အဲဒီဗိုင်းရပ်တွေက နောက်အကိုက်ခံရတဲ့ လူထဲကို ဝင်သွားပြီး ၄-၇ ရက် အကြာမှာ ရောဂါ လက္ခဏာပြပါတယ်။ လူကနေနောက်လူတယောက်ကိုတော့ တိုက်ရိုက်မကူးနိုင်ပါဘူး။
ကမ္ဘာ့ ဆေးသိပ္ပံပညာရှင်တွေဟာ အမျိုးကွဲ လေးမျိုးရှိတဲ့ အဲဒီ အပြောင်းအလဲမြန်ပြီး လူ့ခန္ဓာရဲ့ ကိုယ်ခံအားစနစ်ကို နည်းမျိုးစုံနဲ့ လှည့်ဖြားတတ်တဲ့ Dengue virus ဗိုင်းရပ်စ်ပိုးကိုသတ်ဖို့ဆေးနဲ့ ကာကွယ်ဖို့ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေကြတာ ဆယ်စုနှစ်နဲ့ ချီနေပေမဲ့ မအောင်မြင်နိုင်သေးပါဘူး။
အဲဒါကြောင့် လောလောဆယ်မှာ ရောဂါပြန်ပွားကူးစက်ဖို့ မရှိမဖြစ်လိုအပ်တဲ့၊ လူတဦးကနေနောက်တဦးဆီ ရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူးကူးစက်စေတဲ့ အေးဒီးစ် (Aedes) ခြင် အကိုက်မခံရအောင်ကာကွယ်ရေးနဲ့ ခြင်နှိမ်နင်ရေးကိုသာ အလေးပေးလုပ်ဆောင်နေရပါတယ်။

မျှော်လင့်ချက် ရောင်ခြည်

မကြာသေးခင်ကာတခုမှာတော့ ဩစတေးသျှနိုင်ငံ Monash တက္ကသိုလ်က သုတေသီပညာရှင်တွေက အေးဒီးစ်(Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလိုခြင်တွေရဲ့ ကိုယ်တွင်းမှာ လူတွေကို ဒုက္ခပေးမဲ့ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်တော့တဲ့ အတွက် ခြင်ကနေ လူကိုဆက်လက်ကူးစက်ပြန့်ပွားဖို့လဲ မဖြစ်နိုင်တော့ဘဲ ရောဂါပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ရောဂါပြန်ပွားမှုကို ထိန်းချုပ်နိုင်သွားပါတယ်။

အလားအလာကောင်းတဲ့ နောက်ဆုံး စမ်းသပ်တွေ့ရှိချက်
ဩစတေးသျှနိုင်ငံမှာ ၂၀၁၁ မှာစတင်ခဲ့တဲ့ The World Mosquito Program (WMP) ရဲ့ အောင်မြင်တဲ့ ရှေးပြေးစမ်းသပ်ပရောဂျက် တခုကတော့ သွေးလွန်တုပ်ကွေးရောဂါ ပုံမှန်လိုလိုပြန့်ပွားနေတဲ့ လူဦးရေ ၁၈၇၀၀ ရှိတဲ့ Townsville မြိ့မှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်တွေကို ၂၀၁၄ ခုနှစ်က စလို့  ၂၈ လအတွင်း အဆင့်လေးဆင့်နဲ့ပြန့်ပွားစေခဲ့ပါတယ်။ အဲဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေ သယ်ဆောင်ထားတဲ့ ခြင်အကောင်ရေက ဒေသရဲ့ ခြင်တွေထဲမှာ လွှမ်းခြုံ လွှမ်းမိုးမှုရလာပြီး နောက်မှာတော့ ဒေသအတွင်းကူးစက်ပြန့်ပွားတဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လုံးဝမရှိတော့တာကိုတွေ့ရပါတယ်။

ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာဘာလဲ?
ဝိုလ်ဘားချီးယား (Wolbachia) ဆိုတာ ဖလံ၊ အသီးစားယင်၊ ပုဇင်း၊ လိပ်ပြာ စတဲ့ အင်းဆက်တွေရဲ့ ၆၀ ရာနှုန်းလောက်မှာ သဘာဝအတိုင်းရှိတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးယားအမျိုးပါ။
တချိန်မှာ ဗီဇဖေါက်ပြန်ပြီး ဒုက္ခပေးမှာကို စိုးရိမ်ရတဲ့၊ မျိုးရိုးဗီဇ ပြုပြင်ထားးတဲ့ပိုးမျိုး လုံးဝမဟုတ်ပါ။
ဒါပေမဲ့အေးဒီးစ်ခြင်တွေထဲမှာတော့ ဝိုလ်ဘားချီးယားက သဘာဝအတိုင်းဆိုမရှိပါ။ အဲဒီဘက်တီးရီးယားကို သုတေသီတွေက အေးဒီးစ်ခြင်ဥကလေးတွေထဲကို အလွန်သေးငယ်တဲ့ အပ်သုံးပြီးထိုးထဲ့ပေးတဲ့ အခါ ဥကပေါက်လာတဲ့ ခြင်တွေမှာ အဲဒီ ဘက်တီးရီးယားတွေပါလာပါတယ်။ အဲလို ဘက်တီးရီးယားပါလာတဲ့ ခြင်မတွေက ဆက်ပွားလာတဲ့ မျိုးဆက်သစ်တွေမှာ အဲဒီဘက်တီးရီးယား တွေဆက်ပြီးလက်ဆင့်ကမ်း ပါလာပါတယ်။
အေးဒီးစ်ခြင်တွေထဲမှာ အဲဒီ ဘက်တီးရီးယားရှိနေတဲ့ အခါ သူ့ခန္ဓာထဲဝင်လာတဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာ။ Yellow fever နဲ့ chikungunya ဗိုင်းရပ်ပိုးတွေကို ဆက်လက်ပြန့်ပွားခြင်းမရှိအောင် တားမြစ်ထားလိုက်ပါတယ်။ အဲဒီဗိုင်းရပ်စ်တွေဟာ ခြင်ရဲ့ ခန္ဓာထဲမှာ ဆက်မပွားနိုင်တော့တဲ့ အတွက် အဲဒီခြင်တွေက နောက်ထပ်လူတွေကို ကိုက်ရင်လဲ အကိုက်ခံရသူကို ရောဂါမပေးနိုင်တော့ပါဘူး။
အဲဒါကြောင့် လူတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အေးဒီးစ်ခြင်အားလုံးနီးပါးထဲမှာ ဝိုလ်ဘားချီးယား ဘက်တီးရီးယား ရှိနေအောင်လုပ်ပးနိုင်ရင် အထက်ဖေါ်ပြပါဗိုင်းရပ်လေးမျိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ ပြန့်ပွားမှု လုံးဝ ရပ်တန့်သွားပြီး တချိန်မှာ လုံးဝ ကွယ်ပျောက်သွားအောင် လုပ်ဆောင်နိုင်မလားဆိုပြီး မျှော်လင့် မှန်းဆနေကြပါတယ်။

