Thursday, 30 May 2019

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။)

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ေဇာ္ဂ်ီ)

ဘူေဖးဆိုတာ ကိုယ့္ေလာဘနဲ႔ ကိုယ့္ကို ျပန္သတ္တဲ့ စားေသာက္နည္းပါ။
ဘူေဖးဆိုင္မွာ ကိုယ္ႀကိဳက္တာကို လိုသေလာက္ပဲေ႐ြးၿပီး ခ်င့္ခ်ိန္စားတယ္ဆိုတာ တစ္ ရာခိုင္ႏႈန္းေတာင္ရွိမယ္မထင္ပါ။ 
ဒီဖက္ေခတ္မွာ ၿမိဳ႕ႀကီးေတြသာမက ၿမိဳ႕အလတ္စားေတြမွာပါ ေဟာ့ေပါ့ ဘူေဖးေတြ အလွ်ိဳလွ်ိဳေပၚလာပါတယ္၊ 
မန္ဘာကဒ္နဲ႔ မန္ဘာဒစ္စေကာင့္၊ ေန႔လည္စာအထူး စသည္ျဖင့္နည္းမ်ိဳးစုံ ပ႐ိုမိုးရွင္းလုပ္ၾကပါတယ္။
မၾကာမၾကာလာစားျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔ဆြယ္ပါတယ္။ 
ေဟာ့ေပါ့ဘူေဖးေတြရဲ႕ ေယဘူရ အေကာင္းအဆိုးမ်ား-

ဘာေတြေကာင္းလဲ

ေဆြမ်ိဳးေတြ မိသားစုေတြ ဆုံလို႔၊ မိတ္ေဆြ အေပါင္းအသင္းေတြဆုံလို႔၊ အထိမ္းအမွတ္ပြဲတခုခု စုစားခ်င္လို႔ ဆိုတာမ်ိဳး လူအမ်ားစုစားတဲ့အခါ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ ျပသနာမရွိေတာ့ပါ။ စားသူက ကိုယ္ႀကိဳက္တာကိုယ္ယူစား႐ုံပါ။
ေကြၽးသူက မွာထားတာ မေလာက္မွာမပူရသလို ပိုလွ်ံမွာလည္း ပူစရာမလိုပါ။
အစားႀကီးသူမ်ားအတြက္ တြက္ေျခကိုက္ပါတယ္။

မေကာင္းတာမ်ား

အစားနည္းသူမ်ားအတြက္ စားႏိုင္တာထက္ပိုေပးရလို႔ ေပးရတာမတန္ပါ၊ ေဈးမ်ားပါတယ္။
အျပဳတ္မႀကိဳက္သူမ်ားအတြက္ ေ႐ြးစရာနည္းပါတယ္။
အေရးအႀကီးဆုံးကေတာ့ က်န္းမာေရးနဲ႔ လုံးမညီၫြတ္ပါ။

က်န္းမာေရးအတြက္ မေကာင္းတဲ့ အေၾကာင္းေတြကေတာ့

၁၊ ပမာဏ

ဘူေဖးျဖစ္လို႔  အမ်ားစုက ေပးထားတာ တန္ေအာင္ စားႏိုင္သမွ်စားၾကပါတယ္၊ ပုံမွန္ထက္မ်ားစြာ (ႏွစ္ဆမက) ပိုစားပါတယ္။ 

၂၊ ကိုလက္စထေရာ

 ေဈးႀကီးေသာပင္လယ္စာကို မ်ားမ်ားစားတတ္ၾကပါတယ္၊ ဂဏန္း ပုဇြန္ ကမာ ဆိတ္၊ အမဲ၊ ဝက္သား စသည္တို႔မွာ ကိုလက္စထေရာအလြန္မ်ားသျဖင့္ ဆင္ဆင္ျခင္ျခင္ စားရမည့္ အမ်ိဳးအစားထဲတြင္ပါေသာ္လည္း ဘူေဖးျဖစ္လို႔ ေပးရတာတန္ေအာင္ အဲဒါေတြမ်ားမ်ားစားၾက။

၃။ ဆား နဲ႔ အခ်ိဳမႈန႔္ 

သထူးသျဖင့္ အသားေတြမွာ အလြန္မ်ားပါတယ္။ ပုံမွန္အစားအေသာက္ေတြမွာထက္ပိုငံပါတယ္။ 
ဆားနဲ႔ အခ်ိဳ႕မႈန႔္ပါ ဆိုဒီယံေၾကာင့္ ေသြးေပါင္ခ်ိန္တက္ပါတယ္။ ေက်ာက္ကပ္မေကာင္းလ်င္ ေဖာေယာင္ပါတယ္၊ ႏွလုံးအားနည္းလ်င္ မညႇစ္ႏိုင္ပဲ အေမာေဖါက္ႏိုင္ပါတယ္။  ျပဳတ္ရည္ကို နည္းနည္းၾကာလ်င္ ေရေႏြးေရာ (သို႔) အသစ္လဲသင့္ပါတယ္၊ မေသာက္သင့္ပါ။  
အသားငါးေတြကို အခ်ည္ရည္မ်ိဳးစုံနဲ႔ တို႔စားလို႔ အဲဒီေဆာ့စ္ ေတြထဲကအငံဓါတ္ေတြကို ပိုစားမိၾကျပန္ပါတယ္။ 

၄၊ အသား

ေဟာ့ေပါ့စားသူေတြက အသားေတြကိုအစားမ်ားပါတယ္ အသားေတြမွာ ျပည့္ဝအဆီေတြမ်ားသလို အမဲသားဆိတ္သားေတြက ယူရစ္အက္ဆစ္လည္း မ်ားပါတယ္၊ အသားပ႐ိုတိန္းကို တျခားအစားေတြနဲ႔ အခ်ိဳးမမွ်ေအာင္မ်ားမ်ားစားလ်င္ ဝမ္းလည္းခ်ဳပ္ပါတယ္၊ ေက်ာက္ကပ္လည္း ဝန္ပိပါတယ္။ 

၅၊ ၾကာရွည္ခံေအာင္လုပ္ထားေသာအစာမ်ား

အသားလုံး ငါးလုံး ဂဏန္းလိပ္ ပုဇြန္လိပ္ ဖက္ထုပ္ ခဲၿပီးလႊာထားေသာ အသားေတြမွာ က်န္းမာေရးထိခိုက္ေစတဲ့   ၾကာရွည္ခံေစတဲ့ ဓါတုပစၥည္းေတြပါပါတယ္၊ နည္းနည္းပါးပါးက သိပ္မသိသာေပမဲ့ အမ်ားႀကီး မစားသင့္ပါ။ 
မၾကာမၾကာစားသူမ်ား ကင္ဆာေရာဂါျဖစ္ဖို႔ အႏၲရာယ္ပိုမ်ားလာေစပါတယ္။
အသားငါးသာမက ဂ်ဳံလိုကစီဓါတ္မ်ားတဲ့ ပစၥည္းေတြပါလို႔ အစာေျခၿပီးလ်င္ ေသြးထဲမွာ သၾကားဓါတ္တက္ပါတယ္၊ ကိုယ္က ေခါက္ဆြဲ ၾကာဇံထည့္မစားေတာင္ အဲဒီ အသားလုံး ဂဏန္းလိပ္ေတြကေန ကာဗိုဟိုက္ၿဒိတ္ေတြ အမ်ားႀကီး ဝင္ပါတယ္။ ဆီးခ်ိဳသမားမ်ား သတိထားစရာပါ။ 
အစာအိမ္နဲ႔ အူလမ္းေၾကာင္းကင္ဆာအပါအဝင္ကင္ဆာမ်ိဳးစုံကို ျဖစ္ေစႏိုင္ပါတယ္။

၅၊ အ႐ြက္

ဘူေဖးစားတာျဖစ္လို႔ လူအမ်ားက 
အလြယ္တကူ ဗိုက္ျပည့္ေစတဲ့ က်န္းမာေရးအတြက္ တန္ဖိုးရွိတဲ့ ေဈးေပါတဲ့ အ႐ြက္ေတြကို သိပ္မယူတတ္ၾကပါ။ အသားကိုပိုစားၾကတာမ်ားပါတယ္

၆၊ အခ်ိဳပြဲ

ဘူေဖးျဖစ္လို႔ အကန႔္သတ္မရွိတဲ့ အခ်ိဳရည္ေတြမ်ားမ်ားေသာက္တတ္ၾကသလို ေရခဲမုန႔္ေတြ အမ်ိဳးကလည္းစုံေတာ့ အမ်ားႀကီးစားတတ္ၾကပါတယ္ အခ်ိဳမ်ားသလို ေရခဲမုန႔္မွာ အဆီဓါတ္လည္းမ်ားပါတယ္။ မျခားအခ်ိဳမ်ိဳးစုံလည္းရေတာ့ ပုံမွန္  စားေနက်အခ်ိဳထက္ အဆမ်ားစြာပိုစားပါတယ္။ 

သၾကားဓါတ္မ်ားလို႔ ဆီးခ်ိဳ ေသြးခ်ိဳတက္သလို အဝလြန္ေစပါတယ္။ 

ရ။ ေရ

ဗိုက္မဆံ့မွာစိုးလို႔ ေရအေသာက္နည္းတတ္ၾကပါတယ္။

၈၊ အစားအေသာက္ သန႔္ရွင္းမႉ

အသုတ္နဲ႔ အထူးသျဖင့္ အခ်ည္ရည္မ်ိဳးစုံတို႔ဟာ ေသခ်ာခ်က္ျပဳတ္ထားတာမရွိလို႔ မသန႔္လ်င္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ႏိုင္ပါတယ္။ 

ခ်ဳပ္ရလ်င္ေတာ့ ဒီလို ဘူေဖးေဟာ့ေပါ့ေတြကို 
ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္နဲ႔ ဆီးေရာဂါရွိသူ၊ အစာအိမ္ေရာဂါရွိသူ၊ အစာအိမ္အက္ဆစ္ အထက္ကို ျပန္ဆန္တတ္တဲ့ ရီဖလက္ရွိသူ၊ သည္းေျခေက်ာက္ရွိသူ သည္းေျခအိတ္ထုတ္ထားသူ၊ အဝလြန္သူတို႔အတြက္ေတာ့  ေဝးေဝးကေရွာင္သင့္ပါတယ္။ 

 ရွားရွားပါးပါး တႏွစ္မွ တေခါက္ ႏွစ္ေခါက္ေလာက္သြားစားသူေတြ အတြက္ သိပ္မဆိုးေပမဲ့ မၾကာခဏသြားစားျဖစ္ေနရင္ေတာ့ ေဆးဖိုးလည္း စုသာထားဖို႔လိုႏိုင္ပါေၾကာင္း အသိေပးရပါတယ္ အမ်ိဳးတို႔ခင္ဗ်ား။

ဖိုးသုည
30-5-19

ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။ ( ယူနီကုဒ်) 

ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-

 ဘာတွေကောင်းလဲ

ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။

မကောင်းတာများ

အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။

ကျန်းမာရေးအတွက် မကောင်းတဲ့ အကြောင်းတွေကတော့

၁၊ ပမာဏ

ဘူဖေးဖြစ်လို့  အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်၊ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။

၂၊  ကိုလက်စထရော

ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ နဲ့ ဆိတ်၊ အမဲ၊ ဝက်သားစသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။

၃။ ဆား နဲ့ အချိုမှုန့်

သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊ နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။  ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်၊ မသောက်သင့်ပါ။ 
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။

၄၊ အသား

ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာ ပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။ 

၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ

အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့   ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်၊ နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။

မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။ 
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်၊ ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။ ဆီးချိုသမားများ သတိထားစရာပါ။

၅၊ အရွက်

ဘူဖေးစားတာဖြစ်လို့ လူအများက
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်

၆၊ အချိုပွဲ

ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန်  စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။ 
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။ 

ရ။ ရေ

ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။

၈၊ အစားအသောက် သန့်ရှင်းမှူ

အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့  ဝေးဝေးကရှောင်သင့်ပါတယ်။

 ရှားရှားပါးပါး တနှစ်မှ တခေါက် နှစ်ခေါက်လောက်သွားစားသူတွေ အတွက် သိပ်မဆိုးပေမဲ့ မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့လိုနိုင်ပါကြောင်း အသိေပးရပါတယ် အမျိုးတို့ခင်ဗျား။


ဖိုးသုည

30-5-19-

Sunday, 3 March 2019


WORLD HEARING DAY


ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မတ်လ ၃ ရက်နေ့ကို  WORLD HEARING DAY လို့ သတ်မှတ်ထားပါတယ်။၊
မြန်မာလိုတော့ နိုင်ငံတကာ သောတအာရုံနေ့လို့ ပြန်ဆိုရမလားပဲ။
ဒီနှစ် ၂၀၁၉ WORLD HEARING DAY အတွက်ဆောင်ပုဒ်ကတော့ “ သင့်အကြားအာရုံကို စစ်ဆေးပါ “ လို့ ဆိုပါတယ်။ The theme for World Hearing Day in 2019 is “Check your hearing!”
ဘယ်လိုစစ်လို့ရတယ်ဆိုတာကိုပါတပါတည်း မျှဝေးပေးထားပါတယ်။ မိမိအကြားအာရုံကို စစ်လို့ရတဲ့ အပ် (app)  ကလေး တွေရဲ့ လင့်ကို အောက်မှာထည့်ပေးထားပါတယ်။ ဒီ app ကိုသုံးပြီးမိမိအကြားအာရုံကို စမ်းသပ်လို့ ရတဲ့ အဖြေက ဆေးရုံဆေးခန်းတွေမှာ  စနစ်တကျ စမ်းလို့ ရတဲ့ Audiometry အဖြေလိုတော့ တိကျနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုစမ်းလို့ အကြားအာရုံ ချို့ယွင်းနေတယ်လို့ အဖြေထွက်လာလျင်တော့ နား၊ နှခေါင်းဆရာဝန်နဲ့ ပြပြီး စနစ်တကျ စစ်ဆေးဖို့ လို အပ်လာပါပြီ။
ပိုအရေးကြီးတာက မိမိအကြားအာရုံကို ထိခိုက်စေနဲ့ ကိစ္စတွေကို ဂရုတစိုက်နဲ့ ရှောင်ရှားဖို့ လိုလာပြီဆိုတာကိုတော့ သတိထားနိုင်မှာ ဖြစ်ပါတယ်။
စမ်းဖို့ နားကြပ် လိုအပ်သလို တိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်လည်းလိုအပ်ပါတယ်။

ဒီနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြားအာရုံချို့ယွင်းမှုနဲ့ ပတ်သက်ပြီး လူအများ သိထားသင့် သတိထားသင့်တဲ့ အချက် ၁၀ ချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။

၁. ကမ္ဘာမှာ လူဦးရေ သန်း ၃၆၀ ဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၂. သတိမမူမိကြတဲ့ အဲဒီ အကြားအာရုံချို့တဲ့ မှုပြသနာကို ရင်ဆိုင်ရာမှာ နိုင်ငံတကာဒေါ်လာ ဘီလီယံ ၇၅၀  အကုန်အကျခံနေရပါတယ်၊
၃. လက်ရှိမှာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့ ကလေးငယ် ၃၂ သန်းရှိပါတယ်။
၄. ရေရှည် နားပြည်ယို၊ နားကိုက် ပိုးဝင်ရောဂါများက အကြားအာရုံချို့တဲ့မှုရဲ့ အဓိကတရားခံများဖြစ်ခဲ့ပါတယ်.
၅. အသက် ၆၅နှစ် အထက်ရှိသူ များရဲ့ သုံးပုံတပုံဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၆. ဆူညံသံဟာ ကာကွယ်လို့ရတဲ့ အဓိက အကြားအာရုံချို့တဲ့မှုကို ဖြစ်စေတဲ့တရားခံတခုဖြစ်ပါတယ်။
ရ. လုပ်ငန်းခွင် ဆူညံသံများ နဲ့နားကို ထိခိုက်စေတဲ့ ဆေးဝါးများကလည်း အကြားအာရုံချို့တဲ့မှုကို ဖြစ်စေပါတယ်။
၈. အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့သူတွေကို  အသံထိန်းညှိပေးတဲ့ နားကြားကြိယာကိုသုံးခြင်း (သို့) အတွင်းနားက အစိပ်အပိုင်းကို အစားထိုးဖြင်းဖြင့် ကူညီပေးနိုင်ပါတယ်။၊
၉. အကြားအာရုံချို့တဲ့သူများသုံးတဲ့ လက်ချောင်း သင်္ကေတ ဘာသာကို သုံးစွဲခြင်း၊ သင်္ကေတ ကိကု တွဲ၍ ဖေါ်ပြပေးခြင်းအားဖြင့်လည်း ထိုသူများကို ကူညီနိုင်ပါတယ်။
၁၀ ကလေးသူငယ်များ မှာဖြစ်တဲ့  အကြားအာရုံချွတ်ယွင်းမှူရဲ့ ၆၀ ရာခိုင်နှန်း ( ခြောက်ဆယ် ရာနှူန်း) ဟာ လူထုကျန်းမာရေး လုပ်ငန်းများမှ တဆင့် ကာကွယ် ပေးလို့ရပါတယ်။

ကာကွယ်လို့ရပြီး လူတွေ သတိမထားမိကြတဲ့ ဆူညံသံကြောင့်ဖြစ်တဲ့ အကြားအာရုံချွတ်ယွင်းမှူ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်၊

ဖိုးသုည
၄-၃-၂၀၁၉

app download links












WORLD HEARING DAY 
(Zawgyi font) 

ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက မတ္လ ၃ ရက္ေန႔ကို  WORLD HEARING DAY လို႔ သတ္မွတ္ထားပါတယ္။၊
ျမန္မာလိုေတာ့ ႏိုင္ငံတကာ ေသာတအာ႐ုံေန႔လို႔ ျပန္ဆိုရမလားပဲ။
ဒီႏွစ္ ၂၀၁၉ WORLD HEARING DAY အတြက္ေဆာင္ပုဒ္ကေတာ့ “ သင့္အၾကားအာ႐ုံကို စစ္ေဆးပါ “ လို႔ ဆိုပါတယ္။ The theme for World Hearing Day in 2019 is “Check your hearing!”
ဘယ္လိုစစ္လို႔ရတယ္ဆိုတာကိုပါတပါတည္း မွ်ေဝးေပးထားပါတယ္။ မိမိအၾကားအာ႐ုံကို စစ္လို႔ရတဲ့ အပ္ ( app)  ကေလး ေတြရဲ႕ လင့္ကို ေအာက္မွာထည့္ေပးထားပါတယ္။ ဒီ app ကိုသုံးၿပီးမိမိအၾကားအာ႐ုံကို စမ္းသပ္လို႔ ရတဲ့ အေျဖက ေဆး႐ုံေဆးခန္းေတြမွာ  စနစ္တက် စမ္းလို႔ ရတဲ့ Audiometry အေျဖလိုေတာ့ တိက်ႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလိုစမ္းလို႔ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနတယ္လို႔ အေျဖထြက္လာလ်င္ေတာ့ နား၊ ႏွေခါင္းဆရာဝန္နဲ႔ ျပၿပီး စနစ္တက် စစ္ေဆးဖို႔ လို အပ္လာပါၿပီ။ 
ပိုအေရးႀကီးတာက မိမိအၾကားအာ႐ုံကို ထိခိုက္ေစနဲ႔ ကိစၥေတြကို ဂ႐ုတစိုက္နဲ႔ ေရွာင္ရွားဖို႔ လိုလာၿပီဆိုတာကိုေတာ့ သတိထားႏိုင္မွာ ျဖစ္ပါတယ္။ 
စမ္းဖို႔ နားၾကပ္ လိုအပ္သလို တိတ္ဆိတ္နဲ႔ ပတ္ဝန္းက်င္လည္းလိုအပ္ပါတယ္။