Townsville မြို့ကပရောဂျက်

၂၀၁၄ ခုမှာ စတင်ခဲ့ တဲ့အဲဒီစမ်းသပ်မှုကို ဘေးအန္တရာယ် ကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုပြီးမှ ဒေသခံအာဏာပိုင်တွေ ပညာရှင်တွေနဲ့ လူထုရဲ့ ခွင့်ပြုချက်အပြင် အတူ ပူးပေါင်းဆောင်ရွက်မှူပါ ရယူပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမဆုံး အဲဒီမြို့က ဒေသခံအေးဒီးစ် ခြင်ဥတွေကို စုပြီး ဝိုလ်ဘားချီးယား ဘက်တီးရီးယားပိုးတွေကို ထိုးထဲ့ပေးပါတယ်။ ပြီးတော့ သုတေသနခြင်မွေးရုံတွေမှာ  အကောင်ဖေါက်၊ တခါ သားပြန်ဖေါက်ပြီး လိုအပ်တဲ့ အရအတွက်ရှိတဲ့ ဝိုလ်ဘားချီးယား ပါတဲ့ ဒေသခံ အေးဒီးစ်ခြင်ဥတွေရအောင် စုဆောင်းပါတယ်။ ရလာတော့ မှ လူထုပါဝင်မှုနဲ့ အဲဒီခြင်ဥပါတဲ့ mosquito release containers (MRCs) လို့ခေါ်တဲ့ ပုံးတွေကို မြို့ထဲကခြင်ပေါက်ဖို့သင့်တော်တဲ့ နေရာတွေမှာ မျှတတဲ့ ပြန့်နှံ့မှုရအောင် စနစ်တကျ ရွေးချယ် ချထားပေးပါတယ်။ မြို့ရဲ့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ နေရာ၊ အေးဒီးခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကိုစနစ်တကျ ခွဲခြားပြီး အဆင့်လေးဆင့်နဲ့ နေရာခွဲဆောင်ရွက်ပါတယ်။ (MRCs) ပုံးတွေကို ပထမအဆင့်မှာ စီမံချက် ဝန်ထမ်းတွေက နေရာချထားပြီး ပုံမှန် စောင့်ရှောက်ပေးခဲ့ရာ တပုံးလျင် ပျမ်းမျှ ခြင် ၈၈ ကောင် စီ လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ လူထုနဲ့ စာသင်ကျောင်းက ကလေးတွေကိုပါ ပညာပေးရင်း ပူးပေါင်း ပါဝင်စေပါတယ်။ အဆင့်လေးဆင့်အပြီးမှာ Townsville မြို့ ပေါ်နဲ့ ဆင်ခြဖုန်းမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်စုစုပေါင်း ၄သန်းကိုလွှတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ခြင်တွေက နယ်ခံ တခြားခြင်တွေနဲ့ အဝါဟဝိဝါဟ ပြုကြပြီး ဝိုလ်ဘားချီးယား ပါတဲ့ ခြင်တွေ ပိုပိုပြီး များလာပါတယ်။ အဲဒီကာလအတွင်း သတ်မှတ်နေရာတွေမှာ သတ်မှတ်ထားတဲ့ အချိန် အတိုင်း အတာအလိုက် Biogents Sentinal (BGS) traps ခြင်ဖမ်းထောင်ခြောက် ၁၇၂ ခုကို သုံးပြီး ခြင်တွေကိုဖမ်းကာ သူတို့ရဲ့ ကိုယ်ထဲမှာ ဝိုလ်ဘားချီးယား ပါဝင်လာမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြပါတယ်။ အဲဒီလို ဆောင်ရွက်ကြရာမှာ ရက်သတ္တ ၂ ပတ်ဆက်တိုက် ဖမ်းမိတဲ့ ခြင်တွေထဲမှာ ဝိုလ်ဘားချီးယားပိုးပါတဲ့ခြင် အရေအတွက် ထက်ဝက်ကျော် ရမှ အဆင့်တခုချင်းရဲ့ ရည်မှန်းချက်ပြည့်တာ ဖြစ်ပါတယ်။
အဲဒီကာလအတွင်းမှာ ဒေသအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မှတ်တမ်းကိုလည်း ပြည်လည်စစ်ထုတ် ဆန်းစစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာကနေ ၂၀၁၈ ဂျွန်လအထိ ၄၄လ ကာအအတွင်း စမ်းသပ်ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးလူနာ ၄ယောက်သာရှိခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမတိုင်မီ ၄နှစ်ရဲ့ အလားတူကာလမှာတုန်းက စမ်းသပ်ဒေအတွင်းကူးစက်တဲ့ လူနာ ၅၄ယောက် ရှိခဲ့တာပါ။ အဲဒီကာလအတွင်း ကူးစက်ခံရတဲ့ လူနာ ၄ယောက်ကို ထပ်မံစိစစ်ရာမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှုရထားပြီးတဲ့ နေရာတွေမှာ ကူးစက်ခံရတာ မဟုတ်တာကိုတွေ့ရပါတယ်။ 
အဲဒါကြောင့် နောက်ဆုံးမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းခြုံမှု ရထားပြီးတဲ့ နေရာတွေမှာ ဒေအတွင်းကူးစက်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လုံးဝမရှိတော့ ဘူးလို့ အဖြေထွက်လာတာပါ။
Townsville မြို့ကစမ်းသက်မှုအတွက် ကုန်ကျစားရိတ်ကို လူဦးရေးအချိုးအစားနဲ့ တွက်ရာမှာတော့ စမ်းသပ်ကာလဖြစ်လို့ ကြီးကြပ်စောင့်ကြည့်ရတာတွေများတဲ့ အတွက် လူတဦးလျင် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာခန့် ကုန်ကျခဲ့ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို အဲဒီမြို့မှာရှိတဲ့ လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ တခုထူးခြားတာက အခုလုပ်ဆောင်ချက်ရဲ့ အကျိုးက အချိန်ကာလ အကန့်အသတ် မရှိပါဘူး။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်တွေ စဉ်ဆက်မပြတ်ပွားနေလျင် ကာကွယ်မှုဆက်လက်ရရှိနေမှာပါ၊ ‘အဲဒီလိုကာကွယ်ပေးနိုင်မှုက နှစ်၂၀ အထိတည်ရှိနေလျင် လူတဦးချင်းစီကို သွေးလွန်တုပ်ကွေး မဖြစ်အောင်ကာကွယ်ဖို့ လိုအပ်တဲ့ ကုန် ကျစားရိတ်ဟာ တဒေါ်လာရဲ့ တဝက်တောင်မရှိတော့ ပါဘူး။ ကာကွယ်ပေးနိုင်မှု အချိန်ကြာမြင့်လေ တွက်ခြေကိုက်လေပါပဲ။