ဒီႏွစ္မွာ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက အၾကားအာ႐ုံခ်ိဳ႕ယြင္းမႈနဲ႔ ပတ္သက္ၿပီး လူအမ်ား သိထားသင့္ သတိထားသင့္တဲ့ အခ်က္ ၁၀ ခ်က္ကို ေအာက္ပါအတိုင္းထုတ္ျပန္ထားပါတယ္။ 
၁. ကမာၻမွာ လူဦးေရ သန္း ၃၆၀ ဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရပါတယ္။ 
၂. သတိမမူမိၾကတဲ့ အဲဒီ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈျပသနာကို ရင္ဆိုင္ရာမွာ ႏိုင္ငံတကာေဒၚလာ ဘီလီယံ ၇၅၀  အကုန္အက်ခံေနရပါတယ္၊ 
၃. လက္ရွိမွာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရတဲ့ ကေလးငယ္ ၃၂ သန္းရွိပါတယ္။ 
၄. ေရရွည္ နားျပည္ယို၊ နားကိုက္ ပိုးဝင္ေရာဂါမ်ားက အၾကားအာ႐ုံခ်ိဳ႕တဲ့မႈရဲ႕ အဓိကတရားခံမ်ားျဖစ္ခဲ့ပါတယ္. 
၅. အသက္ ၆၅ႏွစ္ အထက္ရွိသူ မ်ားရဲ႕ သုံးပုံတပုံဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရပါတယ္။ 
၆. ဆူညံသံဟာ ကာကြယ္လို႔ရတဲ့ အဓိက အၾကားအာ႐ုံခ်ိဳ႕တဲ့မႈကို ျဖစ္ေစတဲ့တရားခံတခုျဖစ္ပါတယ္။ 
ရ. လုပ္ငန္းခြင္ ဆူညံသံမ်ား နဲ႔နားကို ထိခိုက္ေစတဲ့ ေဆးဝါးမ်ားကလည္း အၾကားအာ႐ုံခ်ိဳ႕တဲ့မႈကို ျဖစ္ေစပါတယ္။ 
၈. အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရတဲ့သူေတြကို  အသံထိန္းညႇိေပးတဲ့ နားၾကားႀကိယာကိုသုံးျခင္း (သို႔) အတြင္းနားက အစိပ္အပိုင္းကို အစားထိုးျဖင္းျဖင့္ ကူညီေပးႏိုင္ပါတယ္။၊
၉. အၾကားအာ႐ုံခ်ိဳ႕တဲ့သူမ်ားသုံးတဲ့ လက္ေခ်ာင္း သေကၤတ ဘာသာကို သုံးစြဲျခင္း၊ သေကၤတ ကိကု တြဲ၍ ေဖၚျပေပးျခင္းအားျဖင့္လည္း ထိုသူမ်ားကို ကူညီႏိုင္ပါတယ္။ 
၁၀ ကေလးသူငယ္မ်ား မွာျဖစ္တဲ့  အၾကားအာ႐ုံခြၽတ္ယြင္းမႉရဲ႕ ၆၀ ရာခိုင္ႏွန္း ( ေျခာက္ဆယ္ ရာႏႉန္း) ဟာ လူထုက်န္းမာေရး လုပ္ငန္းမ်ားမွ တဆင့္ ကာကြယ္ ေပးလို႔ရပါတယ္။ 

ကာကြယ္လို႔ရၿပီး လူေတြ သတိမထားမိၾကတဲ့ ဆူညံသံေၾကာင့္ျဖစ္တဲ့ အၾကားအာ႐ုံခြၽတ္ယြင္းမႉ အေၾကာင္းကို ဒီမွာ ဖတ္ႏိုင္ပါတယ္၊ 


ဖိုးသုည
၄-၃-၂၀၁၉

app download links



ကိုးကား  

http://www.deafbiblemyanmar.net/en/about-us
http://www.deafbiblemyanmar.net/mm/%E1%80%95%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8 

Saturday, 2 February 2019

စကရင်တိုင်းမ် (Screen time) က ကလေးငယ်များ၏ကျန်းမာရေး နှင့် ဖွံ့ဖြိုးမှုကိုထိခိုက်နိုင် (စကရင္တိုင္းမ္ (Screen time) က ကေလးငယ္မ်ား၏က်န္းမာေရး ႏွင့္ ဖြံ႕ၿဖိဳးမႈကိုထိခိုက္ႏိုင္)


စကရင်တိုင်းမ် (Screen time) က ကလေးငယ်များ၏ကျန်းမာရေး နှင့် ဖွံ့ဖြိုးမှုကိုထိခိုက်နိုင်


Screen time ( စကရင်တိုင်းမ်) ဆိုတာ စမတ်ဖုန်း၊ တက်ဘလက် ၊ အိုင်ပက်၊ ကွန်ပြူတာ၊ တီဗွီ စသည်တို့ရဲ့ မျက်နှာပြင်ကို မျက်နှာချင်းဆိုတဲ့ အချိန် ( တနည်း၊ အထက်ပါ ပစ္စည်းမျာကို သုံးစွဲချိန်) ကိုဆိုတာပါ။
တီဗွီအစီအစဉ်တွေ ရုပ်ရှင်တွေကြည့်တာ၊ ဂိမ်းဆော့တာတွေ ဆိုရှယ်မီဒီယာသုံးတာတွေ အကုန်ပါပါတယ်။

၂၀၁၉ ဇန္နဝါရီ ၂၈ ရက်က ဘီဘီစီမှာ ပါလာတဲ့ “ စကရင်တိုင်းမ်က ကလေးငယ်များးကိုထိခိုက်နိုင်တယ်”   ‘ Screen time 'may harm toddlers' 1 ဆိုတဲ့
ဆောင်းပါးမှာ ရေးထားတာကတော့ တလောကထွက်လာတဲ့ သုတသန အဖြေတခု က အသက် ၂ နှစ်နဲ့ ၃နှစ် အကြားမှာ စကရင်တိုင်းမ် များတဲ့ ကလေးတွေ မှာ သူတို့ရဲ့ အသက် ၃နှစ်က ၅ နှစ် အထိ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ နှေးကွေးတယ်ဆိုပါတယ်။
အဲဒီဆောင်းပါး ကလေးကို ဖတ်ရတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က မိတ်ဆွေဆရာဝန်လင်မယားရဲ့ သားလေးအကြောင်း ကို သတိရလို့ ဒီပို့စ်ကလေးကိုရေးမိပါတယ်။

မိဘနှစ်ယောက်လုံးက ပညာထူးချွန်တဲ့ ဆရာဝန်များဖြစ်ပြီး ပြည်ပနိုင်ငံတခုမှာ အလုပ်လုပ်နေကြပါတယ်။
ပြည်ပမှာ မွေးတဲ့ တဦးတည်းသောသားဖြစ်လို့ ရွယ်တူ ကစားဖေါ်ကလည်းမရှိပါ။  အနီးအနားမှာ မြန်မာ အသိုင်းအဝိုင်းရှိပေမဲ့ အိမ်မှာတော့  shift duty နဲ့ အလုပ်ဆင်းရတဲ့ မိဘနှစ်ပါးရယ် မြန်မာပြည်က ခေါ်ထားတဲ့ ကလေးထိန်း အဒေါ်ကြီးရယ်ပဲ ရှိတာပါ။
ကလေး အသက် တနှစ်လောက်မှာ အဖေက အင်္ဂလန်မှာအလုပ်ရပြီး အမေကလည်း အရေးပေါ်ဌာနမှာ မနက်၊ နေ့၊ ည အလှည့်ကျဂျူတီတွေဆင်းရင်း စာမေးပွဲ အတွက် စာတွေဖတ်ရတော့ ကလေးရဲ့ အချိန်အများစုက ကလေးထိန်းနဲ့ နေရပါတယ်။ ကလေးထိန်းကလည်း အိမ်အလုပ်တွေကိုလုပ်ရသေးတော့ ကလေးနဲ့တချိန်လုံး အတူမနေနိုင်ဘဲ ကလေးကိုသူကြိုက်တဲ့ တီဗွီက ကလေး အစီအစဉ်တွေ နဲ့ တက်ဘလက်က ဂိမ်းတွေကိုပေးထားပါတယ်။ 
ကလေးက အလွန် ဉာဏ်ထက်ပြီးသွက်လက်ချက်ချာပါတယ်။
သူက တချိန်လုံးလိုလို တီဗွီက ကလေး အစီအစဉ်တွေကို ကြည့်လိုက် တက်ဘလက်ကလေးမှာ သူ့အတွက်ထည့်ပေးထားတဲ့ ကလေး ပညာပေး ဂိမ်းကလေးတွေဆော့လိုက်နဲ့  တီဗွီထဲ ဂိမ်းထဲ  ကအကောင်ကလေးတွေကို အဖါ်လုပ်ပြီး အပြန်အလှန်စကားပြောလိုက်နဲ့ ဆော့ပါတယ်။
Disney junior လို ကလေးတီဗွီ အစီအစဉ်တွေက ကလေးငယ်တွေကို ဘယ်လို ပြုမူပြောဆိုရမယ်ဆိုတာမျိုး ပညာပေးသလို ကလေး တွေအတွက် သင်ယူစရာ အက္ခရာ၊ နံပတ်၊ အရောင် ၊ ပုံသဏ္ဍန် စသည်တို့ကို သင်ပေးပါတယ်။ တက်ဘလက်ထဲက ဂိမ်းတွေကလည်းပညာပေးတွေဖြစ်သလို interactive ဖြစ်လို့  ကလေး က ဂိမ်းထဲက သရုပ်ဆောင်ကလေးတွေနဲ့ အပြန်အလှန် ပြောဆို ကစားရင်း အသိတွေတိုးပါတယ်။ အသက် ၂နှစ်လောက်မှာ အရွယ်နဲ့ မလိုက်အောင် အရောင် ၊ နံပတ်၊ အေဘီစီ၊ ပုံသဏ္ဍန် စသည်တို့ကို နားလည်နေပါပြီ။
သို့သော် သူကလေးဟာ သက်ရှိလူသားတွေနဲ့ အပြန်အလှန် ပြုမူဆက်ဆံမှုနည်းတာကြောင့် သူ့စကားနဲ့လေယူလေသိမ်းတွေက ဂိမ်းထဲကလို စက်ရုပ်ဆန်ဆန်အသံဖြစ်နေပါတယ်။
အသက်နည်းနည်းပိုကြီးလာတော့ မိဘ၊ ကလေးထိန်း၊ ဧည့်သည် တွေနဲ့  အပြန်အလှန် ပြောဆိုတာ ပိုနည်းလာပြီး သူ့တီဗွီနဲ့ တက်ဘလက်လေးသာ သူ့ကမ္ဘာဖြစ်လာတာကို သူ့အမေက ထိတ်လန့်စွာ သတိထားမိလာပါတယ်။
ကလေးက သူ့ကို မေးတဲ့၊ စကားပြာတဲ့ အခါ ပြန် ဖြေတာ တုန့်ပြန်တာ အတောကိုနည်းလာပြီး တက်ဘလက်ထဲက ဂိမ်းနဲ့ တော  ရွှန်းရွှန်း ဝေနေအောင် အပြန်အလှန် ပြောဆိုနေတာက အလွန် သိသာလာပါတယ်။
အဲဒီမှာ အမေလည်းစိတ်ပူပြီး ကလေး ဆရာဝန်တွေ ကလေး စိတ်ပညာရှင်တွေနဲ့ တိုင်ပင် တခြားကလေး မိဘတွေကို မေးနဲ့ အတော်ကို ဗျာများရပါတော့တယ်။
ကလေးက သူ့ရဲ့လက်တွေဘဝပတ်ဝန်းကျင်မှာ သက်ရှိတွေနဲ့ အပြန်အလှန်ဆက်ဆံရတာနည်းပြီး နေ့တိုင်း ဖန်သားပြင်ထဲက အကောင်ကလေးတွေနဲ့ပဲ အချိန်ကုန်နေရတော့ သက်ရှိပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ဘဲ သူပျော်ရွှင် ကျက်စားရာ ဖန်သားပြင်ထဲကဘဝကိုပဲ တကယ့်ဘဝလို ဆက်ဆံနေတော့တာပါ။ 
ကလေး ၃နှစ်ကျော်လောက်မှာတော့ အမေလည်းအလုပ်ထွက်ပြီး ကလေး အဖေရှိရာ အင်္ဂလန်ကို လိုက်သွားရင်း အချိန်ပြည့် ကလေး နဲ့ နေပြီး စောင့်ရှောက်ပေးပါတယ်။
အဲလို အမေက ကလေးနဲ့ အနီးကပ်နေပြီး အပြန်အလှန်ပြောဆိုဆက်ဆံတာတွေ အချိန်ပြည့်လုပ်ပေးတာ လ အတော် ကြာလာချိန်မှာတော့ ကလေးရဲ့ အမူ အကျင့် တွေ ပြောင်းပြီး လူသားဆန်ဆန် တုန့်ပြန်မှုတွေ ပြန်တွေ့လာရတယ်လို့ပြောပါတယ်။ နောက် ၆လလောက် အကြမှာတော့ သူ့ကလေးဟာ တခြားကလေးတွေလို ပုံမှန်ဖြစ်နေပါပြီလို့ သူ့အမေရဲ့ အကြောင်းကြားလာတာကို ဝမ်းသာစွာ ကြားသိရပါတယ်။

 စကားပြောပြသနာ ( speech problem) တွေကို ဖြေရှင်းပေးရတဲ့  speech therapist တယောက်က ကလည်း အခုနောက်ပိုင်း စကားပြောနောက်ကျတဲ့ ကလေးတွေမှာ စကားပြောလျင် တီဗွီထဲက စကားတွေ လေသံတွေကို သုံးပြီး ပြောတာတွကိုတွေ့ရပြီး၊ အပြင်လောက ပြောဆိုဆက်ဆံပုံနဲ့ နဲ့ ကင်းကွာလာတဲ့ ကလေး တွေကို ပိုပြီး တွေ့လာနေရတယ်လို့ ပြောပြဖူးပါတယ်။

စကားပြောနောက်ကျကြတဲ့ ကလေးတွေ ရဲ့ မိဘတွေကိုမေးကြည့်ရာမှာ  ဟန်းဖုန်းနဲ့ ဆော့တာ တီဗွီတချိန်လုံးကြည့်တာတွေကနေ အဲဒီလို တီဗွီတွေဖုန်းတွေထဲမှာက အပြင်မှာ ပြောတဲ့ ဘာသာစကားနဲ့မတူတဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြောတာတွေကို ကြားပြီး ဘာသာစကားရောထွေးမှုကြောင့် စကားပြောနောက်ကျတာတွေ ပိုပိုပြီးတွေ့လာနေရပါတယ်။
မိဘအတော်များများကတော့ အဲ ဒီ ဂက်ဂျက်တွေရဲ့ ဘေးအန္တရာယ်ကို မသိဘဲ မိမိကလေးက ဖုန်းသုံးတာ တက်ဘလက်သုံးတာ ဘယ်လိုတော်ကြောင်း ဂုဏ်ယူစွာ ပြောနေတာကို ကြားနေရပါတယ်။

အသက် ၂နှစ်ကနေ ၅နှစ်ကြားအရွယ်ကလေးငယ်တွေဟာ သူတို့ရဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင် ကနေ စကား ၊ အပြောအဆို၊ အမူအယာ၊ အနေအထိုင်၊ အကျင့်စရိုက် စတာတွေကို ကူးယူသင်ယာတာ အများးဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်. အဲဒါကြောင့် သူတို့ နဲ့ နေ့တဒူဝ ထိတွေ့နေတဲ့ အနီးဆုံးပတ်ဝန်းကျင်ကို အုပ်ထိန်းသူတွေက စိစစ်ပေးသင့်တာပါ။

-      အသက် တနှစ်ခွဲအောက် ကလေးငယ်တွေကို video chat ကလွဲလို့ စကရင်ပေါ်က မီဒီယာတွေကို ရှောင် ကျဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။
-      အသက် တနှစ်ခွဲကနေ ၂ နှစ်ကြားကလေးတွေ ကိုတော့ စကရင်ပေါ်က မီဒီယာတွေကို စပြချင်လျင် တကယ် အဆင့်အတန်းရှိတဲ့ ပညာပေး ပရိုဂရမ်မျိုးကို စတင် ထိတွေ့ပေးနိုင်ပေမဲ့ မိဘ တဦးဦးကကလေးနဲ့ အတူထိုင်ကြည့်ပါလို့ ဆိုပါတယ်။
-       အသက် ၂နှစ်ကနေ ၅နှစ်အထိကလေးတွေအတွက် စကရင်တိုင်မ်းဟာ တနေ့ကို တနာရီထက် မပိုသင့်သလို မိဘ တဦးဦးကကလေးနဲ့ အတူထိုင်ကြည့်ပါလို့ ဆိုပါတယ်။
-      အသက် ၆နှစ်နှင့် အထက်ကလေး တွေကို လည်း အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှား မှုအတွက်အချိန်တွေကို မထိခိုက်အောင် စကရင်တိုင်မ်းကို ဆက်ပြီး ကန့်သတ်ထားပါလို့ ဆိုပါတယ်။

ကနေဒါက The Canadian Paediatric Society β ကတော့ အသက် ၂နှစ်အောက်ကလေးတွေအတွက် စကရင်တိုင်းမ်းကို လုံးဝ မပေးသင့်ဘူးလို့ ဆိုပါတယ်။

အဲဒါကြောင့် မိတ်ဆွေတို့လည်း မိမိရဲ့ ကလေးတွေ၊ မိမိ ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေရဲ့ ကလေးတွေ ဖန်သားပြင်ထဲက ဘဝကို တကယ့်ဘဝနဲ့မှားမကုန်အောင် တီဗွီ၊ တက်ဘလက်၊ အိုင်ပက် ၊ စမတ်ဖုန်းသုံးတာတွေကို စနစ်တကျ ကြပ်မတ်ဖို့ သတိပေးသင့်ပါကြောင်း ။

 ဖိုးသုည
01-02-2019




စကရင္တိုင္းမ္ (Screen time) က ကေလးငယ္မ်ား၏က်န္းမာေရး ႏွင့္ ဖြံ႕ၿဖိဳးမႈကိုထိခိုက္ႏိုင္

Screen time ( စကရင္တိုင္းမ္) ဆိုတာ စမတ္ဖုန္း၊ တက္ဘလက္ ၊ အိုင္ပက္၊ ကြန္ျပဴတာ၊ တီဗြီ စသည္တို႔ရဲ႕ မ်က္ႏွာျပင္ကို မ်က္ႏွာခ်င္းဆိုတဲ့ အခ်ိန္ ( တနည္း၊ အထက္ပါ ပစၥည္းမ်ာကို သုံးစြဲခ်ိန္) ကိုဆိုတာပါ။

တီဗြီအစီအစဥ္ေတြ ႐ုပ္ရွင္ေတြၾကည့္တာ၊ ဂိမ္းေဆာ့တာေတြ ဆိုရွယ္မီဒီယာသုံးတာေတြ အကုန္ပါပါတယ္။



၂၀၁၉ ဇႏၷဝါရီ ၂၈ ရက္က ဘီဘီစီမွာ ပါလာတဲ့ “ စကရင္တိုင္းမ္က ကေလးငယ္မ်ားးကိုထိခိုက္ႏိုင္တယ္”   ‘ Screen time 'may harm toddlers' 1 ဆိုတဲ့

ေဆာင္းပါးမွာ ေရးထားတာကေတာ့ တေလာကထြက္လာတဲ့ သုတသန အေျဖတခု က အသက္ ၂ ႏွစ္နဲ႔ ၃ႏွစ္ အၾကားမွာ စကရင္တိုင္းမ္ မ်ားတဲ့ ကေလးေတြ မွာ သူတို႔ရဲ႕ အသက္ ၃ႏွစ္က ၅ ႏွစ္ အထိ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈနဲ႔ လူမႈဆက္ဆံေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈတို႔ ေႏွးေကြးတယ္ဆိုပါတယ္။

အဲဒီေဆာင္းပါး ကေလးကို ဖတ္ရေတာ့ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္က မိတ္ေဆြဆရာဝန္လင္မယားရဲ႕ သားေလးအေၾကာင္း ကို သတိရလို႔ ဒီပို႔စ္ကေလးကိုေရးမိပါတယ္။