လက်ရှိ တိုးချဲ့ လုပ်ဆောင်နေမှု

အလားတူ ပရောဂျက်မျိုးကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့နဲ့ ဩစတေးသျှနိုင်ငံ မဲလ်ဘုန်းမြို့က မိုနာ့ရှ် တက္ကသိုလ်တွေမှာ အခြေပြုပြီး ဩစတေးသျှ၊ ဘရာဇီး၊  ကိုလမ်ဘီယာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကီရီဘာတီ၊ ဖီဂျီ၊ ဗာနုဝါတု၊ နရူးကယ်လီဒိုးနီယား နဲ့ မက္ကဆီကို စတဲ့ နိုင်ငံ ၁၂ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး Randomised controlled trial ဆိုတဲ့ အလွန် စနစ်ကျတဲ့ ဆေးသိပ္ပံသုတေသနတွေကိုပါ ထည့်သွင်းဆောင်ရွက်နေပါပြီ။

အနာဂတ်အတွက် အလားအလာ

ပြီးခဲ့တဲ့ စမ်းသပ်ပရောဂျက်ရဲ့ အတွေ့အကြုံများအရ အနာဂတ်ပရောဂျက်တွေမှာ စောင့်ကြည့် ကြီးကြပ်မှု တွေကို လျှော့ချနိုင်မှာဖြစ်လို့ ကုန်ကျစားရိတ်ကျ ချွေတာနိုင် လာသလို လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ လုပ်တဲ့ အလားတူပရောဂျက်တွေကို လုပ်တဲ့အခါ လူတဦးချင်းစီအတွက် ကုန်ကျစားရိတ်ကို  အမေရိကန် တဒေါ်လာအောက်အထိလျှော့ချနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အတွက် ကုန်ကျစားရိတ်နဲ့  ရမဲ့ ရလာဒ်ကို နှိုင်းယှဉ်ကြည့်လျင် အလွန်အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ လွှမ်းမိုးလွှမ်းခြုံမှုရထားပြီးတဲ့နေရာတွေမှာ ခြင်တွေထဲ ဝိုလ်ဘားချီးယား ဘက်တီးရီးယားပါဝင်မှုကို သဘာဝအလျှာက်မျိုးပွားရာက ဆက်လက် လက်ဆင့်ကမ်းသွားမှာဖြစ်လို့  သွေးလွန်တုပ်ကွေးဗိုင်းရပ်သာမက သူနဲ့ အလားတူ ပိုးတွေဖြစ်တဲ့ ဇီကာ၊ Yellow fever၊   Chikungunya ဗိုင်ရပ်တွေက ပေးတဲ့ ရောဂါတွေပါ အတူတကွ လျော့ကျသွားမှာဖြစ်ပါတယ်။ တချိန်မှာ အေးဒီးစ်ခြင်ကသယ်ဆောင်တဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပြန့်ပွားရာ အပူပိုင်းနဲ့ သမပိုင်းဒေသနိုင်ငံတွေမှာ ဝိုလ်ဘားချီးယားပါတဲ့ ခြင်အကောင်ရေ ရာနှုန်းပြည့် လွှမ်းခြုံမှူတည်မြဲပြီး အထက်ပါရောဂါတွေ ပြန့်ပွဦးမှုလုံးဝ ရပ်တန့်သွားနိုင်မလားလို့ ပါမျှော်လင့်နေကြပါပြီ။
နောက်တဆင့်အနေနဲ့ ခြင်ကနေ ရောဂါကူးစက်စေပြီး နှစ်စဉ် အသက်များစွားနှုတ်ယူနေတဲ့ ငျက်ဖျားရောဂါကိုရော ဒီ ဝိုလ်ဘားချီးယား ဘက်တီးရီးယားက ကူညီနိုင်မလားဆိုတဲ့ မေးခွန်းတွေကို မေးလာကြပါပြီ။ တခုရှိတာက ငှက်ဖျားဖြစ်စေတာ ဗိုင်းရပ်မဟုတ်ဘဲ ပရိုတိုဇိုးဝါး ဖြစ်လို့ ဗိုင်းရပ်စ်နဲ့ သဘာဝမတူပါ။ သယ်ဆောင်တဲ့ ခြင်ကလဲ အနေဖီးလစ်ခြင်ဖြစ်ပါတယ် ၊ အေးဒီးစ်မဟုတ်ပါ။ သို့သော်လည်း လက်ရှိအောင်မြ်ငထားတဲ့ နည်းပညာက ငှက်ဖျားရောဂါ ထိန်းချုပ်ရေးနဲ့ ပပြောက်ရေးအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်နိုင်တယ်လို့ သူတေသီတွေက ဆိုကြပါတယ်။

ဖိုးသုည
၀၂၊၀၈၊၂၀၁၈

ကျမ်းကိုး