မိဘႏွစ္ေယာက္လုံးက ပညာထူးခြၽန္တဲ့ ဆရာဝန္မ်ားျဖစ္ၿပီး ျပည္ပႏိုင္ငံတခုမွာ အလုပ္လုပ္ေနၾကပါတယ္။

ျပည္ပမွာ ေမြးတဲ့ တဦးတည္းေသာသားျဖစ္လို႔ ႐ြယ္တူ ကစားေဖၚကလည္းမရွိပါ။  အနီးအနားမွာ ျမန္မာ အသိုင္းအဝိုင္းရွိေပမဲ့ အိမ္မွာေတာ့  shift duty နဲ႔ အလုပ္ဆင္းရတဲ့ မိဘႏွစ္ပါးရယ္ ျမန္မာျပည္က ေခၚထားတဲ့ ကေလးထိန္း အေဒၚႀကီးရယ္ပဲ ရွိတာပါ။

ကေလး အသက္ တႏွစ္ေလာက္မွာ အေဖက အဂၤလန္မွာအလုပ္ရၿပီး အေမကလည္း အေရးေပၚဌာနမွာ မနက္၊ ေန႔၊ ည အလွည့္က်ဂ်ဴတီေတြဆင္းရင္း စာေမးပြဲ အတြက္ စာေတြဖတ္ရေတာ့ ကေလးရဲ႕ အခ်ိန္အမ်ားစုက ကေလးထိန္းနဲ႔ ေနရပါတယ္။ ကေလးထိန္းကလည္း အိမ္အလုပ္ေတြကိုလုပ္ရေသးေတာ့ ကေလးနဲ႔တခ်ိန္လုံး အတူမေနႏိုင္ဘဲ ကေလးကိုသူႀကိဳက္တဲ့ တီဗြီက ကေလး အစီအစဥ္ေတြ နဲ႔ တက္ဘလက္က ဂိမ္းေတြကိုေပးထားပါတယ္။ 

ကေလးက အလြန္ ဉာဏ္ထက္ၿပီးသြက္လက္ခ်က္ခ်ာပါတယ္။

သူက တခ်ိန္လုံးလိုလို တီဗြီက ကေလး အစီအစဥ္ေတြကို ၾကည့္လိုက္ တက္ဘလက္ကေလးမွာ သူ႔အတြက္ထည့္ေပးထားတဲ့ ကေလး ပညာေပး ဂိမ္းကေလးေတြေဆာ့လိုက္နဲ႔  တီဗြီထဲ ဂိမ္းထဲ  ကအေကာင္ကေလးေတြကို အဖၚလုပ္ၿပီး အျပန္အလွန္စကားေျပာလိုက္နဲ႔ ေဆာ့ပါတယ္။

Disney junior လို ကေလးတီဗြီ အစီအစဥ္ေတြက ကေလးငယ္ေတြကို ဘယ္လို ျပဳမူေျပာဆိုရမယ္ဆိုတာမ်ိဳး ပညာေပးသလို ကေလး ေတြအတြက္ သင္ယူစရာ အကၡရာ၊ နံပတ္၊ အေရာင္ ၊ ပုံသ႑န္ စသည္တို႔ကို သင္ေပးပါတယ္။ တက္ဘလက္ထဲက ဂိမ္းေတြကလည္းပညာေပးေတြျဖစ္သလို interactive ျဖစ္လို႔  ကေလး က ဂိမ္းထဲက သ႐ုပ္ေဆာင္ကေလးေတြနဲ႔ အျပန္အလွန္ ေျပာဆို ကစားရင္း အသိေတြတိုးပါတယ္။ အသက္ ၂ႏွစ္ေလာက္မွာ အ႐ြယ္နဲ႔ မလိုက္ေအာင္ အေရာင္ ၊ နံပတ္၊ ေအဘီစီ၊ ပုံသ႑န္ စသည္တို႔ကို နားလည္ေနပါၿပီ။

သို႔ေသာ္ သူကေလးဟာ သက္ရွိလူသားေတြနဲ႔ အျပန္အလွန္ ျပဳမူဆက္ဆံမႈနည္းတာေၾကာင့္ သူ႔စကားနဲ႔ေလယူေလသိမ္းေတြက ဂိမ္းထဲကလို စက္႐ုပ္ဆန္ဆန္အသံျဖစ္ေနပါတယ္။

အသက္နည္းနည္းပိုႀကီးလာေတာ့ မိဘ၊ ကေလးထိန္း၊ ဧည့္သည္ ေတြနဲ႔  အျပန္အလွန္ ေျပာဆိုတာ ပိုနည္းလာၿပီး သူ႔တီဗြီနဲ႔ တက္ဘလက္ေလးသာ သူ႔ကမာၻျဖစ္လာတာကို သူ႔အေမက ထိတ္လန္႔စြာ သတိထားမိလာပါတယ္။

ကေလးက သူ႔ကို ေမးတဲ့၊ စကားျပာတဲ့ အခါ ျပန္ ေျဖတာ တုန္႔ျပန္တာ အေတာကိုနည္းလာၿပီး တက္ဘလက္ထဲက ဂိမ္းနဲ႔ ေတာ  ႐ႊန္း႐ႊန္း ေဝေနေအာင္ အျပန္အလွန္ ေျပာဆိုေနတာက အလြန္ သိသာလာပါတယ္။ 

အဲဒီမွာ အေမလည္းစိတ္ပူၿပီး ကေလး ဆရာဝန္ေတြ ကေလး စိတ္ပညာရွင္ေတြနဲ႔ တိုင္ပင္ တျခားကေလး မိဘေတြကို ေမးနဲ႔ အေတာ္ကို ဗ်ာမ်ားရပါေတာ့တယ္။

ကေလးက သူ႔ရဲ႕လက္ေတြဘဝပတ္ဝန္းက်င္မွာ သက္ရွိေတြနဲ႔ အျပန္အလွန္ဆက္ဆံရတာနည္းၿပီး ေန႔တိုင္း ဖန္သားျပင္ထဲက အေကာင္ကေလးေတြနဲ႔ပဲ အခ်ိန္ကုန္ေနရေတာ့ သက္ရွိပတ္ဝန္းက်င္ကို စိတ္မဝင္စားေတာ့ဘဲ သူေပ်ာ္႐ႊင္ က်က္စားရာ ဖန္သားျပင္ထဲကဘဝကိုပဲ တကယ့္ဘဝလို ဆက္ဆံေနေတာ့တာပါ။ 

ကေလး ၃ႏွစ္ေက်ာ္ေလာက္မွာေတာ့ အေမလည္းအလုပ္ထြက္ၿပီး ကေလး အေဖရွိရာ အဂၤလန္ကို လိုက္သြားရင္း အခ်ိန္ျပည့္ ကေလး နဲ႔ ေနၿပီး ေစာင့္ေရွာက္ေပးပါတယ္။

အဲလို အေမက ကေလးနဲ႔ အနီးကပ္ေနၿပီး အျပန္အလွန္ေျပာဆိုဆက္ဆံတာေတြ အခ်ိန္ျပည့္လုပ္ေပးတာ လ အေတာ္ ၾကာလာခ်ိန္မွာေတာ့ ကေလးရဲ႕ အမူ အက်င့္ ေတြ ေျပာင္းၿပီး လူသားဆန္ဆန္ တုန္႔ျပန္မႈေတြ ျပန္ေတြ႕လာရတယ္လို႔ေျပာပါတယ္။ ေနာက္ ၆လေလာက္ အၾကမွာေတာ့ သူ႔ကေလးဟာ တျခားကေလးေတြလို ပုံမွန္ျဖစ္ေနပါၿပီလို႔ သူ႔အေမရဲ႕ အေၾကာင္းၾကားလာတာကို ဝမ္းသာစြာ ၾကားသိရပါတယ္။



  ( speech problem)  စကားေျပာျပသနာေတြကို ေျဖရွင္းေပးရတဲ့  speech therapist တေယာက္က ကလည္း အခုေနာက္ပိုင္း စကားေျပာေနာက္က်တဲ့ ကေလးေတြမွာ စကားေျပာလ်င္ တီဗြီထဲက စကားေတြ ေလသံေတြကို သုံးၿပီး ေျပာတာတြကိုေတြ႕ရၿပီး၊ အျပင္ေလာက ေျပာဆိုဆက္ဆံပုံနဲ႔ နဲ႔ ကင္းကြာလာတဲ့ ကေလး ေတြကို ပိုၿပီး ေတြ႕လာေနရတယ္လို႔ ေျပာျပဖူးပါတယ္။



စကားေျပာေနာက္က်ၾကတဲ့ ကေလးေတြ ရဲ႕ မိဘေတြကိုေမးၾကည့္ရာမွာ  ဟန္းဖုန္းနဲ႔ ေဆာ့တာ တီဗြီတခ်ိန္လုံးၾကည့္တာေတြကေန အဲဒီလို တီဗြီေတြဖုန္းေတြထဲမွာက အျပင္မွာ ေျပာတဲ့ ဘာသာစကားနဲ႔မတူတဲ့ အဂၤလိပ္ဘာသာနဲ႔ ေျပာတာေတြကို ၾကားၿပီး ဘာသာစကားေရာေထြးမႈေၾကာင့္ စကားေျပာေနာက္က်တာေတြ ပိုပိုၿပီးေတြ႕လာေနရပါတယ္။

မိဘအေတာ္မ်ားမ်ားကေတာ့ အဲ ဒီ ဂက္ဂ်က္ေတြရဲ႕ ေဘးအႏၲရာယ္ကို မသိဘဲ မိမိကေလးက ဖုန္းသုံးတာ တက္ဘလက္သုံးတာ ဘယ္လိုေတာ္ေၾကာင္း ဂုဏ္ယူစြာ ေျပာေနတာကို ၾကားေနရပါတယ္။



အသက္ ၂ႏွစ္ကေန ၅ႏွစ္ၾကားအ႐ြယ္ကေလးငယ္ေတြဟာ သူတို႔ရဲ႕ အနီးစပ္ဆုံး ပတ္ဝန္းက်င္ ကေန စကား ၊ အေျပာအဆို၊ အမူအယာ၊ အေနအထိုင္၊ အက်င့္စ႐ိုက္ စတာေတြကို ကူးယူသင္ယာတာ အမ်ားးဆုံး ျဖစ္တယ္လို႔ ဆိုၾကပါတယ္. အဲဒါေၾကာင့္ သူတို႔ နဲ႔ ေန႔တဒူဝ ထိေတြ႕ေနတဲ့ အနီးဆုံးပတ္ဝန္းက်င္ကို အုပ္ထိန္းသူေတြက စိစစ္ေပးသင့္တာပါ။



The American Association of Paediatrics' (AAP) guidelines * ကေတာ့

-      အသက္ တႏွစ္ခြဲေအာက္ ကေလးငယ္ေတြကို video chat ကလြဲလို႔ စကရင္ေပၚက မီဒီယာေတြကို ေရွာင္ က်ဥ္သင့္တယ္လို႔ အႀကံျပဳထားပါတယ္။

-      အသက္ တႏွစ္ခြဲကေန ၂ ႏွစ္ၾကားကေလးေတြ ကိုေတာ့ စကရင္ေပၚက မီဒီယာေတြကို စျပခ်င္လ်င္ တကယ္ အဆင့္အတန္းရွိတဲ့ ပညာေပး ပ႐ိုဂရမ္မ်ိဳးကို စတင္ ထိေတြ႕ေပးႏိုင္ေပမဲ့ မိဘ တဦးဦးကကေလးနဲ႔ အတူထိုင္ၾကည့္ပါလို႔ ဆိုပါတယ္။

-       အသက္ ၂ႏွစ္ကေန ၅ႏွစ္အထိကေလးေတြအတြက္ စကရင္တိုင္မ္းဟာ တေန႔ကို တနာရီထက္ မပိုသင့္သလို မိဘ တဦးဦးကကေလးနဲ႔ အတူထိုင္ၾကည့္ပါလို႔ ဆိုပါတယ္။

-      အသက္ ၆ႏွစ္ႏွင့္ အထက္ကေလး ေတြကို လည္း အိပ္ခ်ိန္နဲ႔ ကိုယ္လက္လႈပ္ရွား မႈအတြက္အခ်ိန္ေတြကို မထိခိုက္ေအာင္ စကရင္တိုင္မ္းကို ဆက္ၿပီး ကန္႔သတ္ထားပါလို႔ ဆိုပါတယ္။



ကေနဒါက The Canadian Paediatric Society β ကေတာ့ အသက္ ၂ႏွစ္ေအာက္ကေလးေတြအတြက္ စကရင္တိုင္းမ္းကို လုံးဝ မေပးသင့္ဘူးလို႔ ဆိုပါတယ္။



အဲဒါေၾကာင့္ မိတ္ေဆြတို႔လည္း မိမိရဲ႕ ကေလးေတြ၊ မိမိ ရဲ႕ ေဆြမ်ိဳး မိတ္သဂၤဟေတြရဲ႕ ကေလးေတြ ဖန္သားျပင္ထဲက ဘဝကို တကယ့္ဘဝနဲ႔မွားမကုန္ေအာင္ တီဗြီ၊ တက္ဘလက္၊ အိုင္ပက္ ၊ စမတ္ဖုန္းသုံးတာေတြကို စနစ္တက် ၾကပ္မတ္ဖို႔ သတိေပးသင့္ပါေၾကာင္း ။



 ဖိုးသုည

01-02-2019







Monday, 11 June 2018

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health ) အမျိုးသားများကျန်းမာရေး

ဒီေန႔ ဇြန္လ ၁၁ရက္ဟာ ၂၀၁၈ခု ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ အစျဖစ္ၿပီးေတာ့ အေဖမ်ားေန႔ကေတာ့ အဲဒီ ရက္သတၱပတ္ရဲ႕ ေနာက္ဆုံးေန႔ျဖစ္ပါတယ္။ အေဖမ်ားေန႔ Father’s day ကိုလူသိမ်ားေပမဲ့ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ international Men's health week နဲ႔ Wear Blue day ကိုေတာ့ မသိၾကတာမ်ားပါတယ္။ ၂၀၁၈ ခုႏွစ္ အတြက္ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကေတာ့ ဇြန္လ ၁၁ရက္ကေန ၁၈ ရက္ေန႔ အေဖမ်ားေန႔အထိျဖစ္ပါတယ္. ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ ေသာၾကာေန႔ ကိုေတာ့ Wear Blue day အျပာေရာင္ ဝတ္ဆင္ေရးေန႔လို႔ သတ္မွတ္ပါတယ္။ ၂၀၁၈ အတြက္ အျပာေရာင္ ဝတ္ဆင္ေရးေန႔ဟာ ဇြန္လ ၁၅ ရက္ေန႔ပါ။ ဒီႏွစ္ ၂၀၁၈ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့ ဆီးခ်ိဳေရာဂါအေၾကာင္း အသိပညာေပးဖို႔ကို ဦးတည္ခ်က္ထားပါတယ္။


ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week)

အဲဒီရက္သတၱပတ္မွာ က်န္းမာေရးနဲ႔ လူမႈေရး အဖြဲ႕မ်ားက က်န္းမာေရး ၊ လုပ္ငန္းခြင္အႏၲရာယ္ႏွင့္ လုပ္ငန္းခြင္ႏွင့္ဆက္စပ္ေရာဂါမ်ားကာကြယ္ေရး ပညာေပးေဟာေျပာပြဲ က်န္းမာေရးစစ္ေပးျခင္း၊ အားကစား လႈပ္ရွားမႈနဲ႔  အျခားလူထုအသြင္ လႈပ္ရွားမႈမ်ားလုပ္ၾကပါတယ္။

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week) ဘယ္လိုျဖစ္ေပၚလာတာလဲ 
၁၉၉၄ ခုမွာ အေမရိကန္ ကြန္ဂရက္က အမ်ိဳသားမ်ားက်န္းမာေရး ကြန္ယက္ကို အတည္ျပဳေပးခဲ့ ၿပီး အဲဒီကြန္ယက္က အေမရိကန္ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးအတြက္ ေလ့လာဆန္းစစ္မႈမ်ားျပဳလုပ္ျခင္း၊ အႀကံေပးျခင္း၊ က်န္းမာေရး လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရး ပညာေပးျခင္း ေဟာေျပာျခင္း အမ်ားသိလာေအာင္ လႈပ္ရွားမႈမ်ားလုပ္ေပးျခငးစသည္ျဖင့္ ေဆာင္႐ြက္ခဲ့တာပါ။
ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့  အေမရိကား နဲ႔ ၿဗိတိန္၊ အီးယူ၊ ဩစေတးသွ် အပါဝင္ စိတ္ဝင္စားတဲ့ ႏိုင္ငံအခ်ိဳ႕က အမ်ိဳးသားမ်ားက်န္းမာေရး လႈပ္ရွားမႈ အသင္းအဖြဲ႕မ်ားရဲ႕  ၂၀၀၁ စုံညီအစည္းအေဝးမွာ အဆိုျပဳခဲ့ၿပီး ၂၀၀၂ ဗီယင္နာ ေၾကညာခ်က္နဲ႔အတူစတင္ခဲ့တာပါ။
ႏွစ္စဥ္ အေဖမ်ားေန႔က်င္းပတဲ့ ရက္သတၱပတ္ ကို ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္လို႔ သတ္မွတ္ပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ အမ်ိဳးသမီးမ်ားထက္ က်န္းမာေရးခ်ိဳ႕တဲ့ၿပီး အသက္တိုၾကတဲ့ အမ်ိဳးသားမ်ားအၾကားမွာ က်န္းမာေရး အသိပညာမ်ားတိုးတက္လာေစရန္, က်န္းမာေရးစစ္ေဆးမႈမ်ားပုံမွန္လုပ္ၿပီး ကာကြယ္လို႔ရတဲ့ ေရာဂါမ်ား၊ လုပ္ငန္းခြင္ အႏၲရာယ္မ်ားကို ကာကြယ္၊ ေရာဂါျဖစ္လာလ်င္လည္း အခ်ိန္မီ ေစာစီးစြာကုသမႈခံယူႏိုင္ဖို႔၊ စိတ္၊ ကိုယ္နဲ႔ လူမႈေရး အဘက္ဘက္မွာ က်န္းမာစြာ သက္တန္းျပည့္ေနႏိုင္ေစဖို႔ျဖစ္ပါတယ္။


Mens'Health သည္ အမ်ိဳးသားမ်ားအတြက္သာမဟုတ္

တကယ္ေတာ့ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြက သူတို႔ အတြက္သာ အေရးႀကီးတာ မဟုတ္ပါ။
သူတို႔ ကို ခ်စ္ေသာ မိသားစုဝင္မ်ား၊ သူတိုကို မွီခိုေနသူမ်ား အတြက္လည္း အေရးႀကီးတာျဖစ္လို႔၊
အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြကို လူတိုင္းလူတိုင္းသိထားသင့္ၿပီး မိမိတို႔ရဲ႕ အေဖ၊ အကို၊ ေမာင္၊ သား၊ ဦးႀကီး ဦးေလး တိုရဲ႕ က်န္းမာေရးကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမွာ ျဖစ္ပါတယ္။

ျပည္ျမန္မာအေျခအေန

၂၀၁၄ သန္ေကာင္စာရင္းအရ ျမန္မာျပည္မွာ အမ်ိဳးသားဦးေရက အမ်ိဳးသမီးဦးေရထက္ ၁.၈၃၇ သန္း ေလ်ာ့နည္းပါတယ္။

၁. စုစုေပါင္း က်ား၊ မ လူဦးေရ (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ၂၀၁၆ မွာ ထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ ျမန္မာျပည္မွာ ၂၀၁၆ မွာ ကေလးတေယာက္ေမြးလာတဲ့ အခါ သူေနရမဲ့ ခန္႔မွန္းသက္တမ္း (life expectancy at birth ) ဟာ မိန္းခေလးဆို ၆၉ ႏွစ္ ရွိေပမဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ ေလးႏွစ္ အသက္ပိုတိုၿပီး ၆၅ ႏွစ္ပဲရွိပါတယ္။

၂. က်ား၊ မ ခန္႔မွန္း သက္တမ္း (WHO၂၀၁၆)


ေမြးကင္းစမွာ ေယာက်ၤားေလးဦးေရကမသိမသာပိုမ်ားေပမဲ့ အသက္ ၂၀ ေက်ာ္လာတာတဲ့ နဲ႔ အမွ် အမ်ိဳးသားဦးေရ က်ဆင္းလာပါတယ္။
အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း ႐ြယ္တူ အမ်ိဳးသားက ၈၇ ေယာက္ေလာက္ပဲရွိေတာ့ၿပီး၊ အသက္ ၈၀ ရွိတဲ့ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း သက္တူ႐ြယ္တူ အမ်ိဳးသားက ၆၄  ေယာက္ေလာက္ပဲရွိပါေတာ့တယ္။
အဲဲဒီသက္ႀကီး က်ားမ ဦးေရ ကြာျခားခ်က္ဟာ ၁၉၈၃ ခုစာရင္းေကာက္တုန္းက အသက္ ၆၀ ေက်ာ္လာမွ  သိသိသာသာကြာလာတာျဖစ္ၿပီး ၂၀၁၄ စာရင္ အရ ကြာျခားမႈထက္ ၂ဆပိုလာတာကိုေတြ႕ရပါတယ္။
၃က. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန (၂၀၁၄ သန္းေကာင္စာရင္း)
၃ခ. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန  (၂၀၁၄ သန္းေကာင္စာရင္း)


အထီးက်န္တာလား အမက်န္တာလား
မုဆိုးဖို အေရအတြက္ဟာ အသက္ ၅၀ ေက်ာ္ အ႐ြယ္မွ စတင္မ်ားျပားလာၿပီး အသက္၇၅ ေက်ာ္မွသိသိသာသာ မ်ားလာေပမဲ့ မုဆိုးမအေရအတြက္ကေတာ့ အသက္ ၄၀ ေလာက္ကတည္းက စတင္မ်ားျပားလာၿပီး အသက္ ၆၀ ေလာက္မွာ သိသိသာသာမ်ားလာပါတယ္။
၄. အသက္အလိုက္ မုဆိုးဖို ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသမီး ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)

၅.  အသက္အလိုက္ မုဆိုးမ ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသား ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔တျခားႏိုင္ငံေတြက ပုရိသမ်ားအေျခအေန
ဒီလို က်ားမ လူဦးေရနဲ႔ သက္တန္းကြာျခားမႈေတြက ျမန္မာျပည္မွာသာမဟုတ္ဘဲ ကမာၻ႔ႏိုင္ငံအမ်ားစုမွာျဖစ္ေနတာပါ။

အားႏြဲ႕ေသာ ေယာက်ၤားသဘာဝ

အေမရိကန္ရဲ႕ အမ်ိဳးသားမ်ားက်န္းမာေရး ကြန္ယက္ရဲ႕ ေလ့လာဆန္းစစ္ခ်က္မ်ားအရ
_ ကိုယ္ဝန္ေဆာင္စဥ္မွာ မိန္းမေလး သေႏၶသား ၁၀၀ ရွိတိုင္း ေယာက်ၤားေလး သေႏၶသား ၁၁၅ ေယာက္ရွိပါတယ္
- မိခင္ရဲ႕ ဝမ္းတြင္းမွာရွိစဥ္ကိုယ္ဝန္ပ်က္က်တဲ့အခါ ေယာက်ၤားေလး သေႏၶသားမ်ားက ပိုပ်က္က်ဖို႔လြယ္ပါတယ္။
- ေမြးကင္းစကေလးငယ္ေတြေသဆုံးမႈမွာ ေယာက်ၤားေလး ၂၅ ရာႏႈန္းပိုမ်ားပါတယ္။
- ပုခက္တြင္း ကေလး ေသဆုံးမႈ ၅ ေယာက္မွာ ၃ ေယာက္က ေယာက်ၤားေလးေတြပါ။
- အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ အၾကားအား႐ုံခ်ိဳ႕ယြင္မႈ ၂ ဆမ်ားပါတယ္။
- အမ်ိဳးသားေတြမွာ ေရာဂါပိုးေတြကိုခုခံေပးတဲ့ တီဆဲလ္ ေတြပိုနည္းပါတယ္။
- က်ားေဟာ္မုန္းက ဆိုးက်ိဳးေပးတဲ့ LDL ကိုလက္စထေရာမ်ားၿပီး ေကာင္းက်ိဳးေပးတဲ့  HDLနည္းပါးျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။
- အမ်ိဳးသမီးမ်ားဟာ ဆရာဝန္နဲ႔ ပုံမွန္က်န္းမာေရး စစ္ေဆးျခင္းနဲ႔ ကာကြယ္ျခင္းမ်ားကို လုပ္ေဆာင္မႈမွာ အမ်ိဳးသားထက္ ၁၀၀ ရာႏႈန္းပိုပါတယ္။
- အမ်ိဳးသားမ်ားက သူတပါးရဲ႕သတ္ျဖတ္ခံရမႈပိုမ်ားပါတယ္။ စစ္ပြဲေတြျဖစ္ေနတဲ့ ႏိုင္ငံေတြမ်ာေတာ့ ပိုဆိုးပါတယ္။

-အမ်ိဳးသားမ်ားက စိတ္က်ေရာဂါခံစားရတာပိုမ်ားၿပီး မိမိကိုယ္မိမိ ေသေၾကာင္းႀကံတာလည္း အမ်ိဳးသမီးမ်ားထက္ မ်ားပါတယ္။
- ႏွလုံးေရာဂါ၊ ကင္ဆာ၊ ထိခိုက္ဒါဏ္ရာရရွိမႈ၊ ေလျဖတ္ျခင္း၊ မိမိကိုယ္ သတ္ေသျခင္းတို႔ေၾကာင့္ ေသဆုံးမႈေတြမွာ အမ်ိဳးသားမ်ားက ပိုမ်ားပါတယ္။
- အမ်ိဳးသားမ်ားငဘာဝက အသက္အႏၲရာယ္ရွိတဲ့ စြန္႔စားမႈမ်ားကို ပိုမိုလုပ္ေလ့ရွိလို႔ ထိခိုက္ဒါဏ္ရာရတာ ေသၾကပ်က္စီးတာပိုမ်ားပါတယ္။
- အႏၲရာယ္ရွိေသာ အလုပ္၊ က်န္းမာေရးကို ထိခိုက္ေစေသာလုပ္ငန္းေတြမွာ အလုပ္လုပ္သူေတြ အမ်ားစုဟာ အမ်ိဳးသားမ်ားျဖစ္ၾကပါတယ္။

အထက္ပါအေၾကာင္းမ်ိဳးစုံတို႔ေၾကာင့္ ကမာၻတလႊားမွာ အမ်ိဳးသားမ်ားရဲ႕ သက္တန္းဟာ အမ်ိဳးသမီးမ်ားထက္ ၃ႏွစ္ကေန ၇ ႏွစ္အထိပိုၿပီးေတာ့ တိုတာကိုေတြ႕ႏိုင္ပါတယ္။
အဲဒီလိုမျဖစ္ရေလေအာင္ အမ်ိဳးသားမ်ားက မိမိတို႔ က်န္းမာေရး  နဲ႔ ဆက္စပ္ျပသနာမ်ား အေၾကာင္းကိုပိုမိုသိရွိသေဘာေပါက္လာၾကၿပီး ပုံမွန္ စစ္ေဆး၊ ကာကြယ္, ကုသၾကရမွာျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံ အမ်ိဳးသားမ်ားက်န္းမာေရးကြန္ယက္ Men’s Health Network မွ Get it checked ဆိုတဲ့ လက္ကမ္းစာေဆာင္မွ အမ်ိဳးသားမ်ား ပုံမွန္လုပ္ေဆာင္သင့္တဲ့ က်န္းမာေရး စစ္ေဆးခ်က္မ်ားကို ကို ျမန္မာမႈ ျပဳထားပါတယ္။


အသက္ကေလးရယ္တဲ့ ရွည္ေစလို၊ ပုရိသမ်ား ဘာေတြလုပ္ၾကသင့္သလဲ
၆. အမျိုးသားများကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်သည်များ (Men’s Health Network မွ Get it checked လက္ကမ္းစာေဆာင္ကို ျမန္မာမႈ ျပဳထားပါသည္။) 

ဖိုးသုည
၁၁၊၀၆၊၂၀၁၈


အမျိုးသားများကျန်းမာရေး (Men’s health) (ယူနီကုဒ်)


ဒီနေ့ ဇွန်လ ၁၁ရက်ဟာ ၂၀၁၈ခု ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ အစဖြစ်ပြီးတော့ အဖေများနေ့ကတော့ အဲဒီ ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။
အဖေများနေ့ Father’s day ကိုလူသိများပေမဲ့ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ် international Men's health week နဲ့ Wear Blue day ကိုတော့ မသိကြတာများပါတယ်။
၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကတော့ ဇွန်လ ၁၁ရက်ကနေ ၁၈ ရက်နေ့ အဖေများနေ့အထိဖြစ်ပါတယ်.
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ သောကြာနေ့ ကိုတော့ Wear Blue day အပြာရောင် ဝတ်ဆင်ရေးနေ့လို့ သတ်မှတ်ပါတယ်။
၂၀၁၈ အတွက် အပြာရောင် ဝတ်ဆင်ရေးနေ့ဟာ ဇွန်လ ၁၅ ရက်နေ့ပါ။
ဒီနှစ် ၂၀၁၈ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့ ဆီးချိုရောဂါအကြောင်း အသိပညာပေးဖို့ကို ဦးတည်ချက်ထားပါတယ်။


ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week)


အဲဒီရက်သတ္တပတ်မှာ ကျန်းမာရေးနဲ့ လူမှုရေး အဖွဲ့များက ကျန်းမာရေး ၊ လုပ်ငန်းခွင်အန္တရာယ်နှင့် လုပ်ငန်းခွင်နှင့်ဆက်စပ်ရောဂါများကာကွယ်ရေး ပညာပေးဟောပြောပွဲ ကျန်းမာရေးစစ်ပေးခြင်း၊ အားကစား လှုပ်ရှားမှုနဲ့  အခြားလူထုအသွင် လှုပ်ရှားမှုများလုပ်ကြပါတယ်။



ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week) ဘယ်လိုဖြစ်ပေါ်လာတာလဲ 

၁၉၉၄ ခုမှာ အမေရိကန် ကွန်ဂရက်က အမျိုသားများကျန်းမာရေး ကွန်ယက်ကို အတည်ပြုပေးခဲ့ ပြီး အဲဒီကွန်ယက်က အမေရိကန် အမျိုးသားများရဲ့ ကျန်းမာရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ကျန်းမာရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပညာပေးခြင်း ဟောပြောခြင်း အများသိလာအောင် လှုပ်ရှားမှုများလုပ်ပေးခြငးစသည်ဖြင့် ဆောင်ရွက်ခဲ့တာပါ။

ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့  အမေရိကား နဲ့ ဗြိတိန်၊ အီးယူ၊ ဩစတေးသျှ အပါဝင် စိတ်ဝင်စားတဲ့ နိုင်ငံအချို့က အမျိုးသားများကျန်းမာရေး လှုပ်ရှားမှု အသင်းအဖွဲ့များရဲ့  ၂၀၀၁ စုံညီအစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ၂၀၀၂ ဗီယင်နာ ကြေညာချက်နဲ့အတူစတင်ခဲ့တာပါ။

နှစ်စဉ် အဖေများနေ့ကျင်းပတဲ့ ရက်သတ္တပတ် ကို ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်လို့ သတ်မှတ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အမျိုးသမီးများထက် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုကြတဲ့ အမျိုးသားများအကြားမှာ ကျန်းမာရေး အသိပညာများတိုးတက်လာစေရန်, ကျန်းမာရေးစစ်ဆေးမှုများပုံမှန်လုပ်ပြီး ကာကွယ်လို့ရတဲ့ ရောဂါများ၊ လုပ်ငန်းခွင် အန္တရာယ်များကို ကာကွယ်၊ ရောဂါဖြစ်လာလျင်လည်း အချိန်မီ စောစီးစွာကုသမှုခံယူနိုင်ဖို့၊ စိတ်၊ ကိုယ်နဲ့ လူမှုရေး အဘက်ဘက်မှာ ကျန်းမာစွာ သက်တန်းပြည့်နေနိုင်စေဖို့ဖြစ်ပါတယ်။





Mens'Health သည် အမျိုးသားများအတွက်သာမဟုတ်


တကယ်တော့ အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေက သူတို့ အတွက်သာ အရေးကြီးတာ မဟုတ်ပါ။

သူတို့ ကို ချစ်သော မိသားစုဝင်များ၊ သူတိုကို မှီခိုနေသူများ အတွက်လည်း အရေးကြီးတာဖြစ်လို့၊

အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေကို လူတိုင်းလူတိုင်းသိထားသင့်ပြီး မိမိတို့ရဲ့ အဖေ၊ အကို၊ မောင်၊ သား၊ ဦးကြီး ဦးလေး တိုရဲ့ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။



ပြည်မြန်မာအခြေအနေ


၂၀၁၄ သန်ကောင်စာရင်းအရ မြန်မာပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၁.၈၃၇ သန်း လျော့နည်းပါတယ်။
၁. စုစုပေါင်း ကျား၊ မ လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ ၂၀၁၆ မှာ ကလေးတယောက်မွေးလာတဲ့ အခါ သူနေရမဲ့ ခန့်မှန်းသက်တမ်း (life expectancy at birth ) ဟာ မိန်းခလေးဆို ၆၉ နှစ် ရှိပေမဲ့ ယောင်္ကျားလေးဆိုရင်တော့ လေးနှစ် အသက်ပိုတိုပြီး ၆၅ နှစ်ပဲရှိပါတယ်။
၂. ကျား၊ မ ခန့်မှန်း သက်တမ်း (WHO၂၀၁၆)



မွေးကင်းစမှာ ယောင်္ကျားလေးဦးရေကမသိမသာပိုများပေမဲ့ အသက် ၂၀ ကျော်လာတာတဲ့ နဲ့ အမျှ အမျိုးသားဦးရေ ကျဆင်းလာပါတယ်။

အသက် ၅၀ အရွယ် အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း ရွယ်တူ အမျိုးသားက ၈၇ ယောက်လောက်ပဲရှိတော့ပြီး၊ အသက် ၈၀ ရှိတဲ့ အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း သက်တူရွယ်တူ အမျိုးသားက ၆၄  ယောက်လောက်ပဲရှိပါတော့တယ်။

အဲဒီသက်ကြီး ကျားမ ဦးရေ ကွာခြားချက်ဟာ ၁၉၈၃ ခုစာရင်းကောက်တုန်းက အသက် ၆၀ ကျော်လာမှ  သိသိသာသာကွာလာတာဖြစ်ပြီး ၂၀၁၄ စာရင် အရ ကွာခြားမှုထက် ၂ဆပိုလာတာကိုတွေ့ရပါတယ်။
၃က. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ (၂၀၁၄ သန်းကောင်စာရင်း)

၃ခ. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ  (၂၀၁၄ သန်းကောင်စာရင်း)



အထီးကျန်တာလား အမကျန်တာလား

မုဆိုးဖို အရေအတွက်ဟာ အသက် ၅၀ ကျော် အရွယ်မှ စတင်များပြားလာပြီး အသက်၇၅ ကျော်မှသိသိသာသာ များလာပေမဲ့ မုဆိုးမအရေအတွက်ကတော့ အသက် ၄၀ လောက်ကတည်းက စတင်များပြားလာပြီး အသက် ၆၀ လောက်မှာ သိသိသာသာများလာပါတယ်။
၄. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)

၅.  အသက်အလိုက် မုဆိုးမ ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသား သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)





ကမ္ဘာ့တခြားနိုင်ငံတွေက ပုရိသများအခြေအနေ

ဒီလို ကျားမ လူဦးရေနဲ့ သက်တန်းကွာခြားမှုတွေက မြန်မာပြည်မှာသာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတာပါ။



အားနွဲ့သော ယောင်္ကျားသဘာဝ


အမေရိကန်ရဲ့ အမျိုးသားများကျန်းမာရေး ကွန်ယက်ရဲ့ လေ့လာဆန်းစစ်ချက်များအရ

_ ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမလေး သန္ဓေသား ၁၀၀ ရှိတိုင်း ယောင်္ကျားလေး သန္ဓေသား ၁၁၅ ယောက်ရှိပါတယ်

- မိခင်ရဲ့ ဝမ်းတွင်းမှာရှိစဉ်ကိုယ်ဝန်ပျက်ကျတဲ့အခါ ယောင်္ကျားလေး သန္ဓေသားများက ပိုပျက်ကျဖို့လွယ်ပါတယ်။

- မွေးကင်းစကလေးငယ်တွေသေဆုံးမှုမှာ ယောင်္ကျားလေး ၂၅ ရာနှုန်းပိုများပါတယ်။

- ပုခက်တွင်း ကလေး သေဆုံးမှု ၅ ယောက်မှာ ၃ ယောက်က ယောင်္ကျားလေးတွေပါ။

- အမျိုးသားများက အမျိုးသမီးများထက် အကြားအားရုံချို့ယွင်မှု ၂ ဆများပါတယ်။

- အမျိုးသားတွေမှာ ရောဂါပိုးတွေကိုခုခံပေးတဲ့ တီဆဲလ် တွေပိုနည်းပါတယ်။

- ကျားဟော်မုန်းက ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောများပြီး ကောင်းကျိုးပေးတဲ့  HDLနည်းပါးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

- အမျိုးသမီးများဟာ ဆရာဝန်နဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ကာကွယ်ခြင်းများကို လုပ်ဆောင်မှုမှာ အမျိုးသားထက် ၁၀၀ ရာနှုန်းပိုပါတယ်။

- အမျိုးသားများက သူတပါးရဲ့သတ်ဖြတ်ခံရမှုပိုများပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံတွေမျာတော့ ပိုဆိုးပါတယ်။



-အမျိုးသားများက စိတ်ကျရောဂါခံစားရတာပိုများပြီး မိမိကိုယ်မိမိ သေကြောင်းကြံတာလည်း အမျိုးသမီးများထက် များပါတယ်။

- နှလုံးရောဂါ၊ ကင်ဆာ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ လေဖြတ်ခြင်း၊ မိမိကိုယ် သတ်သေခြင်းတို့ကြောင့် သေဆုံးမှုတွေမှာ အမျိုးသားများက ပိုများပါတယ်။

- အမျိုးသားများငဘာဝက အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုများကို ပိုမိုလုပ်လေ့ရှိလို့ ထိခိုက်ဒါဏ်ရာရတာ သေကြပျက်စီးတာပိုများပါတယ်။

- အန္တရာယ်ရှိသော အလုပ်၊ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေ အများစုဟာ အမျိုးသားများဖြစ်ကြပါတယ်။



အထက်ပါအကြောင်းမျိုးစုံတို့ကြောင့် ကမ္ဘာတလွှားမှာ အမျိုးသားများရဲ့ သက်တန်းဟာ အမျိုးသမီးများထက် ၃နှစ်ကနေ ၇ နှစ်အထိပိုပြီးတော့ တိုတာကိုတွေ့နိုင်ပါတယ်။

အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ပုရိသများ ဘာတွေလုပ်ကြသင့်သလဲ

အဲဒီလိုမဖြစ်ရလေအောင် အမျိုးသားများက မိမိတို့ ကျန်းမာရေး  နဲ့ ဆက်စပ်ပြသနာများ အကြောင်းကိုပိုမိုသိရှိသဘောပေါက်လာကြပြီး ပုံမှန် စစ်ဆေး၊ ကာကွယ်, ကုသကြရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားများကျန်းမာရေးကွန်ယက် Men’s Health Network မှ Get it checked ဆိုတဲ့ လက်ကမ်းစာဆောင်မှ အမျိုးသားများ ပုံမှန်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးချက်များကို ကို မြန်မာမှု ပြုထားပါတယ်။